
မိန္းကေလးမ်ား အသဲမကြဲေအာင္ ေနထိုင္နည္း
ေယာက်ာ္း တစ္ေယာက္ကို အရမ္း ခ်စ္မိေနၿပီ ဆိုရင္ ဘယ္ေတာ့မွ အျပင္ထုက္ျပၿပီး မခ်စ္နဲ ႔။ ရင္ထဲမွာပဲ ထားၿပီးခ်စ္။ ခ်စ္ျပ လြန္းရင္ ပစ္ခ် ခံရ လိမ့္ မယ္ ။
ပုံမွန္အတိုင္းပဲ ဆက္ဆံ၊ သိပ္ၿပီး ဂ႐ုစိုက္ မျပနဲ႔ ။သဲသဲလႈပ္ ခ်စ္မျပ နဲ႔။ ကိုယ့္ကို တန္ဖိုး မထားပဲ ေနလိမ့္မယ္ ။
သူ႔ဘက္က ကိုယ့္အေပၚ အေလးအနက္ ရွိမရွိ ေသခ်ာေလ့လာ။
သူ႔ဘက္က ကိုယ့္ကို အရည္ေပ်ာ္ က်ေလာက္ေအာင္ ပြားစမ္းပါေစ.. သိသာေအာင္ ေႂကြမျပနဲ ႔။ ကြယ္ရာက်မွ အေသဖီလ္း ပစ္လိုက္။
ေနာက္တစ္ခု…. သူ႔ဘက္က ဘာေတြ ဘယ္လို အာမခံ ခ်က္ေတြ ေပးေပး ကိုယ့္ဘဝကို ကိုယ့္သိကၡာကို လုံးဝ ထိုးမေကြၽးနဲ႔။ စိတ္ကို ဘယ္ေတာ့မွ အလို မလိုက္နဲ႔။
ကံၾကမၼာ ဆိုတာ ႀကိဳတင္ မသိျမင္ ႏိုင္လို႔ သူနဲ႔ လမ္းခြဲရလဲ ကိုယ့္အတြက္ ဘာမွ နစ္နာစရာ မရွိေတာ့ဘူးေလ။
ေနာက္တစ္ခ်က္
ကိုယ္က ဒီလိုမေနနဲ႔၊ ဒါမလုပ္နဲ႔ စသည္ျဖင့္ ခ်ဳပ္ျခယ္ ၾကည့္။ မလိုက္နာ ဘူးလား ေခါက္ထား လိုက္။
တစ္ေယာက္နဲ႔ တစ္ေယာက္ ဖုန္းနဲ႔ ဆက္သြယ္တဲ့အခါ ကိုယ္ပို႔တဲ့ စာကို seen ျပၿပီး ခ်က္ခ်င္း မ reply ဘူးလား နားထား လိုက္ေတာ့။
သူ႔ရဲ႕ ဦးစားေပးခံ ရမဲ့သူ သူ႔ရဲ႕ နံပါတ္တစ္ ေနရာမွာ ကိုယ္မရွိဘူးဆိုရင္ ရင္ခုန္ မေန နဲ႔ေတာ့။ ခံစားမေနနဲ႔ေတာ့။
သူက ကိုယ့္အေပၚ သစၥာ မေဖာက္ခင္ ကိုယ္က အရင္ စြန႔္ပစ္ ခဲ့လိုက္။
အခ်စ္ဆိုတာ ကို လက္ပက္နာရီ တစ္လုံးလို သေဘာ ထားပါ။
အခ်ိန္တိုင္း ဝတ္ထားေန ဖို႔ မလိုဘူး။ သူ႔ဘက္က တစ္ခုခု ခ်ိဳ႕ယြင္း တာနဲ႔ ဝဲပစ္ လိုက္။
အသစ္ျပန္ ဝယ္။
ဒါမွမဟုတ္ ဟန္းခ်ိန္း လက္ေကာက္ စသည္ျဖင့္ အခ်စ္ ေနရာမွာ တစ္ခုခုကို အစား ထိုးပစ္ လိုက္စမ္းပါ။
အဓိကတစ္ခ်က္
