
ဘယ္ေလာက္္ပဲခက္ခဲပါေစ အေကာင္းျမင္္စိတ္္ ထားပါ
မည္မၽွပင္ ခက္ခဲပါေစ အေကာင္းျမင္ဝါဒ ဆက္စြဲ ကိုိင္ထားပါ
၁၃၈၂ ခု ျမန္မာႏွစ္သစ္ကူး အခ်ိိန္ဟာ ပထမနဲ႔ ဒုတိယ ကမၻာစစ္ အခ်ိိ်န္က သၾကၤန္ကာလ မ်ိဳးလိုျဖစ္မွာပဲလို႔ စိတ္ထဲမွာ မွန္းဆႏိွိုင္းယွဥ္မိ တယ္။ တခ်ိဳ႕ကမၻာ့ေဒသေတြမွာ စစ္၏ အဟုန္က ျမင့္မား ရွည္လ်ားတယ္။ လူသန္းေပါင္းမ်ားစြာ
ေသေၾကၾကရတယ္။ ထို႔ထက္ပို၍ လူသန္းေပါင္းမ်ားစြာ ဒဏ္ရာရၾက တယ္။ စိတ္ကူးနဲ ႔ေတာင္ မေဖာ္ျပနိုင္တဲ့ အတိဒုကၡေတြ ၾကဳံခဲ့ၾက ရတယ္။ ဂ်ပန္ေခၽြးတပ္္ (ကူလီ) ထဲမွာ သုံးႏွစ္ၾကာ အာဟာရခ်ိဳ႕တဲ့စြာနဲ႔ ပင္ပင္ပန္္းပန္း အလုပ္လုပ္ခဲ့ရတဲ့ စာေရးသူရဲ့
မယ္ေတာ္ဘက္က အဘိုးဟာ ဒုတိိယကမၻာစစ္အၿပီး အိမ္ျပန္ေရာက္လာကာ မၾကာခင္ ေသဆုံးသြားပါတယ္။ စာေရးသူရဲ့ ခမည္းေတာ္ (ဖခင္) ကေတာ့ အသက္ငယ္ရြယ္ေသးလို႔ ေခၽြးတပ္ထဲပါသြားၿပီး ဒုတိယကမၻာစစ္ေနာက္ပိုင္း ျပန္ေရာက္ၿပီး ေနာက္
ထပ္ေလးဆယ့္တ စ္ႏွစ္ ထပ္ေနသြားရ ပါေသးတယ္။ သို႔ေသာ္ အလုပ္ၾကမ္း မလုပ္ နိုင္ေတာ့ပါ။ ဒါက ကိုယ္ႏွင့္နီးစပ္ရာ ကမၻာစစ္၏
ဆိုးက်ိဳးအေတြ႕အၾကဳံ ပါ။ လက္ရွိ ကမၻာတစ္ဝန္းလုံး ေတြ႕ၾကဳံေန ရတဲ့ ကိုဗစ္္ ၁၉ (Covid 19) ဗိုိင္းရပ္စ္ဟာလည္း ကမၻာစစ္အလား လူသန္းေပါင္း ခုႏွွစ္ေထာင့္ေလးရာ စလုံးကိုိ ထိခိုိက္တုန္ လွုပ္ေစ ပါတယ္။ တ႐ုတ္နိုင္ငံ၊ ဝူဟန္ၿမိဳ႕ကေန ခရစ္သကၠရာဇ္ ၏
၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ လယ္ပိုင္းေလာက္က အစျပဳခဲ့တာ ယခု လူဦးေရႏွစ္သန္းနီးပါး ကူးစက္ၿပီး တစ္သိန္းေက်ာ္ အသက္ဆုံးရွုံး ခဲ့ရေလၿပီ။ မျမင္ရတဲ့ ဒီဗိုင္းရပ္စ္ရန္သူဟာ ေရွ႕ဆက္ဘယ္ေလာက္ထိ ေမႊေႏွာက္ဖ်က္ဆီးဦးမယ္ဆိုတာ ဘယ္သူမွ အတိအက် မ
သိနိုင္ေသးဘူး။ လက္ရွိ သိနိုင္တ ာကေတာ့ လူေတြ ခရီးသြား လာမွု၊ ဘဝေနထိုိင္မွုပုံစံႏွင့္ ကမၻာ့စီးပြားေရးတို႔ဟာ ဒီဗိုင္းရပ္စ္ရဲ့ အဓိက ပစ္မွတ္ျဖစ္ေနရၿပီ ဆိုတာ ပါပဲ။ ယုံၾကည္မွု ဘာသာ၊ လူမွုအဆင့္အတန္း၊ ဆင္းရဲ ခ်မ္းသာမေရြး မ်က္ႏွာမလိုက္တဲ့ ဒီ ကိုဗစ္ ၁၉ ဗိုင္း
