လူတွေရဲ့ အထင်အမြင်တွေကို လျစ်လျူရှုလိုက်တဲ့အခါ ရရှိလာမယ့် ကောင်းကျိုးတွေ - Amawpyay


Knowledge


















Khin

Unicode

လူတွေရဲ့ အထင်အမြင်တွေကို လျစ်လျူရှုလိုက်တဲ့အခါ ရရှိလာမယ့် ကောင်းကျိုးတွေ

ပတ်ဝန်းကျင်ရဲ့ အထင်အမြင်တွေကို ဂရုစိုက် လွန်းတဲ့ အခါ ကိုယ့်အတွက် မလိုလား အပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်လာ တတ်ပါ တယ်။

ပတ်ဝန်းကျင် ဆိုတာက အကောင်းပြောတဲ့ လူတွေ ရှိပေမယ့်လို့ အဆိုးဘက်ကို ဝေဖတ်မယ့် သူက ပိုများနေ တတ်ပါ တယ်။ လူတွေရဲ့ အထင်အမြင်တွေကို လျစ်လျူရှုလိုက်တဲ့အခါ ဒီလိုကောင်းကျိုးတွေကို ရ ရှိလာမှာ ဖြစ် ပါတယ်။

ကြောက်တတ်တဲ့ စိတ်နည်းလာမယ်

ဝေဖန်သံတွေက သင့်ရဲ့ ကြောက်စိတ်ကို ပိုမို ကြီးထွား လာစေ ပါတယ်။ လူတွေရဲ့ အထင်အမြင်တွေ၊ ဝေဖန်မှုတွေ ကိုပဲ နားစွင့်နေတတ် တဲ့သူဟာ တဖြည်းဖြည်း ကိုယ့်ကိုယ်ကို လုံခြုံ စိတ်ချမှု မရှိခြင်းကို ဖြစ်ပေါ်စေ ပါ တယ်။

ဒါကြောင့် လူတွေရဲ့ ဝေဖန်မှုတွေကို လျစ်လျူရှု လိုက်တဲ့ အခါ ကိုယ်ဟာ တစ်ခြားသူရဲ့ အမြင်တွေထက် ကိုယ့်ကိုယ်ကိုရဲ့ အမြင်တွေကိုပဲ ဦးစားပေး လာတတ်ပြီး လုပ်ရဲကိုင်ရဲ ရှိလာပြီး ကြောက်တတ်တဲ့ စိတ်လျော့နည်း လာပါ တယ်။

ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်လာမယ်

ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေ၊ လူတွေရဲ့ အထင်အမြင်တွေကို ဂရုမစိုက်တော့တဲ့ အခါ ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့ ပိုအဆင်ပြေ လာပါ တယ်။

လူတွေရဲ့ အထင်အမြင်တွေကို ဂရုစိုက်လွန်းတဲ့ အခါ ငါဒီလိုလုပ်ရင် သူများတွေက ငါ့ကို အပြစ်တင် ကြမလား၊ ဝေဖန်ကြမလား စသဖြင့် တွန့်ဆုတ်နေရင်း မလုပ်လိုက်ရတဲ့ အရာတွေ အများကြီ းပါ။

လူတွေရဲ့ အမြင်တွေကို ဂရုမစိုက် လျစ်လျူရှု လိုက်လေလေ ကိုယ်သွား ချင်တဲ့ ကိုယ်ရောက် ချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်လေလေ ပါပဲ။

ယုံကြည်မှုပိုရှိလာမယ်

ကိုယ်လုပ်ချင် တာတွေကို ရဲရဲဝံ့ဝံ့ လုပ်ရဲလာတဲ့ သူတစ်ယောက်ရဲ့ နောက်မှာ ယုံကြည်မှုက ထပ်ကြပ်မကွာ လိုက်ပါလာ တတ်ပါ တယ်။ ကိုယ်လုပ်ဆောင် လိုက်တဲ့ ကိစ္စတစ်ခုအောင်မြင်မှု ရတိုင်းမှာ ယုံကြည်မှုက ပိုတိုးလို့ လာ ပါတယ်။

ဒါကြောင့် လူတွေရဲ့ အထင်အမြင်တွေကို ဂရုမစိုက် တတ်တဲ့ သူဆီမှာ အမြဲတမ်း သူ့ရဲ့ကိုယ်ပိုင် ယုံကြည်မှုကို တွေ့မြင် ရတတ် ပါတယ်။ လူတွေကို ဂရုစိုက်လွန်းရင် ကိုယ်သွားမယ့် လမ်းကျဉ်းတာမို့လို့ လွတ်လပ်ယုံကြည်တဲ့ ခြေလှမ်းတွေ အတွက် လူတွေရဲ့အမြင်တွေကို လျစ်လျူရှု လိုက်ပါ။

ဘဝမှာ ပိုပျော်ရွှင်တဲ့ သူတစ်ယောက် ဖြစ်လာမယ်

ကိုယ့်ရဲ့တန်ဖိုးဟာ ကိုယ့်ဆီမှာပဲ ရှိတယ်ဆိုတာကို မှတ်ထားပါ။ သူများတွေရဲ့ နှုတ်ဖျားက ထွက်လာတဲ့ တန်ဖိုးတွေနဲ့ ကိုယ့်ကိုယ်ကို မနှိုင်းယှဉ် ပါနဲ့။ ကိုယ့်ကိုယ် ဝေဖန် တိုက်ခိုက် ချင်တဲ့ သူတွေကတော့
ကိုယ်ဘာလုပ်လုပ် ကိုယ့်ကို အဆိုးမြင်နေ အုံးမှာ ပါပဲ။

တစ်ခါတစ်လေမှာ ပတ်ဝန်းကျင်ရဲ့ စကား တစ်ခွန်းကြောင့် စိတ်ပင်ပန်း ဝမ်းနည်းရပြီး ကိုယ့်ကိုယ်ကို ပျောက်ဆုံး သွားတတ် ပါတယ်။

လူတွေရဲ့ အမြင်တွေကို လျစ်လျူရှု လိုက်တဲ့ အခါ ကိုယ်လုပ်ချင် တာတွေကိုလည်း လုပ်လာ နိုင်မယ်၊ အကောင်းမြင် စိတ်ကို ပိုမွေး လာနိုင်မယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိပြီး စိတ်ပင်ပန်း ထိခိုက်မှု မရှိပဲ ဘဝမှာ ပိုပျော်ရွှင်တဲ့ သူတစ်ယောက် ဖြစ်လာမှာ ဖြစ် ပါ တယ် ။

Khin

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …