
(၁) စကားပြောတတ်တယ်
(၂) ဝေါဟာရ ကြွယ်ဝတယ်
(၅) ကမ္ဘာအသစ်တစ်ခု
(၆) အတွေးအမြင်အသစ်
Written by Kham
Unicode
စာမဖတ်ပဲနဲ့ ဘယ်လိုမှ မရနိုင်မယ့် ဗဟုသုတ အတွေ့အကြုံများ
လောကရဲ့ လေ့လာသင်ယူ ရခြင်းတွေမှာ လက်တွေ့ကနေ သင်ယူ ရတာတွေ ရှိသလို စာတွေ ကနေ ဖတ်ပြီး သင်ယူ ရတာတွေ လည်း ရှိလို့ နေ ပါတယ်။ စာဖတ်ခြင်း ကနေ အကျိုးကျေးဇူးတွေ များစွာ ရရှိနိုင်ကြောင်း ကိုလည်း မကြာခဏ ပြောဆို ကြလေ့ ရှိပါတယ်။
စာဖတ်မယ် ဆိုရင်တော့ လက်တွေ့မှာ အသုံးဝ င်စေတဲ့ ကောင်းတဲ့ အချက်တွေ ကိုလည်း ရလာနိုင်မှာ ဖြစ်ပြီး စာမဖတ်ရင်တော့ ရလာဖို့က အချိန်ကြာ နိုင်ပါ တယ်။
(၁) စကားပြောတတ်တယ်
စာဖတ်တဲ့ အခါ စာရေးဆရာတွေရဲ့ ဘာသာစကား ကျွမ်းကျင်မှု စကားလုံး သုံးနှုန်းမှု စတာတွေကို တွေ့မြင်လေ့လာ နိုင်ပါ တယ်။
ဇာတ်လမ်းတွေ ထဲမှာ ပါဝင်တဲ့ ဇာတ်ရုပ်တွေရဲ့ သုံးနှုန်းပြော ဆိုမှုတွေက လက်တွေ့ ဘဝမှာ စကားပြော တာကို ချောမွေ့ လာနိုင်စေ ပါတယ်။ ဖတ်ပါများလာတဲ့အခါ စကားပြောဆိုမှုလည်း ချောမောသွားတတ်ပါသေးတယ်။
(၂) ဝေါဟာရ ကြွယ်ဝတယ်
စာအုပ်စာပေတွေ ထဲမှာ စကားလုံး အသစ်တွေ ထွင်ထားတွေ လည်း တွေ့ရ မယ်။ ဘယ်လို အသုံးအနှုန်းကတော့ မှားတယ် ဆိုတာ ဘယ်ဟာတွေ ကိုတော့ ဘယ်လို သုံးနှုန်းပြောဆို ရတယ် ဆိုတာမျိုးတွေကို သိနိုင် ပါတယ်။
ဒါကြောင့် စာဖတ်ခြင်း တစ်ခုတည်းကပဲ ဝေါဟာရတွေကို လေ့လာနိုင်မှာ ဖြစ်ပါ တယ်။ စာများများဖတ်မယ်ဆိုရင် စကားလုံး ဝေါဟာရတွေ ပိုကြွယ်လာလို့ ပိုအသုံးဝင် လာမှာကို တွေ့ရနိုင်ပါတယ်။
(၃) လောကမှာ ရှိတတ်တဲ့သူတွေ အကြောင်း သိမယ်
ဘဝကပေးတဲ့ သင်ခန်းစာဆိုတာ ကိုယ်တိုင်ကြုံမှ သိရတာမျိုးပါ။ ရသစာပေတွေကို ဖတ်မယ်ဆိုရင်တော့ ဘဝအမောမျိုးစုံနဲ့ လူအမျိုးမျိုး စိတ်အမျိုးမျိုးတွေ ကိုပါ နီးနီးကပ်ကပ် မြင်ဖူးမှာပါ။
ဘဝမှာ ကိုယ်တိုင်ကြုံမှ ရင်ဆိုင် ခံစားရမှာ ထက်စာရင်တော့ စာအုပ်စာပေတွေ ကနေတဆင့် လေ့လာထားပြီး ဆင်ခြင်သင့်တာတွေကို ဆင်ခြင် နိုင်တာတော့ ပို အကျိုးဖြစ်စေ ပါတယ်။
(၄) အခြေအနေတစ်ခုရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုး
စာအုပ်စာပေတွေနဲ့ နီးစပ်မယ် ဆိုရင် ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေ လည်း မြင့်တက် လာပါတယ်။ စဉ်းစားဆင်ခြင်နိုင် စွမ်းတွေ လည်း တိုးတက် လာနိုင် ပါတယ်။
စာအုပ်ထဲက အကြောင်းအရာတွေကို လေ့လာမှတ် သားရင်း ဘယ်လို အခြေအနေ ကြုံရင် ဘယ်လောက်ထိ ဆိုးကျိုး သက်ရောက်နိုင်ကြောင်းနဲ့ ဘယ်လို ဖြေရှင်းနိုင်ကြောင်း စတာတွေကို မှတ်သားထားနိုင်ပါတယ်။
(၅) ကမ္ဘာအသစ်တစ်ခု
စာအုပ်ဖတ်ခြင်းက ကမ္ဘာသစ် တစ်ခုကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို လိုက်တွေးနေရင်းနဲ့ ကမ္ဘာအသစ်ကို ဖြတ်သန်းရ ပါတယ်။ မြင်ကွင်းအသစ် အဖြစ်အပျက်အသစ်တွေ နောက်ကို လိုက်ရင်း ကိုယ်ပါ ဇာတ်လမ်းထဲ မျောရင်း ကမ္ဘာအသစ်ထဲကို ရောက်ရှိသွားမှာပါ။
(၆) အတွေးအမြင်အသစ်
စာအုပ်ဖတ်တဲ့သူက အတွေးအခေါ်တွေ ဆန်းသစ်တယ်။ စကား အသုံးအနှုန်းတွေ ဆန်းသစ်တယ်။ ဒီလိုပါပဲ စာအုပ်ဖတ်တဲ့အခါ ဦးနှောက်ကလည်း တွေးရတယ် အလုပ်လုပ် ရတယ်။
ဒါကြောင့် အတွေးအမြင် အသစ်တွေလည်း ရလာစေ ပါတယ်။ စာဖတ်နေရင်းနဲ့ ရရှိလ ာတတ်တဲ့ စိတ်ကူးစိတ်သန်း အသစ်တွေက ထူးခြားပြီး ဆန်းသစ်နေ တာမျိုးလည်း ရှိနေပ ါသေးတယ်။
Written by Kham
No Comments