
သင္ဟာ သင့္ ဘဝ တက္လမ္း အတြက္ ႀကိဳးစားေနသူဆိုရင္ ဒီပို႔စ္ကိုဖတ္ျကည့္လိုက္ပါ
“ဘဝအတြက္ ႀကိဳးစားေနခ်ိန္ ဒါေတြ ေရွာင္ပါ”မပ်င္း နဲ႔ပ်င္းရိေနရင္ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ တစ္ခုကို ေတာ္ေတာ္နဲ႔ မေရာက္ဘူး။ ေျပာတုန္းကေတာ့ စီမံကိန္း ခ်တုန္း ကေတာ့ မိုးလား ကဲလားနဲ႔ တကယ္လည္း လုပ္မယ္ က်ေတာ့ ေနပူတယ္၊ မိုး႐ြာတယ္၊ ဇာတ္ေက်ာ တတ္တယ္၊ ေခါင္းကိုက္တယ္၊ဖ်ားတယ္နဲ႔ဆို ေတာ္ေတာ္နဲ႔ ခရီး မေရာက္ေတာ့ ဘူးေလ။
ဒီေတာ့ မပ်င္းဖို႔လို ပါတယ္။
မေတြေဝနဲ႔
ေလာကီ လူသား ေပးပဲ။ တစ္ခါခါ ႀကိဳးစားေနရင္းနဲ႔ စိတ္ဓာတ္က်တဲ့ အခါ ႀကဳံတတ္မယ္။ ငါဘာလုပ္ေနတာ ပါလိမ့္။ ဒါကို လုပ္လိုက္ေတာ့ေကာ ငါ့အတြက္ ဘာထူးလာ မွာလဲ။ အဲ့ထက္ ဆိုးတာက တစ္ခုခုကို ရည္႐ြယ္ၿပီး လုပ္ေနရင္း တန္းလန္း ရည္႐ြယ္ခ်က္ ေပ်ာက္သြား တာမ်ိဳးေပါ့။
အဲဒါ ေတြေဝတာ။ ႀကိဳးစားေနသူ တစ္ေယာက္က မေတြေဝ ဘူး။ ခဏေလး ပ်င္းလို႔ ဟိုေတြးဒီေတြး လုပ္လိုက္တာ နဲ႔ ေတြေဝ သြားတတ္ ပါတယ္။
ဒီေတာ့ ေတြေဝ ရင္ ဘဝ ခရီးေႏွာင္ေႏွးပါတယ္။
မစိုးရိမ္နဲ႔
ျဖစ္ေတာင္ မလာေသးဘူး။ ငါလုပ္ေကာ လုပ္ႏိုင္ပါ့ မလား။ ငါ့အတြက္ လုံေလာက္တဲ့ Resource ေတြ ရွိေကာ ရွိရဲ႕ လား။
လုပ္လိုက္တာေတာ့ ဟုတ္ပါၿပီ။ ရလဒ္က ေသခ်ာပါ့ မလား အစရွိ သျဖင့္ စိုးရိမ္စိတ္ ဝင္တတ္ ၾကပါတယ္။ ဒါေတြက မလုပ္ခင္ မေလွ်ာက္ခင္ ကတည္းက Plan ခ် ထားရမွာေလ။
အဲဒါေတြ မခ်ထား ရင္ေတာ့ စိုးရိမ္စိတ္ က အၿမဲလိုလို ဝင္ေနမွာပဲ။
အားမငယ္နဲ႔
ငါ့ေဘာ္ဒါ ေတြမ်ား၊ သူတို႔ေတြမ်ား ဘာေတြျဖစ္ကုန္ၿပီ၊ ညာေတြျဖစ္ ကုန္ၿပီ၊ ငါ့က်ေတာ့ ဘာမွ ျဖစ္မလာေသးပါလား အစရွိသျဖင့္ အားငယ္စိတ္က ေတာ္ေတာ္မ်ားမ်ား ဝင္တတ္ၾက ပါတယ္။
အဲ့လို ဝင္စရာ မလိုပါဘူး ကြယ္။ သူတို႔လည္း ထမင္း စား၊ တို႔လည္း ထမင္းစားေပမယ့္ ဘဝေပး ကုသိုလ္၊ ကံၾကမၼာေၾကာင့္ သူတို႔ျမန္ျမန္ ျဖစ္သြားၾက တာပဲ။
(ဘာျဖစ္တာလဲေတာ့ မသိဘူး) ကိုယ္က ဘဝရဲ႕အဓိပါၸယ္ ကို သူတို႔ ေစာေစာ စီးစီး ရွာမွီးခြင့္ ရတယ္လို႔ သေဘာ ထားလိုက္။ ဘာႀကီးျဖစ္မွ၊ ညာႀကီးျဖစ္မွ ေအာင္ျမင္ တယ္လို႔ မေခၚဘူး။
ကိုယ္က်င္လည္ေန ရတဲ့ အေျခအေနထဲ မွာစိတ္အေက်နပ္ဆုံး အေကာင္းဆုံး ဖန္တီးလိုက္ႏိုင္ျခင္းကလည္း ေအာင္ျမင္ျခင္း တစ္မ်ိဳးပဲ။ ၿပီးေတာ့မွ ေနာက္တစ္ဆင့္ တက္ေပါ့။
ဒီေတာ့ ေတြးၿပီး အားငယ္ေနမယ့္ အစား သူတို႔ထက္ ပိုၿပီး ႀကိဳးစားဖို႔ အားရွိေနလိ့ု ေနာက္က် တယ္ဆိုတဲ့ ခံယူခ်က္ ထားရပါမယ္။ လုံးဝ အားမငယ္ ပါနဲ႔။
အခ်စ္ဆိပ္ မတက္နဲ႔
