Health
# Credit #
Unicode
များများ အိပ်ပါ။ နည်းနည်း စားပါ။ ပိုမို ကျန်းမာလှပတဲ့ ဘဝကို ရယူလိုက်ပါ။
ကျန်းမာတဲ့ဘဝဆိုတာ အာဟာရပြည့်တဲ့ အစားအစာတွေ စားပြီး တက်ကြွစွာ နေထိုင်တတ်ရုံနဲ့ မရပါဘူး။ ခန္ဓာကိုယ်ကို
လုံလုံလောက်လောက် အနားပေးဖို့လည်း လိုအပ်ပါတယ်။  ကျန်းမာရေးကောင်းအောင် နေဖို့ အိပ်ရေးဝဝအိပ်ဖို့ သိပ်ကို လိုအပ်ပါတယ်။
တစ်ညလုံး  ကောင်းကောင်းအိပ်မပျော်ဘဲ ဟိုလှိမ့် ဒီလှိမ့်နဲ့ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေတာက နောက်တစ်နေ့မှာ သင့်ကို
မောပန်းနေစေရုံသာမက အလုပ်တွင်အောင် ကြိုးစားနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့  အိပ်ရေးပျက်ခြင်းက အစားစားချင်စိတ်ကို
ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အလေးချိန်တိုးစေပါတယ်။ ဒီတော့ အိပ်ရေးဝဝအိပ်ပြီး အစားစားချင်စိတ်ကို ဘယ်လိုထိန်းချုပ်ကြမလဲ။
၁။ အိပ်ရာမဝင်ခင် ၈နာရီအတွင်း ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။
လူအများစုက မွန်းလွဲပိုင်းအိပ်ငိုက်တာ၊ ပင်ပန်းတာကို သက်သာစေဖို့ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်တတ်ကြပါတယ်။
ကဖိန်းဓာတ်က (၈) နာရီကြာ အာနိသင်မပြယ်တာကြောင့် မွန်းလွဲပိုင်းက စားသောက်လိုက်တဲ့ ကဖိန်းဓာတ်ဟာ ညအိပ်ရာဝင်ချိန်အထိ
ကောင်းကောင်းအိပ်မပျော်နိုင်အောင်  နှောင့်ယှက်တတ်ပါတယ်။ ဒါကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်ရင် မွန်းလွဲပိုင်းက
စပြီး  ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်နဲ့ ဆိုဒါပါတဲ့ အရည်တွေကို ရှောင်ပါ။
၂ ။ အိပ်ခါနီးမှာ နွားနို့သောက်ပါ။
နွားနို့ကို ညဘက်သောက်တာ အာဟာရ အဖြစ်ဆုံးနဲ့ အကောင်းဆုံးပါ။ နွားနို့ဟာ နှစ်ခြိုက်စွာ  အိပ်ပျော်စေတဲ့အပြင် ကယ်လ်ဆီယမ်
ဓာတ်ကို ဖြည့်တင်းပေးတာကြောင့် အရိုးကျန်းမာရေးကိုပါ  ကောင်းမွန်စေပါတယ်။
၃။ အိပ်ခါနီး တရားထိုင်ပါ။
တစ်နေ့တာလုံး ပင်ပန်းခဲ့ရတဲ့ ဦးနှောက်နဲ့ စိတ်နှလုံးကို အနားပေးဖို့ ၁ဝမိနစ်လောက် တရားထိုင်ပြီးမှ အိပ်ပါ။ မနက်ဖန်အတွက်
တစ်နေ့တာအစီအစဉ်ဆွဲပါ။ စိတ်တည်ငြိမ်ပြီး နှစ်ခြိုက်စွာ အိပ်မောကျတယ်ဆိုရင် နောက်တစ်နေ့မှာ စိတ်ရောကိုယ်ပါ တက်ကြွရွှင်လန်းစွာ ကြိုးစားနိုင်မှာပါ။
၄။ အလင်းရောင်တွေကို ကာကွယ်ဖို့ Sleep Mask တပ်ပြီးမှအိပ်ပါ။
Sleep mask တပ်ပြီးအိပ်စက်ခြင်းက ရုတ်တရက်ရောက်လာနိုင်တဲ့ အလင်းရောင်တွေကို မမြင်နိုင်အောင် ကာကွယ်ပေးတာကြောင့်
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။ မနက်အလင်းရောင်ဘယ်လောက်လာလာ နှိုးစက်မမြည်မချင်းနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါ
