ထိုလူငယ်က
ကြိုးစားပါ !!
Credit
Unicode
ခွက်ကြီးကြီး နဲ့ ခံယူ ပါ
တစ်ခါတုန်းက ဉာဏ်ပညာ ထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီး တစ်ဦး ရှိပါတယ်။ သူ့ဆီကို တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ၊
ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံး သွားလို့ ~ စိတ်ပျက်အားလျော့ စွာနဲ့ ဝမ်းနည်းပူဆွေးပြီး ၊ဘငိုကြွေးနေတဲ့ လူငယ် တစ်ယောက် ရောက်လာ ပါတယ် !!
ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူဘခိုင်းပြီး ဆားတစ်ဆုပ်ဘကိုလဲ ယူလာခိုင်းပါတယ် ။ ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ၊
ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ် ! ပြီးတော့ ဘယ်လိုဘအရသာမျိုး ရှိသလဲဘလို့ မေးတဲ့အခါ –
ထိုလူငယ်က
“ခါးတူးနေအောင် ငံ ပါတယ်”. လို့ ပြန်ဖြေ ပါတယ် ။
ဒီတော့ ပညာရှိကြီးက အသာပြုံး လိုက်ရင်း ထိုသူကို – ဆားတစ်ဆုပ်ကို ယူလာခဲ့ ပါလို့ ခိုင်းလိုက်ပြီး ၊
သူနဲ့အတူ လမ်းလျှောက်ဖို့ – မြို့ပြင်ဘက်ကို ခေါ်လာခဲ့ ပါတယ် !!
မြို့အပြင်ဘက်ကို လမ်းလျှောက် လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ – ရေကန်ကြီးတစ်ကန်နား ရောက်လာကြ ပါတယ် !!
ဒီအခါမှာ ပညာရှိကြီးက — ထိုလူငယ် လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက် ပါတယ် ပြီးတော့ ထိုလူငယ်ကို ပြော လိုက်တယ် !
“ကဲ အခု ကန်ထဲက ရေကို သောက်ကြည့် ပါဦး” လို့ ခိုင်းလိုက် တဲ့အခါ -ထိုလူငယ် ကလည်း ကန်ထဲ ကရေကို – လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက် ပါတယ် !!
ပညာရှိကြီးက လူငယ် ရေသောက်ပြီး တဲ့အခါ ~အခုရော ကန်ထဲက ရေဟာ ဘယ်လို အရသာ ရှိသလဲ” လို့ မေးလိုက် ပါတယ် !!. ဒီတော့ လူငယ်က ပြန်ဖြေလိုက်တယ် ! “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေ ရဲ့
နဂိုအရသာ အတိုင်းပါဘဲ”လို့ ပြန်ဖြေ ပါတယ် –!!! “စောစော တုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက် သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန် တဲ့အခါ ~ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက် ပါတယ် ! ဒီတော့မှ ပညာရှိကြီးဟာ ~
လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ၊ ပုခုံးကို အသာ အယာ ပုတ်လိုက်ကာ ~ “ ငါတို့ဘဝတွေရဲ့ ထိခိုက် နာကျင်မှု၊ ဆုံးရှုံးခါးသီ းမှုတွေဟာ ဘာနဲ့တူ သလဲ ဆိုရင် – ဆားနဲ့ တူပါတယ် !!
ဘဝမှာ ကြုံလာတဲ့ နာကျင် ဆုံးရှုံးမှုတွေကို – ခံစားရတဲ့ အတိုင်းအတာဟာ ၊ မင်းက ဘယ်လို ခွက်မျိုးနဲ့ ခံယူ မလဲ ဆိုတာနဲ့ဘဲသက်ဆိုင်တယ် !!
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ၊ထိခိုက်ဆုံးရှုံးမှုက သိပ်ကို ကြီးမားတယ် လို့ – မင်းထင်လိမ့်မယ် –!! ရေကန်လို ကျယ်ပြောလှတဲ့ ~ ခွက်ကြီးကြီးနဲ့ ခံယူမယ် ဆိုရင် ၊ အဲဒီဆုံးရှုံးမှု စိတ်ထိ ခိုက်နာကျင် မှုတွေဟာ –
ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ ဘူးပေါ့ !! ဒီတော့ ဘဝမှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီး တာတွေ ကြုံ လာတိုင်း ၊ ခွက်ကြီးကြီးနဲ့ ခံယူ နိုင်အောင် ခံယူ တတ်အောင် –
ကြိုးစားပါ !!
No Comments