ထူးဆန္းတယ္ဟုတ္။ မထူးဆန္းပါဘူး။ ပတ္ဝန္းက်င္မွာ ေတြ႕ေနရလို႔ပါ။ လူေတြက ႀကိဳးစားေနရင္းနဲ႔ အရမ္း Romantic ဆန္သြားရင္ ေရာင့္ရဲ သြားတတ္ၾက ပါတယ္။
ေတာ္ၿပီေလ။ တူႏွစ္ကိုယ္ တဲအိုပ်က္မွာ ေနရတာမ်ိဳးမဟုတ္ေတာင္ တိုက္ခန္းေလး တစ္လုံး နဲ႔ ေနရရင္ၿပီးပါၿပီဆိုတာမ်ိဳးနဲ႔ ဘဝ ရည္မွန္းခ်က္ ေတြကို အတိုက္စားခံ လိုက္ၾက တယ္။
စိတ္ညစ္ေနတုန္း အားေပးေဖာ္ေလးရွိ၊ ပင္ပန္းေနတုန္း ေရတိုက္မယ့္သူရွိ တာက ေကာင္းေပမယ့္ ဘယ္သြားသြား ေျခေတာက္မွာ တြဲပါေနမယ့္ ေက်ာက္ခဲတုံးႀကီးျဖစ္ေန ရင္ေတာ့ လုံးဝ မေကာင္းဘူး။
စိတ္ႏွလုံး ယာယီေပ်ာ္႐ႊင္မႈ အတြက္ အတၱစိတ္ နည္းဖို႔ အတြက္ ေပးဆပ္ တယ္ ဆိုတဲ့ အခ်စ္မ်ိဳးက လိုအပ္တာေတာ့ ဟုတ္ပါ တယ္။
သို႔ေပမယ့္ အလုပ္လုပ္ေနလည္း ဖုန္းေတြဆက္၊ ညအိပ္လည္းဆက္၊ မအိပ္လည္းဆက္၊ တစ္ပတ္မွာ ၇ ရက္ေတြ႕၊ ေတြ႕ေတာ့ ၂၄ နာရီ၊ ၈ နာရီက အျပင္မွာ ၈ နာရီက အြန္လိုင္းမွာ အိပ္ခ်ိန္ေတာင္
ညက အိပ္မက္ဆိုး မက္လို႔ ကိုကို႔ကို သတိရလု႔ိပါ ဘာညာနဲ႔ မိမိရဲ႕ တိုးတက္ခ်င္တဲ့ စိတ္ကေလးေတြ ေရာင့္ရဲ သြားၾကမွာ အမွန္ပါပဲ။
ဒီေတာ့ ခ်စ္ေတာ့ ခ်စ္ႏိုင္ ပါတယ္။ သို႔ေပမယ့္ Target တစ္ခုထားၿပီး ႀကိဳးစားေနစဥ္ ကာလမွာ အဆိပ္ေတာ့ မတတ္ပါနဲ႔။ ေျဖေဆး မရွိ ပါဘူး။
ႀကိဳးစားေနတဲ့ လူငယ္ေတြ အတြက္ က်ရွံးေစ မယ့္ အေၾကာင္းျပခ်က္ တစ္ခု ျဖစ္ပါ တယ္ ။
အေပ်ာ္မမက္နဲ႔
စိတ္ထြက္ေပါက္၊ စိတ္ထြက္ေပါက္ ဆိုၿပီး ေဘာ္ဒါေတြနဲ႔ ေသာက္လိုက္မယ္။ စားလိုက္မယ္။ ကဲလိုက္မယ္။ လုပ္ေတာ့ လုပ္ေပါ့။
ဒါကိုလည္း Limit ေလးေတာ့ ထားေလ။ ကိုယ္လက္ရွိ လုပ္ေနတဲ့ လုပ္ငန္းေဆာင္တာေတြ ကို ပ်က္ျပားေလာက္ေအာင္ အေပ်ာ္ေတြ အရမ္းမ်ားေန ရင္လည္း မေကာင္းဘူး။
ၿပီးေတာ့မွ ငါ့ကို အရက္ဝိုင္းတိုက္ ေကာင္ေတြ သူတို႔က်ေတာ့ Project ၿပီးသြားပါလားဟ ဆိုၿပီး ေနာင္တေတြ ရေန လိမ့္မယ္ ။
အခ်ိဳ႕က ကိုယ့္ ေအာင္ျမင္မႈ အတြက္ တစ္ဖက္သားကို လမ္းလြဲေအာင္ လုပ္ဖို႔ ဝန္မေလးဘူး။ ဒီေတာ့ ကိုယ့္ကိုအခ်ိဳသတ္ၿပီး ဆီစမ္း ပဲဆီနံေလး ေမြးလိုက္တာလို႔ ေရ႐ြတ္ေနရင္း ဘဝပ်က္သြားပါမယ္။
အခ်ိဳ႕က်ေတာ့လည္း ဘယ္သူမွ မဖ်က္ပဲ ကိုယ္တိုင္ ဝါသနာနဲ႔ကို ေပ်ာ္တတ္တာလည္း ရွိတယ္ေလ။ Limit ေလးနဲ႔ေတာ့ ကဲၾကေပါ့။ အိေျႏၵရရေလး ေပ်ာ္ႏိုင္ပါတယ္။
ဒါနဲ႔ ထပ္ေလာင္းေျပာခ်င္တာက ႀကိဳးစားေနတဲ့ ဘဝရဲ႕ အရသာဆိုတာဟာလည္း ပန္းတိုင္ေရာက္မွခူးဆြတ္ရမွာ မဟုတ္ပါဘူးေနာ္။
အသီးမသီးေသးေပမယ့္ အ႐ြက္ေတြ ခူးၿပီး ဟင္းစားလုပ္ႏိုင္ပါေသးတယ္။ တစ္ခါတစ္ေလက် ႀကိဳးစားေနရင္းနဲ႔ အခ်ိဳ႕က Quality of Life ကိုေမ့သြားၾကတယ္ေလ။