ရပ္စ္ဟာ ကမၻာစစ္ရဲ့ ဒဏ္ရာ၊ ဒဏ္ခ်က္မ်ားကို ႏွစ္ေပါင္းမ်ားစြာ ျပန္လည္ ကုစား ခဲ့ရသလို နိုင္ငံတိုင္းျပန္လည္နာလန္ထူလာေအာင္ ဆယ္စုႏွစ္မ်ားစြာ တစ္ကမၻာလုံး ဝိုင္းႀကိဳးစားၾကရမယ္ ဆိုတာ ကလည္း အခုကတည္းက ထင္ရွားေန လွပါၿပီ။
ႀကိဳတင္ျပင္ဆင္ခြင့္ မရလိုက္ ဘဲ ဒီလိုဧရာမ အတိဒုကၡနဲ႔ ပက္ပင္း ရင္ဆိုိင္ၾကရတဲ့ နိုင္ငံအသီးသီးကအစိုးရမ်ား၊ ကုမၸဏီမ်ားႏွင့္ မိသားစုမ်ားဟာ နိစၥဓူဝကိစၥလိုျဖစ္လာတဲ့ ဒီကပ္ေရာဂါႀကီးကို ရင္ဆိုင္ေျဖရွင္းရာမွာ စိတ္အႀကီးအက်ယ္ ဖိစီးမွုေၾကာင့္ စကားေျပာ
မွား၊ ဆုံးျဖတ္ခ်က္မွား စတဲ့အမွားမ်ားမွ မေရွာင္လႊဲ နိုင္ပါ။ တစ္ဘက္က အားမလို အားမရျဖစ္လို႔ ေဝဖန္ တာကို အျခားတစ္ဘက္ကလည္း ငါတို႔ ဒီေလာက္ႀကိဳးစားပမ္းစား ရိုးရိုးသားသား လုပ္ေနတာ တန္ဖိုးမထား ရေကာင္းလ ားဆိုၿပီး
အျမင္ေတြ၊ စိတ္ခံစားမွုေတြ တျဖည္းျဖည္းနဲ႔ ကြာေဝးသြားနိုင္ပါတယ္။ ဒါက လူတိုင္း ေမၽွာ္လင့္မထားတဲ့ စိတ္ဖိစီးမွုမ်ားနဲ႔ ရင္ဆိုင္ေန ၾကရလို ႔ပါပဲ။ ဒီလိုိ အခ်ိန္မ်ိဳးမွာ မိိသားစုမ်ား၊ ကုမၸဏီမ်ား၊ အစိုးရႏွင့္ နိုင္ငံတကာအဖြဲ႕အစည္းမ်ားဟာ အဆိုးျမ င္ဝါဒဘက္
ကို အလြယ္တကူ ယိမ္းသြား နိုင္ပါ တယ္။ ဦးေႏွာက္ရဲ့ sympathetic system ကာကြယ္ေရးယႏၲရားျဖစ္တဲ့ amygdala တက္ႂကြ လာရင္ အဆိုးျမင္တတ္၊ အရာရာကို အႏၲရာယ္လို႔ ခ်ဲ႕ျမင္တတ္ၾကတာ ဓမၼတာပါပဲ။
ဒါေပမဲ့ မျမင္ရတဲ့လူသတ္သမား ကိုဗစ္္ ၁၉ ဗိုိင္းရပ္စ္ကို မည္သည့္အစိုးရ မည္သည့္ နိုင္ငံကမွ တစ္ဦးတည္း ေျဖရွင္းနိုင္စြမ္း မရွိပါ ဘူး။ ကိုယ့္နိုင္ငံက ပိုးကူးစက္ခံရတဲ့ လူနာေတြကို အျခားနိုင္ငံရဲ့ ပစၥည္းႏွင့္အကူအညီမပါဘဲ လုံေလာက္ေအာင္ မကုနိုင္ၾက ပါဘူး။
