ဘယ္လိုအရာေတြကမ်ား လူတစ္ေယာက္ကို မတိုးတက္တဲ့သူ တစ္ေယာက္ျဖစ္ေစပါသလဲ ? - Amawpyay

ဘယ္လိုအရာေတြကမ်ား လူတစ္ေယာက္ကို မတိုးတက္တဲ့သူ တစ္ေယာက္ျဖစ္ေစပါသလဲ ?

ဘယ္လိုအရာေတြကမ်ား လူတစ္ေယာက္ကို မတိုးတက္တဲ့သူ တစ္ေယာက္ျဖစ္ေစပါသလဲ ?
Knowledge

ဘယ္လိုအရာေတြကမ်ား လူတစ္ေယာက္ကို မတိုးတက္တဲ့သူတစ္ေယာက္ျဖစ္ေစပါသလဲ ?

လူတစ္ေယာက္ ကို အဓိက က်ရႈံး ေစတဲ့ အေၾကာင္းတရားမ်ားဟာ ေအာက္ပါ အတိုင္းျဖစ္ ပါတယ္။

၁။ ခ်ီတုံခ်တုံ ျဖစ္ျခင္း ( ၁၃ % )

ဘာကိုမွ ျပတ္ျပတ္ သားသား မဆုံးျဖတ္ရဲ၊ ဟိုေယာင္ေယာင္၊ ဒီေယာင္ေယာင္၊ ဟိုဟာလုပ္ရင္ ေကာင္းႏိူးႏိူး၊ ဒီဟာလုပ္ရင္ ေကာင္းႏိူးႏိူးနဲ႔ အခ်ိန္ကုန္ အသက္ႀကီးသြားတဲ့ လူမ်ား တစ္ပုံႀကီး ပါ။

မွားမွာေၾကာက္လို႔၊ ဆုံး႐ူံးမွာ ေၾကာက္လို႔ ဆိုတဲ့ စိတ္မ်ိဳးဟာ ခ်ီတုံခ်တုံကို ျဖစ္ေပၚ ေစ ပါတယ္။ ဘယ္အရာမဆို ၁၀၀% ေသခ်ာမွ လုပ္မယ္ဆိုရင္ အခြင့္အေရး အဲဒီေနရာမွာ မရွိေတာ့ပါဘူး။

၂။ အခ်ိန္ဆြဲျခင္း ( ၉%)

လုပ္မယ္၊ လုပ္မယ္၊ မနက္ဖန္စမယ္ ဆိုၿပီး မၿပီးဆုံးႏိုင္တဲ့ မနက္ဖန္ျဖစ္ေနရင္ အလုပ္မျဖစ္ေတာ့ပါဘူး။ ခဏမွ လုပ္မယ္။ နက္ဖန္မွ လုပ္မယ္။ ေနာက္တစ္ပတ္ မွ စလိုက္မယ္ ဆိုတဲ့ အက်င့္မ်ိဳးဟာ လူတစ္ေယာက္ က်ရႈံးေစတဲ့ အဓိက အေၾကာင္းအရာ ထဲမွာ ပါပါ တယ္။

၃။ ေကာက္႐ိုးမီး အက်င့္ ( ၈%)

ဘာပဲလုပ္လုပ္ အစပဲေကာင္းၿပီး အဆုံး မရွိတာမ်ိဳး၊ စာတစ္ အုပ္ဖတ္ေတာ့ မယ္လို႔ ေသေသခ်ာခ်ာ ဆုံးျဖတ္ၿပီး ပထမပိုင္း ၁၀ မ်က္နာေတာင္ ၿပီးေအာင္ မဖတ္ရႈ႕ ႏိုင္တဲ့ အက်င့္မ်ိဳး ျဖစ္ပါတယ္။ သိပ္ဝေနၿပီ၊ ဝိတ္ခ်ေတာ့မယ္။

အစတုန္းကေတာ့ ဟုတ္မလိုလိုပဲ၊ ေနာင္ေတာ့ အဖ်ားရႉသြားတယ္။ ခ်ေလဝေလ ျဖစ္သြားတယ္။ လုပ္ငန္းတစ္ခု စလုပ္တယ္။ အစေတာ့ အားတက္တေရာ၊ စိတ္ေရာကိုယ္ပါ ႀကိဳးစား ပါတယ္။ အလုပ္ေတာင္ေကာင္းေကာင္းမျဖစ္ေသးဘူး၊ အဖ်ားရႉးသြားတာ မ်ိဳးကို ဆိုလို ပါတယ္။

၄။ သူမ်ားျငင္းဆိုမူကို ေၾကာက္႐ႊံ႕ ျခင္း ( ၇%)

ကိုယ္ခ်စ္မိတဲ့သူ ျငင္းဆိုမွာ ေၾကာက္လို႔ ရည္းစား စကားမေျပာရဲတဲ့ လူဟာ ကိုယ္ခ်စ္တဲ့လူ အျခားလူနဲ႔ ညားသြားတဲ့ အခါက်မွ အႀကီးအက်ယ္ အသဲကြဲ ရတတ္ ပါတယ္။ အလုပ္အကိုင္၊ အခြင့္အေရးေတြလည္း ဒီလိုပါပဲ။ ကိုယ္စေတာင္ မစရေသးဘူး၊ သူမ်ားျငင္းဆိုမယ္ ဆိုတာကို စိုးရိမ္ေန ရင္ ဘယ္ေတာ့မွ မစျဖစ္ေတာ့ ပါဘူး။

