
ကျေးဇူးတင်ပါတယ်။
ဖေဖေ ဖြစ်ချင်ပြီလား။
Credti: marry
Unicode
ခင်ပွန်းသည်တိုင်း ကြားချင်တဲ့ နေ့စဉ်ပြော စကားလေးများ
နေ့စဉ်နေ့တိုင်း ကိုယ့်ခင်ပွန်းကို ဒီစကားလေးတွေ အကုန် မဟုတ်တောင် နှစ်ခွန်း၊ သုံးခွန်းလောက်တော့ ပုံမှန်ပြောပေးဖို့ မမေ့ ပါနဲ့နော်
မကြာခင်မှာပဲ အိမ်ထောင်ပြုပြီး လို့ မိသားစု ဘဝ တည်ထောင်ကြ မယ့် သတို့ သမီးလေး တို့ရေ ။ နေ့စဉ်ပြောနေ တဲ့ စကားလေးတွေ ပြောဆို ရင်းနေ ရင်းနဲ့ ခင်ပွန်းသည်က ကိုယ့် အပေါ်မှာ အချစ်ပို သွားတာမျိုး ဖြစ်သွားစေဖို့ Marry က အကြံကောင်း လေးတွေ ပေး ချင် ပါ တယ် ။
တခါတရံမှာ ကိုယ်က အမှတ်တမဲ့ ပြောလိုက်တာ မျိုးပေမယ့် သူ့အတွက် ထိခိုက် နာကျင် သွား တတ်သလို ကိုယ့်ရဲ့ တချို့စကားလေးတွေ ကတော့ သူ့အတွက် ကြည်နူးမှုတွေ ဖြစ်စေ ပါ တယ် ။ ဒီတော့ ခင်ပွန်းသည်တိုင်း ကြားချင် ကြတဲ့ စကားလေးတွေကို ပြောပြပေး မယ်နော် ။
ရှင်က ကျွန်မအတွက် အကောင်းဆုံးပဲ။
ကျွန်မဘဝမှ ရှင်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်မိတာ အမှန်ဆုံးပဲ။
ငါ့ယောကျာ်းက တော်လိုက်တာ။
ကျေးဇူးတင်ပါတယ်။
ရှင်က ကျွန်မအတွက် အကောင်းဆုံး သူငယ်ချင်းပဲ။
ကျွန်မအတွက် ကြိုးကြိုးစားစား အလုပ်လုပ်နေတာကို ကျေးဇူးတင်ပါတယ်။
ကျွန်မ မြင်ဖူးသမျှ ယောကျာ်းတွေထဲမှာ ရှင်က အခန့်ညား ဆုံးပဲ။
ကျွန်မကို ချစ်ပေးလို့ ကျေးဇူး ပါတယ်။
ရှင့်ကြောင့် ကျွန်မကိုယ်ကျွန်မ ဘုရင်မကြီး လို့တောင် ခံစား သွားရပြီ။
ကျွန်မကို ဘယ်အရာတွေက ပျော်စေလဲ ဆိုတာ ရှင်တကယ် သိတာ ပဲနော်။
ရှင့်လောက် ကျွန်မ အကြောင်း သိတဲ့လူ မရှိ ပါဘူး။
ဒီနေ့အတွက် ကျေးဇူးတင် ပါတယ်။
ကျွန်မကို အချိန်ပေးတဲ့ အတွက် ရှင့်ကို အရမ်း ကျေးဇူ းတင်တယ်။
ဖေဖေ ဖြစ်ချင်ပြီလား။
ကျွန်မ ရှင့်အတွက် အမြဲရှိနေ တယ်နော်။
ကျွန်မရှေ့ကနေ အမြဲ မားမားမတ်မတ် ရှိနေပေးတာ ကျေးဇူးတင် ပါတယ်။
ရှင့်ကို ဖေဖေလို့ ခေါ်မယ့် ကလေးလေး ကျွန်မ ဗိုက်ထဲမှာ ရှိနေပြီ။
ကျွန်မက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး အမျိုးသမီးပဲ သိလား။ ဘာကြောင့်လဲ ဆိုတော့ ရှင်က ကျွန်မ ခင်ပွန်း ဖြစ်နေလို့ပါပဲ။
အခု Marry ပြောပြတဲ့ စကားလေးတွေက ခင်ပွန်းသည် တိုင်းက သူတို့ရဲ့ အမျိုးသမီးတွေ ဆီကနေ မျှော်လင့်နေတဲ့ စကားလေးတွေ ပါ။ နေ့စဉ်နေ့တိုင်း ကိုယ့်ခင်ပွန်းကို ဒီစကားလေးတွေ အကုန်မဟုတ်တောင် နှစ်ခွန်း၊ သုံးခွန်းလောက်တော့ ပုံမှန်ပြောပေးဖို့ မမေ့ပါ နဲ့နော်။
Credti: marry
No Comments