မိန္းခေလး တစ္ေယာက္ရဲ႕ ဘဝမွာ တစ္ေယာက္ထဲ ေနႏိုင္ေအာင္ ကိုယ့္ကိုယ္ကို အားကိုး တတ္ေအာင္ ေလ့က်င့္ပါ။
ကိုယ့္ကိုယ္ကို ထက္ ဘယ္သူ႔ကိုမွ ပိုမခ်စ္ ပါနဲ႔။
ကိုယ့္ဘဝကိုယ္ ေကာင္းမြန္ေအာင္ ထိန္းေက်ာင္း တတ္ပါေစ။
ေယာက်ာ္း တစ္ေယာက္ရဲ႕ အကူအညီ အေထာက္အပံ့ မပါပဲ ကိုယ္ပိုင္ ကိုယ့္ဘဝကို မားမားမတ္မတ္ ရပ္တည္ႏိုင္သူျဖစ္ေအာင္ ႀကိဳးစား ပါ။
အေရးႀကီးဆုံး တစ္ခ်က္
ဘယ္ေယာက်ာ္းအေပၚမွ အယုံ မလြယ္ ပါနဲ႔။ ေျပာသမွ် ေခါင္းမၿငိမ့္ ပါနဲ႔။ ငတုံးငအလို႔ သေဘာထားခံရလိမ့္မယ္။
သူဘာလုပ္လုပ္ ခြင့္လႊတ္ နားလည္ေပး တတ္တဲ့ ဂ႐ုဏာရွင္ႀကီး အျဖစ္ ဘယ္ေတာ့မွ ေယာက်ာ္း တစ္ေယာက္ေရွ႕ ဒူးေထာက္ရတဲ့ အခ်စ္ သူရဲေကာင္းမႀကီး
အခ်စ္ရဲ႕ ေက်းကြၽန္ အျဖစ္မခံပါနဲ႔။
စိတ္ခ်။ ဒါဆို အခ်စ္ဆိုတဲ့ ဗိုင္းရပ္စ္ ေၾကာင့္ အေမ ေမြးေပးခဲ့တဲ့ ပကတိအသည္း ဘယ္ေတာ့မွ ကြဲစရာ အေၾကာင္း မရွိေတာ့ဘူး။
Credit :H.M.P
Unicode
မိန်းကလေးများ အသဲမကွဲအောင် နေထိုင်နည်း
ယောကျာ်း တစ်ယောက်ကို အရမ်း ချစ်မိနေပြီ ဆိုရင် ဘယ်တော့မှ အပြင်ထုက်ပြပြီး မချစ်နဲ့။ ရင်ထဲမှာပဲ ထားပြီးချစ်။ ချစ်ပြ လွန်းရင် ပစ်ချ ခံရ လိမ့် မယ် ။
ပုံမှန်အတိုင်းပဲ ဆက်ဆံ၊ သိပ်ပြီး ဂရုစိုက် မပြနဲ့ ။သဲသဲလှုပ် ချစ်မပြ နဲ့။ ကိုယ့်ကို တန်ဖိုး မထားပဲ နေလိမ့်မယ် ။
သူ့ဘက်က ကိုယ့်အပေါ် အလေးအနက် ရှိမရှိ သေချာလေ့လာ။
သူ့ဘက်က ကိုယ့်ကို အရည်ပျော် ကျလောက်အောင် ပွားစမ်းပါစေ.. သိသာအောင် ကြွေမပြနဲ့။ ကွယ်ရာကျမှ အသေဖီလ်း ပစ်လိုက်။
နောက်တစ်ခု…. သူ့ဘက်က ဘာတွေ ဘယ်လို အာမခံ ချက်တွေ ပေးပေး ကိုယ့်ဘဝကို ကိုယ့်သိက္ခာကို လုံးဝ ထိုးမကျွေးနဲ့။ စိတ်ကို ဘယ်တော့မှ အလို မလိုက်နဲ့။
ကံကြမ္မာ ဆိုတာ ကြိုတင် မသိမြင် နိုင်လို့ သူနဲ့ လမ်းခွဲရလဲ ကိုယ့်အတွက် ဘာမှ နစ်နာစရာ မရှိတော့ဘူးလေ။