ဒီေတာ့ ေအာင္ျမင္မႈအတြက္ ပန္းတိုင္ကို ထားရွိေပမယ့္ ေပ်ာ္႐ႊင္မႈ အတြက္ကေတာ့ စကၠန႔္တိုင္းဟာ ပန္းတိုင္ပါပဲ။
အားလုံး ႀကိဳးစားရက်ိဳးႏွပ္တဲ့ ပန္းတိုင္ တစ္ခုသို႔ ေရာက္ရွိႏိုင္ၾကပါေစ။
Credit အာင္ခမ္း (႐ိုးရာေလး)
Unicode
သင်ဟာ သင့် ဘဝ တက်လမ်း အတွက် ကြိုးစားနေသူဆိုရင် ဒီပို့စ်ကိုဖတ်ကြည့်လိုက်ပါ
“ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ”မပျင်း နဲ့ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင် တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလား ကဲလားနဲ့ တကယ်လည်း လုပ်မယ် ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျော တတ်တယ်၊ ခေါင်းကိုက်တယ်၊ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ ဘူးလေ။
ဒီတော့ မပျင်းဖို့လို ပါတယ်။
မတွေဝေနဲ့
လောကီ လူသား ပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့ အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာ မှာလဲ။ အဲ့ထက် ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်း တန်းလန်း ရည်ရွယ်ချက် ပျောက်သွား တာမျိုးပေါ့။
အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေ ဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာ နဲ့ တွေဝေ သွားတတ် ပါတယ်။
ဒီတော့ တွေဝေ ရင် ဘဝ ခရီးနှောင်နှေးပါတယ်။
မစိုးရိမ်နဲ့
ဖြစ်တောင် မလာသေးဘူး။ ငါလုပ်ကော လုပ်နိုင်ပါ့ မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့ လား။
လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့ မလား အစရှိ သဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင် ကတည်းက Plan ချ ထားရမှာလေ။
အဲဒါတွေ မချထား ရင်တော့ စိုးရိမ်စိတ် က အမြဲလိုလို ဝင်နေမှာပဲ။
အားမငယ်နဲ့
ငါ့ဘော်ဒါ တွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ် ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြ ပါတယ်။
အဲ့လို ဝင်စရာ မလိုပါဘူး ကွယ်။ သူတို့လည်း ထမင်း စား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြ တာပဲ။
(ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့အဓိပါ္ပယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင် တယ်လို့ မခေါ်ဘူး။
ကိုယ်ကျင်လည်နေ ရတဲ့ အခြေအနေထဲ မှာစိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့် တက်ပေါ့။