၅။ အျဖစ္မွန္ကို ရင္မဆိုင္လိုျခင္း ( ၇%)

လက္ေတြ႕မက်တဲ့ လူကို ဆိုလို တာပါ။ စိတ္ကူးယာဥ္ ဆန္လြန္းၿပီး ကိုယ့္စိတ္ကူးယာဥ္ ထဲမွာပဲ ေက်နပ္ေနတတ္တဲ့ လူစားမ်ိဳးကို ဆိုလို တာပါ။ ဘာမဆို အလကား လိုခ်င္တယ္။ အလုပ္ေကာင္းေအာင္ထက္ ကံေကာင္းေအာင္ပဲ အားထုတ္ေန တတ္တယ္။ အခ်ိန္ရွိတိုင္း ထီပဲေပါက္ေန ခ်င္တယ္။ ေန႔ခ်င္းညခ်င္း ခ်မ္းသာ ခ်င္တယ္။

၆။ ဆင္ေျခမ်ားလြန္းျခင္း ( ၂၂ % )

ဆင္ေျခမ်ားလြန္းျခင္း၊ အေၾကာင္းျပခ်က္မ်ားလြန္းျခင္း ဟာ ဘဝဆုံးရႈံးေစတဲ့ အေၾကာင္းရင္းထဲမွာ ၂၂% ေတာင္ပါဝင္ပါတယ္။ သူတို႔ဟာ အလုပ္ကို စိတ္ႏွစ္ကိုယ္ႏွစ္ မလုပ္ကိုင္တတ္ပါ။ ဘာပဲအားနည္းခ်က္ေတြ႕ေတြ႕ သူတို႔မွာ အေၾကာင္းျပခ်က္ အျပည့္အစုံ အၿမဲရွိေန တတ္တယ္။

လုပ္ေဖၚကိုင္ဘက္ေၾကာင့္၊ အလုပ္ရွင္ေၾကာင့္၊ ေခတ္စနစ္ေၾကာင့္၊ မိဘမ်ားေၾကာင့္၊ သူငယ္ခ်င္းေၾကာင့္၊ အစိုးရ ေၾကာင့္၊ သူတို ႔ဆုံးရႈံး ရတယ္ လို႔ပဲ သူတို႔ ယူဆၾက ပါတယ္။ သူတို႔ကို သူတို႔ ဘယ္ေသာအခါမွ မဆန္းစစ္ပါ။

၇။ မိမိကိုယ္မိမိ ေဘာင္ခတ္ျခင္း ( ၆% )

ဆိုပါစို႔၊ ဒီအလုပ္ဟာ အလုပ္ျဖစ္ ႏိုင္တယ္။ လုပ္ကိုင္ဖို႔ အခြင့္အေရး လည္ းရွိတယ္။ ဒါေပမဲ့ ကိုယ့္မိသားစုရဲ႕ ဂုဏ္ကို ငဲ့လို႔ မလုပ္ျဖစ္တဲ့ လူေတြ အမ်ားႀကီးေတြ႕ဖူး ပါတယ္။

ဒါ ဂုဏ္ငယ္မွာေၾကာက္လို႔ ကိုယ့္ေဘာင္ကို ကိုယ္ျပန္ခတ္ မိတာျဖစ္ တယ္။ ဟိုအလုပ္ မလုပ္ႏိုင္ဘူး၊ ဘာေၾကာင့္၊ ဒီအလုပ္ မလုပ္ခ်င္ဘူး၊ ဘာေၾကာင့္ ဆိုၿပီး ကိုယ့္ကိုယ္ကို ေဘာင္ခတ္တာ အမ်ားႀကီးရွိပါေသးတယ္။

၈။ သင္ယူရန္ ျငင္းဆန္ျခင္း ( ၁၁ % )

သင္ယူတယ္ဆိုတာ ပင္ပန္းရ ပါတယ္။ အားထုတ္ ရပါတယ္။ ဦးေနာက္သုံး ရပါတယ္။ သူတို႔ဟာ ဘာပဲလုပ္လုပ္၊ ဘယ္မွာပဲ လုပ္လုပ္၊ အလုပ္ကို ၿပီးေအာင္သာ လုပ္ပါတယ္။ ဝတ္ေက်တန္းေက် လုပ္ပါတယ္။ အျပစ္တင္ လြတ္ေအာင္သာ လုပ္ပါ တယ္။

ဘယ္အလုပ္မဆို သင္ယူႏိုင္တဲ့ အခြင့္အေရး ရွိတယ္ဆိုတာ သူတို႔ မသိၾကပါ။ သိရင္လည္း မလုပ္လိုၾကပါ။ အလုပ္အားရင္ သက္ေတာင့္သက္သာနဲ႔ လက္ကိုင္ဖုန္းေဆာ့ေန ၾကပါ တယ္။

လၻက္ရည္ဆိုင္ထိုင္ၾကပါတယ္။ စကားေျပာေနၾက ပါတယ္။ အဲ့ဒီ လိုေနရင္းကေန ဆုတ္ယုတ္မႈ ဘက္ကိုေရာက္ မွန္းမသိေရာက္သြားၾက တယ္။

အခ်ိန္ဆိုတာ သြားေနတာပါ။ အရာရာဟာ ေန႔စဥ္နဲ႔အမွ်ေျပာင္းလဲေန တယ္။ တစ္ရက္ၿပီး တစ္ရက္အသက္ႀကီးလာၾက တယ္။

ေဘးနားမွာရွိသမွ် လူေတြ၊ အရာဝတၳဳေတြ တိုးတက္ လာသေလာက္ ကိုယ္က ျဖည္းျဖည္းခ်င္းဆုတ္ယုတ္လာတယ္ဆိုရင္ ေလာကႀကီးကိုအျပစ္မတင္ပါနဲ႔။ လူေတြကို အျပစ္ မတင္ပါနဲ႔။ ဘယ္သူ႔ကိုမွ အျပစ္မတင္ပါနဲ႔။

တိုးတက္မယ့္ လမ္းေၾကာင္းကေန ေသြဖယ္ၿပီး ပ်င္းရိေနတဲ့ ကိုယ့္ကိုကိုယ္သာ အျပစ္တင္ ရမွာျဖစ္ပါတယ္။

ခရက္ဒစ္ ၀ီမီဒီယာ

Unicode

ဘယ်လိုအရာတွေကများ လူတစ်ယောက်ကို မတိုးတက်တဲ့သူတစ်ယောက်ဖြစ်စေပါသလဲ ?

လူတစ်ယောက် ကို အဓိက ကျရှုံး စေတဲ့ အကြောင်းတရားများဟာ အောက်ပါ အတိုင်းဖြစ် ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ် သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများ တစ်ပုံကြီး ပါ။

မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့ စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေ ပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှ လုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ် မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရှုံးစေတဲ့ အဓိက အကြောင်းအရာ ထဲမှာ ပါပါ တယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံး မရှိတာမျိုး၊ စာတစ် အုပ်ဖတ်တော့ မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရှု့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။

အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစား ပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာ မျိုးကို ဆိုလို ပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစား စကားမပြောရဲတဲ့ လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲ ရတတ် ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ် ဆိုတာကို စိုးရိမ်နေ ရင် ဘယ်တော့မှ မစဖြစ်တော့ ပါဘူး။

၅။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့ လူကို ဆိုလို တာပါ။ စိတ်ကူးယာဉ် ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ် ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလို တာပါ။ ဘာမဆို အလကား လိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေ တတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေ ချင်တယ်။ နေ့ချင်းညချင်း ချမ်းသာ ချင်တယ်။

၆။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘဝဆုံးရှုံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေ တတ်တယ်။

လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြောင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရှုံး ရတယ် လို့ပဲ သူတို့ ယူဆကြ ပါတယ်။ သူတို့ကို သူတို့ ဘယ်သောအခါမှ မဆန်းစစ်ပါ။

၇။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ် နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည် းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငဲ့လို့ မလုပ်ဖြစ်တဲ့ လူတွေ အများကြီးတွေ့ဖူး ပါတယ်။

ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ် မိတာဖြစ် တယ်။ ဟိုအလုပ် မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ် မလုပ်ချင်ဘူး၊ ဘာကြောင့် ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )

သင်ယူတယ်ဆိုတာ ပင်ပန်းရ ပါတယ်။ အားထုတ် ရပါတယ်။ ဦးနောက်သုံး ရပါတယ်။ သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲ လုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာ လုပ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင် လွတ်အောင်သာ လုပ်ပါ တယ်။

ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေ ကြပါ တယ်။

လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြ ပါတယ်။ အဲ့ဒီ လိုနေရင်းကနေ ဆုတ်ယုတ်မှု ဘက်ကိုရောက် မှန်းမသိရောက်သွားကြ တယ်။

အချိန်ဆိုတာ သွားနေတာပါ။ အရာရာဟာ နေ့စဉ်နဲ့အမျှပြောင်းလဲနေ တယ်။ တစ်ရက်ပြီး တစ်ရက်အသက်ကြီးလာကြ တယ်။

ဘေးနားမှာရှိသမျှ လူတွေ၊ အရာဝတ္ထုတွေ တိုးတက် လာသလောက် ကိုယ်က ဖြည်းဖြည်းချင်းဆုတ်ယုတ်လာတယ်ဆိုရင် လောကကြီးကိုအပြစ်မတင်ပါနဲ့။ လူတွေကို အပြစ် မတင်ပါနဲ့။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။

တိုးတက်မယ့် လမ်းကြောင်းကနေ သွေဖယ်ပြီး ပျင်းရိနေတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင် ရမှာဖြစ်ပါတယ်။

ခရက်ဒစ် ဝီမီဒီယာ

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …