သင်္ကြင်္န် လက်ဆောင် မုန့်လုံးရေပေါ်ပြုလုပ်နည်း
ကောက်ညှင်းမှုန့်် 800g ( ၅၀ သားခန့် ) ၊ဆန် အစိမ်းမှုန့် 200g ( ၁၂ ကျပ်သား ) ၊ရေ 600ml ၊ဆား အနည်းငယ်
ကောက်ညှင်းမှုန့်် 800g ၊ ဆန်အစိမ်းမှုန့် 200g ၊ရေ 600ml ကတော့ ကျမ နယ်တဲ့ အချိုးအစား ပါ။
ပဲခူး ဒေါ်ထွေးရီ
Unicode
သင်္ကြၤန် လက်ဆောင် မုန့်လုံးရေပေါ်ပြုလုပ်နည်း
မုန့်လုံးရေပေါ် ( သင်္ကြန် လက်ဆောင် )
ကောက်ညှင်းမှုန့်် 800g ( ၅၀ သားခန့် ) ၊ဆန် အစိမ်းမှုန့် 200g ( ၁၂ ကျပ်သား ) ၊ရေ 600ml ၊ဆား အနည်းငယ်
ပါဝင်ပစ္စည်း ၄ မျိုးကို နယ်မယ့် ခွက် တစ်ခုထဲ ထည့်ပီး စေးပိုင် လုံးကျစ်လာတဲ့အထိ လက်နဲ့ ဖျစ်ပီးနယ်ပေးပီးနောက်
ခွက်တစ်ခုထဲ ထည့်၍ ပလတ်စတစ် ( သို့ ) အဖုံးအုပ်ပီး ရေခဲသေတ္တာထဲတွင် ၆ နာရီ နှပ်ထားပေးပါ။
၆ နာရီနှပ်ထားပီးရင်တော့ ၊ မုန့်လုံးရေပေါ် လုံးလေးများ လုံးလို့ရပါပီ။
မုန့်နှစ်လေး များကို အရင်လုံးပီး ညှပ်ထားတဲ့ ထညက်ကို ထည့်၍ ပြန်လုံ းပေးပါ။
အိုးထဲရေထည့်ပီး ရေဆူလာတဲ့ အခါ မုန့်လုံးရေပေ ါ်လေးများ ထည့်ပေးပါ။ မုန့်လုံးရေပေါ်လေးများ ရေပေါ်ပေါ် လာရင်တော့
အသင့်ထည့် ထားတဲ့ဲ ရေအေးဇလုံ ထဲမှာ ခဏ စိမ်ပေး လိုက်ပါ။ ပီးရင်တော့ အသင့်ခြစ် ထားတဲ့ အုန်းသီးဖြူးပီး စားသုံး နိုင်ပါ ပီ။
ခြစ်ထားတဲ့ အုန်းသီးလေးတွေကို ဆားမှုန့် အနည်းငယ်နဲ့ နယ်ထားပေးရင် ပိုစားကောင်း ပါတယ်။
မုန့်လုပ် ထညက်တွေက သဲပါ တာကြောင့် ရိုးရိုးထညက်သာ သုံးပါ။
မုန့်နှစ်နယ်တဲ့အခါ မိမိသုံးတဲ့ ကောက်ညှင်းမှုန့်ပေါ် မူတည်ပီး ရေ အနည်း အများကွာတတ် ပါတယ်။
ကောက်ညှင်းမှုန့်် 800g ၊ ဆန်အစိမ်းမှုန့် 200g ၊ရေ 600ml ကတော့ ကျမ နယ်တဲ့ အချိုးအစား ပါ။
ရေနည်းတယ်ထင်ပီး ထပ်မထည့် ရပါဘူး။ နယ်ရင်း နယ်ရင်းနဲ့ သမတဲ့အခါ စေးပိုင် လာပါ လိမ့်မယ်။ နောက်ဆုံး နှပ်ခါနီးမှ ရေလို တယ် ထင်ရင်
အနည်းငယ်လေးသာ ရေလေး ထိုးပေးလိုက် ပြန်နယ် လိုက် လုပ်ပေးပါ။ အကယ်၍ ရေများသွားခဲ့ရင် ကောက်ညှင်းမှုန့်လေး ထပ်ဖြူးပီး ထပ် နှဲပေးပါ။
မုန့်လုံးရေပေါ် ပြုတ်တဲ့အခါ မှာ ရေသန့်မဟုတ်ရင် အရောင် သိပ်မဖွေးတတ် တာမို့ သောက်ရေသန့်နဲ့ပဲ ပြုတ်ပေးပီး ရေအေးစိမ်တဲ့ အခါမှာလည်း သောက်ရေသန့်နဲ့သာ စိမ်ပေး ပါ။
No Comments