ခုရက္ပိုင္းအတြင္းမွ ာပဲ ျပင္သစ္နိုင္ငံ သမၼတ အီမင္န်ဴ မက္ခြန္ က သူ႔အစိုးရဟာ ဒီဗိုင္းရပ္စ္ကို ကိုင္တြယ္ဖို႔ အဆင္သင့္ျဖစ္ မေနခဲ့ပါ ဘူးလို႔ ေခါင္းေဆာင္ေကာင္း ပီပီသသ ဝန္ခံခဲ့ ပါတယ္။ ကမၻာႀကီးဟာ အခ်င္းခ်င္း မည္မ ၽွဆက္စပ္ေန တယ္၊ မွီခိုိေနတယ္ ဆိုတာ အထူးရွင္းျပ စရာမလိုေတာ့ပါ။
တစ္ခ်ိန္တည္းမွာပဲ ဒီီကပ္ေရာဂါ ျပႆနာႀကီးကို စုေပါင္းႀကိဳးစားမွုနဲ႔ ေျဖရွင္းနိုိင္မယ္၊ ေျဖရွင္းရမယ္လို႔လည္း ေဖာ္ျပေနပါတယ္။
ကပ္ေရာဂါ အမ်ိဳးမ်ိဳးအတြက္ ကာကြယ္ေဆးမ်ား ေအာင္ျမင္စြာ တီထြင္ နိုင္ခဲ့တဲ့ ကမၻာႀကီးဟာ အခုေလာေလာဆယ္မွာလည္း ကာကြယ္ေဆး အတြက္ အပတ္တကုတ္ ႀကိဳးစားၾကလို႔ ေမၽွာ္လင့္ခ်က္ေရာင္ျခည္ေလးမ်ား စတင္ေတြ႕ရွိလာရပါၿပီ။
အခ်ိဳ႕လူနာမ်ား အတြက္ ေနာက္က်နိုင္စရာ ရွိေပမယ့္ ေရရွည္မွာေတာ့ ဒီေတာင္ကို ေက်ာ္လႊားနိုင္မွာပါ။
အေရးႀကီးတာ ကေတာ့ ႏွွစ္သစ္ကူးက ဓမၼတာ အရ ေဆာင္ၾကဥ္းေပးေလ့ ရွိိတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ အေကာင္းျမင္ဝါဒမ်ားကို လက္မလႊတ္ၾက ဖို႔ပါ။ အေကာင္းျမင္ဝါဒ နဲ႔ဆိုရင္ က်န္းမာေရး ပိုင္းဆိုင္ရာ လိုက္နာရမည့္အခ်က္မ်ားကို လိုက္နာရာမွာ စိတ္ထဲ ဝန္
ထုပ္ဝန္ပိုးမျဖစ္ေတာ့ ပါ။ စြန႔္လႊတ္အနစ္နာခံ မွုမ်ား အတြက္လည္း ဂုဏ္ယူ စရာ အေနနဲ႔ ျမင္လာပါလိမ့္မယ္။ ကိုယ္ခ်င္းစာ
သနားၾကင္နာတတ္တဲ့ က႐ုဏာအသိနဲ႔ ဒီျပႆနာကို က်ယ္က်ယ္ျပန႔္ျပန႔္ ၾကည့္ရွုနိုင္ရင္ေတာ့ အေကာင္းျမင္ဝါဒဟာ ျပႆနာ
နဲ႔လူသားမ်ားအတြက္ အမွန္တကယ္ တန္ဖိုးမျဖတ္နိုင္တဲ့ ေလာက ရတနာပါပဲ။ ျမန္မာႏွစ္သစ္ကူးအခ်ိန္မွာ က႐ုဏာႏွလုံးသားျဖင့္ လူတိုိင္း အေကာင္းျမင္ဝါဒ ရွင္သန္လ်က္ မဂၤလာအေပါင္း အသီးသီးခေညာင္း
နိင္ၾကပါေစ။ လူမ်ားစြာ၏ဒုကၡကို ေလ်ာ့နည္းေစနိုင္စြမ္းေသာ ပါရမီရွင္မ်ား ျဖစ္ၾကပါေစ။
ေအာက္စဖို႔ိဒ္ဆရာေတာ္
ယူနီကုတ္
ဘယ်လောက်ပဲခက်ခဲပါစေ အကောင်းမြင်စိတ် ထားပါ
မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲ ကိုင်ထားပါ
