(၃) ဝက်ခြံတွေထွက်လာတယ်
ခရက်ဒစ်
ယူနီကုတ်
စိတ်ဖိစီးမှုများလွန်းနေကြောင်း ခန္ဓာကိုယ်ကဖော်ပြနေတဲ့ လက္ခဏာ (၃) ခု
လူတိုင်းမှာ ကိုယ့်ဘဝနဲ့ ကိုယ် တာဝန်ကိုယ်စီ၊ ဝတ္တရား ကိုယ်စီ ထမ်းဆောင်ရင်း စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေ ဆိုတာ ရှိပါတယ်။ တစ်ခါတလေ ကျတော့ ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက် အားတော့တဲ အထိကို အလုပ်တွေ၊ စိတ်ဖိစီးမှုတွေဟာ များနေတတ် ပါတယ်။
ခုဖော်ပြပေးမှာ ကတော့ စိတ်ဖိစီးမှုများ လွန်းတာကြောင့် ခန္ဓာကိုယ်လည်း အတော်ပင်ပန်းနေပြီး အနားယူဖို့ လိုအပ်နေတဲ့ လက္ခဏာတွေ ပဲဖြစ် ပါတယ်။ ဒီ (၃)ချက်ကို ကြုံတွေ့နေတယ် ဆိုရင်တော့ လုံးဝကို မပေါ့ဆ သင့်တော့ပဲ အနားယူဖို့၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူဖို လိုအပ် ပါတယ်နော်
(၁) အမြဲလိုလိုပင်ပန်းနွမ်းနယ်နေတယ်
သင်ဟာ အမြဲတမ်း ပင်ပန်းပြီး နုံးချိနေသလို ခံစား ရမှာဖြစ်ပြီး အထူးသဖြင့် ညနေပိုင်းတွေမှာ ပိုလို့တောင် ပင်ပန်းနေမှာဖြစ် ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ စားသောက်မှု ပုံစံကို ပြန်လည် ဆန်းစစ် သင့်နေပါပြီ။
သင့်ကို အမြန်ဆုံး အားဖြည့်ပေးနိုင်မယ့် ဆန်၊ ပဲနီနဲ့ အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။ သွားရည်စာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို လျှော့ပြီး စားသုံးသင့် ပါတယ်။
(၂) မကြာခဏ ခြေထောက်ကြွက်တက်ခြင်း
တကယ်လို့သင့်ခြေထောက်ဟာ မကြာခဏ ကြွက်တက်လေ့ ရှိတယ် ဆိုရင်တော့ ဒါဟာ ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် ချို့တဲ့ တာကြောင့် ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ဟင်းနုနွ်ယ်ရွက်၊ ပဲကတ္တီပါနဲ့ အစိမ်းရောင် အသီးအရွက်တွေကို နေ့စဉ်စားသုံးပေးဖို့လိုအပ် ပါတယ်။
(၃) ဝက်ခြံတွေထွက်လာတယ်
တကယ်လို့သင်ဟာ ဝက်ခြံထွက်လေ့ရှိတဲ့ သူမျိုး မဟုတ်ပဲ ဝက်ခြံတွေ ထွက်လာပြီ၊ အဖုတွေထွက်လာပြီ ဆိုရင်တော့ သင့်ရဲ့ စိတ်ဖိစီးမှုတွေ များပြားလွန်းလို့ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ဝက်ခြံတွေ အကြောင်းမရှိထွက်လာနေပြီဆိုရင်တော့ စိတ်ဖိစီးမှုတွေ ကိုလျှော့ပြီး အိပ်ရေးဝဝ အိပ်သင့် ပါတယ်။
No Comments