နောက်တစ်ချက်
ကိုယ်က ဒီလိုမနေနဲ့၊ ဒါမလုပ်နဲ့ စသည်ဖြင့် ချုပ်ခြယ် ကြည့်။ မလိုက်နာ ဘူးလား ခေါက်ထား လိုက်။
တစ်ယောက်နဲ့ တစ်ယောက် ဖုန်းနဲ့ ဆက်သွယ်တဲ့အခါ ကိုယ်ပို့တဲ့ စာကို seen ပြပြီး ချက်ချင်း မ reply ဘူးလား နားထား လိုက်တော့။
သူ့ရဲ့ ဦးစားပေးခံ ရမဲ့သူ သူ့ရဲ့ နံပါတ်တစ် နေရာမှာ ကိုယ်မရှိဘူးဆိုရင် ရင်ခုန် မနေ နဲ့တော့။ ခံစားမနေနဲ့တော့။
သူက ကိုယ့်အပေါ် သစ္စာ မဖောက်ခင် ကိုယ်က အရင် စွန့်ပစ် ခဲ့လိုက်။
အချစ်ဆိုတာ ကို လက်ပက်နာရီ တစ်လုံးလို သဘော ထားပါ။
အချိန်တိုင်း ဝတ်ထားနေ ဖို့ မလိုဘူး။ သူ့ဘက်က တစ်ခုခု ချို့ယွင်း တာနဲ့ ဝဲပစ် လိုက်။
အသစ်ပြန် ဝယ်။
ဒါမှမဟုတ် ဟန်းချိန်း လက်ကောက် စသည်ဖြင့် အချစ် နေရာမှာ တစ်ခုခုကို အစား ထိုးပစ် လိုက်စမ်းပါ။
အဓိကတစ်ချက်
မိန်းခလေး တစ်ယောက်ရဲ့ ဘဝမှာ တစ်ယောက်ထဲ နေနိုင်အောင် ကိုယ့်ကိုယ်ကို အားကိုး တတ်အောင် လေ့ကျင့်ပါ။
ကိုယ့်ကိုယ်ကို ထက် ဘယ်သူ့ကိုမှ ပိုမချစ် ပါနဲ့။
ကိုယ့်ဘဝကိုယ် ကောင်းမွန်အောင် ထိန်းကျောင်း တတ်ပါစေ။
ယောကျာ်း တစ်ယောက်ရဲ့ အကူအညီ အထောက်အပံ့ မပါပဲ ကိုယ်ပိုင် ကိုယ့်ဘဝကို မားမားမတ်မတ် ရပ်တည်နိုင်သူဖြစ်အောင် ကြိုးစား ပါ။
အရေးကြီးဆုံး တစ်ချက်
ဘယ်ယောကျာ်းအပေါ်မှ အယုံ မလွယ် ပါနဲ့။ ပြောသမျှ ခေါင်းမငြိမ့် ပါနဲ့။ ငတုံးငအလို့ သဘောထားခံရလိမ့်မယ်။
သူဘာလုပ်လုပ် ခွင့်လွှတ် နားလည်ပေး တတ်တဲ့ ဂရုဏာရှင်ကြီး အဖြစ် ဘယ်တော့မှ ယောကျာ်း တစ်ယောက်ရှေ့ ဒူးထောက်ရတဲ့ အချစ် သူရဲကောင်းမကြီး
အချစ်ရဲ့ ကျေးကျွန် အဖြစ်မခံပါနဲ့။
စိတ်ချ။ ဒါဆို အချစ်ဆိုတဲ့ ဗိုင်းရပ်စ် ကြောင့် အမေ မွေးပေးခဲ့တဲ့ ပကတိအသည်း ဘယ်တော့မှ ကွဲစရာ အကြောင်း မရှိတော့ဘူး။
No Comments