တယ်။ အလင်းရောင်ရှိရင် မအိပ်တတ်တဲ့သူတွေအတွက်လည်း အသင့်တော်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေအတိုင်း
ဆိုရင် အိပ်ရေးဝဝ အိပ်စက်စေနိုင်ပြီး အစားစားချင်စိတ်ကို လျှော့ချပေးနိုင်မှာပါ။ ကျန်းမာရေးကောင်းမွန်ပြီး အလှအပအတွက်ပါ
အထောက်အကူဖြစ်စေတဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။ ။
# Credit #
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အာရုံကြောအားနည်ပြီး ခြေလက်ထုံကျင် ကိုက်ခဲ သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်းကောင်း
Health
အာရုံကြောအားနည်ပြီး ခြေလက်ထုံကျင် ကိုက်ခဲ သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်းကောင်း
အာရုံကြောအားနည်ပြီး ခြေလက်ထုံကျင် ကိုက်ခဲ သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်းကောင်း ကျွန်တော် အာရုံကြော အားနည်း ခေါင်းချွေး တအားထွက် ဝမ်းချုပ် မူးဝေ တာတွေတော့ အခုဘာဆေးမှ သောက်စရာ မ လိုလောက်အောင် ဒီပျားသံ ပ ရာ ကို လုပ် စားကြည့် လာ တာ အတော်လေး အဆင်ပြေ သွားပါပြီ ။ ခေါင်းချွေးများ ထွက် လာပြီ ဆို ဘာ မှ မ လုပ် ချင် လောက်အောင် စိတ် ပျက် မိ တာ ။ ပျားရည်တော့ စစ်ဖို့ လိုမယ်ထင်တယ် ။ …
Health
ကျောရိုး တစစ်စစ်ကိုက်ခြင်း ခါးရိုးနာခြင်းတို့ အတွက် ရှားစောင်းလက်ဆက်
ကျောရိုး တစစ်စစ်ကိုက်ခြင်း ခါးရိုးနာခြင်းတို့ အတွက် ရှားစောင်းလက်ဆက် ဆောင်း ရောက်ပြီ ဆိုသည်နှင့် နောက်ကျောရိုးများ တဆစ်ဆစ်ကိုက်တော့သည် ။ ကိုယ်ခန္ဓာဝသော်လည်း ကျောရိုးကိုက်သော ဒဏ်ကြောင့် အအိပ်အစားပျက်ကာ ပိန်၍ပင် ကျသွားတော့သည်။ အေးလာလေ ပို၍ ကိုက်သည်မို့ ဆောင်းရောက်မည်ကို ကြောက်တော့သည်။ ကျောရိုးတွေကိုက်ကြောင်း မြန်မာတိုင်းရင်းဆေးဆရာတစ်ဦးအား ပြောပြခဲ့ရာ ~~ မောင်ရင်ကို နည်းလေးတစ်ခုပေးမယ်ဆိုကာ ရှားစောင်းလက်ဆက်ကို အပြားဖြစ်အောင် ရိုက်ပြီးကျောပြင်တွင် အဝတ်ဖြင့် စည်းကာ တစ်ပတ်တိတိ ကပ်၍ နေစေပါသည်။ ညအိပ်လည်း စည်းပြီး အိပ်စေပါသည်။ အမှန်ပင် ကျောရိုးကိုက်ခြင်း အရှင်း ပျောက်ကင်း ခဲ့ပါသည်။ ရှားစောင်းလက်ဆက် – တစ်ဆစ်တစ်ဆစ်အကွာအဝေး (4/5) လက်မရှိသည်။ လေးမြှောင့်ပုံ …
ဆီးချိုသမားတွေအတွက်အရမ်းကောင်းတဲ့ဖန်ခါးသီး
Health
ဆီးချိုသမားတွေအတွက်အရမ်းကောင်းတဲ့ဖန်ခါးသီး
ဆီးချိုသမားတွေအတွက်အရမ်းကောင်းတဲ့ဖန်ခါးသီး ဆီးချိုရှိ နေလျှင် မ မေ့ထားသင့်တဲ့ ဖန်ခါးသီးဆီး ချို ရောဂါရှင်များအတွက် ဖန်ခါး သီး ဆေးကျမ်းများ အဆိုအရ ဖန်ခါးသီးမှာ ဖန်၏ ၊ ချဉ်၏ ၊ စပ်၏ ၊ ပူ၏ ၊ ဝမ်းမီးကို တောက်စေသည်။ အထူးအားဖြင့် ဖန်ခါးသီးသည် အူလမ်းကြောင်း နဲ့ စပ်ဆိုင်တဲ့ ရောဂါ များ အ ရေပြား ရောဂါ ၊ ညောင်း ကျ ၊ ကြို့ထိုး ဗိုက် အောင့် ၊ အစာ မကြေရောဂါ များ ကုသ ရာမှာ အသုံးပြုပါတယ်လို့ ဆို ပါ …