၁၃၈၂ ခု မြန်မာနှစ်သစ်ကူး အချိန်ဟာ ပထမနဲ့ ဒုတိယ ကမ္ဘာစစ် အချျိန်က သင်္ကြန်ကာလ မျိုးလိုဖြစ်မှာပဲလို့ စိတ်ထဲမှာ မှန်းဆနှိုင်းယှဉ်မိ တယ်။ တချို့ကမ္ဘာ့ဒေသတွေမှာ စစ်၏ အဟုန်က မြင့်မား ရှည်လျားတယ်။ လူသန်းပေါင်းများစွာ
သေကြေကြရတယ်။ ထို့ထက်ပို၍ လူသန်းပေါင်းများစွာ ဒဏ်ရာရကြ တယ်။ စိတ်ကူးနဲ့တောင် မဖော်ပြနိုင်တဲ့ အတိဒုက္ခတွေ ကြုံခဲ့ကြ ရတယ်။ ဂျပန်ချွေးတပ် (ကူလီ) ထဲမှာ သုံးနှစ်ကြာ အာဟာရချို့တဲ့စွာနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့ စာရေးသူရဲ့
မယ်တော်ဘက်က အဘိုးဟာ ဒုတိယကမ္ဘာစစ်အပြီး အိမ်ပြန်ရောက်လာကာ မကြာခင် သေဆုံးသွားပါတယ်။ စာရေးသူရဲ့ ခမည်းတော် (ဖခင်) ကတော့ အသက်ငယ်ရွယ်သေးလို့ ချွေးတပ်ထဲပါသွားပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြန်ရောက်ပြီး နောက်
ထပ်လေးဆယ့်တ စ်နှစ် ထပ်နေသွားရ ပါသေးတယ်။ သို့သော် အလုပ်ကြမ်း မလုပ် နိုင်တော့ပါ။ ဒါက ကိုယ်နှင့်နီးစပ်ရာ ကမ္ဘာစစ်၏
ဆိုးကျိုးအတွေ့အကြုံ ပါ။ လက်ရှိ ကမ္ဘာတစ်ဝန်းလုံး တွေ့ကြုံနေ ရတဲ့ ကိုဗစ် ၁၉ (Covid 19) ဗိုင်းရပ်စ်ဟာလည်း ကမ္ဘာစစ်အလား လူသန်းပေါင်း ခုနှစ်ထောင့်လေးရာ စလုံးကို ထိခိုက်တုန် လှုပ်စေ ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ခရစ်သက္ကရာဇ် ၏
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ လယ်ပိုင်းလောက်က အစပြုခဲ့တာ ယခု လူဦးရေနှစ်သန်းနီးပါး ကူးစက်ပြီး တစ်သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရလေပြီ။ မမြင်ရတဲ့ ဒီဗိုင်းရပ်စ်ရန်သူဟာ ရှေ့ဆက်ဘယ်လောက်ထိ မွှေနှောက်ဖျက်ဆီးဦးမယ်ဆိုတာ ဘယ်သူမှ အတိအကျ မ
သိနိုင်သေးဘူး။ လက်ရှိ သိနိုင်တ ာကတော့ လူတွေ ခရီးသွား လာမှု၊ ဘဝနေထိုင်မှုပုံစံနှင့် ကမ္ဘာ့စီးပွားရေးတို့ဟာ ဒီဗိုင်းရပ်စ်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေရပြီ ဆိုတာ ပါပဲ။ ယုံကြည်မှု ဘာသာ၊ လူမှုအဆင့်အတန်း၊ ဆင်းရဲ ချမ်းသာမရွေး မျက်နှာမလိုက်တဲ့ ဒီ ကိုဗစ် ၁၉ ဗိုင်း
ရပ်စ်ဟာ ကမ္ဘာစစ်ရဲ့ ဒဏ်ရာ၊ ဒဏ်ချက်များကို နှစ်ပေါင်းများစွာ ပြန်လည် ကုစား ခဲ့ရသလို နိုင်ငံတိုင်းပြန်လည်နာလန်ထူလာအောင် ဆယ်စုနှစ်များစွာ တစ်ကမ္ဘာလုံး ဝိုင်းကြိုးစားကြရမယ် ဆိုတာ ကလည်း အခုကတည်းက ထင်ရှားနေ လှပါပြီ။
ကြိုတင်ပြင်ဆင်ခွင့် မရလိုက် ဘဲ ဒီလိုဧရာမ အတိဒုက္ခနဲ့ ပက်ပင်း ရင်ဆိုင်ကြရတဲ့ နိုင်ငံအသီးသီးကအစိုးရများ၊ ကုမ္ပဏီများနှင့် မိသားစုများဟာ နိစ္စဓူဝကိစ္စလိုဖြစ်လာတဲ့ ဒီကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းရာမှာ စိတ်အကြီးအကျယ် ဖိစီးမှုကြောင့် စကားပြော
မှား၊ ဆုံးဖြတ်ချက်မှား စတဲ့အမှားများမှ မရှောင်လွှဲ နိုင်ပါ။ တစ်ဘက်က အားမလို အားမရဖြစ်လို့ ဝေဖန် တာကို အခြားတစ်ဘက်ကလည်း ငါတို့ ဒီလောက်ကြိုးစားပမ်းစား ရိုးရိုးသားသား လုပ်နေတာ တန်ဖိုးမထား ရကောင်းလ ားဆိုပြီး
အမြင်တွေ၊ စိတ်ခံစားမှုတွေ တဖြည်းဖြည်းနဲ့ ကွာဝေးသွားနိုင်ပါတယ်။ ဒါက လူတိုင်း မျှော်လင့်မထားတဲ့ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်နေ ကြရလို့ပါပဲ။ ဒီလို အချိန်မျိုးမှာ မိသားစုများ၊ ကုမ္ပဏီများ၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများဟာ အဆိုးမြ င်ဝါဒဘက်
ကို အလွယ်တကူ ယိမ်းသွား နိုင်ပါ တယ်။ ဦးနှောက်ရဲ့ sympathetic system ကာကွယ်ရေးယန္တရားဖြစ်တဲ့ amygdala တက်ကြွ လာရင် အဆိုးမြင်တတ်၊ အရာရာကို အန္တရာယ်လို့ ချဲ့မြင်တတ်ကြတာ ဓမ္မတာပါပဲ။
ဒါပေမဲ့ မမြင်ရတဲ့လူသတ်သမား ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို မည်သည့်အစိုးရ မည်သည့် နိုင်ငံကမှ တစ်ဦးတည်း ဖြေရှင်းနိုင်စွမ်း မရှိပါ ဘူး။ ကိုယ့်နိုင်ငံက ပိုးကူးစက်ခံရတဲ့ လူနာတွေကို အခြားနိုင်ငံရဲ့ ပစ္စည်းနှင့်အကူအညီမပါဘဲ လုံလောက်အောင် မကုနိုင်ကြ ပါဘူး။