ဒီတော့ တွေးပြီး အားငယ်နေမယ့် အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလိ့ု နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ် ပါနဲ့။
အချစ်ဆိပ် မတက်နဲ့
ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲ သွားတတ်ကြ ပါတယ်။
တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေး တစ်လုံး နဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝ ရည်မှန်းချက် တွေကို အတိုက်စားခံ လိုက်ကြ တယ်။
စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေ ရင်တော့ လုံးဝ မကောင်းဘူး။
စိတ်နှလုံး ယာယီပျော်ရွှင်မှု အတွက် အတ္တစိတ် နည်းဖို့ အတွက် ပေးဆပ် တယ် ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါ တယ်။
သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းဆက်၊ မအိပ်လည်းဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင်
ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလု့ိပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။
ဒီတော့ ချစ်တော့ ချစ်နိုင် ပါတယ်။ သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေး မရှိ ပါဘူး။
ကြိုးစားနေတဲ့ လူငယ်တွေ အတွက် ကျရှံးစေ မယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါ တယ် ။
အပျော်မမက်နဲ့
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက် ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။
ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေ ရင်လည်း မကောင်းဘူး။
ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေ လိမ့်မယ် ။
အချို့က ကိုယ့် အောင်မြင်မှု အတွက် တစ်ဖက်သားကို လမ်းလွဲအောင် လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။
အချို့ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိန္ဒြေရရလေး ပျော်နိုင်ပါတယ်။
ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့ အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။
အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့က Quality of Life ကိုမေ့သွားကြတယ်လေ။
ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှု အတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။
အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင် တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။
Credit အာင်ခမ်း (ရိုးရာလေး)
No Comments