ခုရက်ပိုင်းအတွင်းမှ ာပဲ ပြင်သစ်နိုင်ငံ သမ္မတ အီမင်နျူ မက်ခွန် က သူ့အစိုးရဟာ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ် မနေခဲ့ပါ ဘူးလို့ ခေါင်းဆောင်ကောင်း ပီပီသသ ဝန်ခံခဲ့ ပါတယ်။ ကမ္ဘာကြီးဟာ အချင်းချင်း မည်မ ျှဆက်စပ်နေ တယ်၊ မှီခိုနေတယ် ဆိုတာ အထူးရှင်းပြ စရာမလိုတော့ပါ။
တစ်ချိန်တည်းမှာပဲ ဒီကပ်ရောဂါ ပြဿနာကြီးကို စုပေါင်းကြိုးစားမှုနဲ့ ဖြေရှင်းနိုင်မယ်၊ ဖြေရှင်းရမယ်လို့လည်း ဖော်ပြနေပါတယ်။
ကပ်ရောဂါ အမျိုးမျိုးအတွက် ကာကွယ်ဆေးများ အောင်မြင်စွာ တီထွင် နိုင်ခဲ့တဲ့ ကမ္ဘာကြီးဟာ အခုလောလောဆယ်မှာလည်း ကာကွယ်ဆေး အတွက် အပတ်တကုတ် ကြိုးစားကြလို့ မျှော်လင့်ချက်ရောင်ခြည်လေးများ စတင်တွေ့ရှိလာရပါပြီ။
အချို့လူနာများ အတွက် နောက်ကျနိုင်စရာ ရှိပေမယ့် ရေရှည်မှာတော့ ဒီတောင်ကို ကျော်လွှားနိုင်မှာပါ။
အရေးကြီးတာ ကတော့ နှစ်သစ်ကူးက ဓမ္မတာ အရ ဆောင်ကြဉ်းပေးလေ့ ရှိတဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင်ဝါဒများကို လက်မလွှတ်ကြ ဖို့ပါ။ အကောင်းမြင်ဝါဒ နဲ့ဆိုရင် ကျန်းမာရေး ပိုင်းဆိုင်ရာ လိုက်နာရမည့်အချက်များကို လိုက်နာရာမှာ စိတ်ထဲ ဝန်
ထုပ်ဝန်ပိုးမဖြစ်တော့ ပါ။ စွန့်လွှတ်အနစ်နာခံ မှုများ အတွက်လည်း ဂုဏ်ယူ စရာ အနေနဲ့ မြင်လာပါလိမ့်မယ်။ ကိုယ်ချင်းစာ
သနားကြင်နာတတ်တဲ့ ကရုဏာအသိနဲ့ ဒီပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင်ရင်တော့ အကောင်းမြင်ဝါဒဟာ ပြဿနာ
နဲ့လူသားများအတွက် အမှန်တကယ် တန်ဖိုးမဖြတ်နိုင်တဲ့ လောက ရတနာပါပဲ။ မြန်မာနှစ်သစ်ကူးအချိန်မှာ ကရုဏာနှလုံးသားဖြင့် လူတိုင်း အကောင်းမြင်ဝါဒ ရှင်သန်လျက် မင်္ဂလာအပေါင်း အသီးသီးခညောင်း
နိင်ကြပါစေ။ လူများစွာ၏ဒုက္ခကို လျော့နည်းစေနိုင်စွမ်းသော ပါရမီရှင်များ ဖြစ်ကြပါစေ။
အောက်စဖို့ိဒ်ဆရာတော်
No Comments