Credit to original writer
Unicode
စိတ်ပြေ လျော့အောင်နေပါ
လောကကြီးမှာ စိတ်ဖိစီးမှု နဲ့ကင်းဝေးတဲ့ အရာမရှိ သလောက်ပါပဲ။ ကလေးအရွယ်လည်း ကလေးအရွယ်အလျောက် ၊ကျောင်းသားလည်း ကျောင်းသားလျောက် ။ အိမ်ရှင် မလည်း အိမ်ရှင်မ အလျောက်။ ဝင်ငွေရှာတဲ့ စီးပွားရေး သမားဆို ဘာပြောကောင်း မလဲ။
ဒီတော့ စိတ်ဖိစီးမှု ဆိုတဲ့ stress ကို မဖြေဖျောက်ပဲ ထားလိုက်တဲ့ အခါ စိတ်ကျရောဂါ ဆိုတဲ့ depression ဖြစ်လာ နိုင်ချေ ရှိတယ်။
လေ့လာတွေ့ရှိချက်တွေ အရ အတင်းပြော တာဟာ စိတ်ဖိစီးမှု ကိုေ လျာ့ကျေ စတယ်လို့ဆိုပါ တယ်။ ကြည့်စမ်း မိန်းမ တွေဟာ သဘာဝ တရားအရ ကိုယ့်ဖြေဆေး ကိုယ်ရှာ နိုင်ကြ တာပဲ။
ကျနော် ဟာ သမီးသုံးယောက် အဖေ၊ အိမ်သူနဲ့ပေါင်းရင် တစ် အိမ်လုံးပြေး ကြည့်မှ ယောက်ျား ဆိုလို့ ကိုယ်ပဲ ရှိတယ်။ မိန်းမတွေဟာ နားလည် ရခက် ပါတယ်။ ဒါပေမယ့် ကျနော့်မှာ ရှောင်လွှဲလို့မရ ပါဘူး။ နားလည်ဖို့ ကြိုးစား ရပါ တယ်။
အသက် ၂ နှစ်ခွဲတောင် မရှိသေးတဲ့ ကျနော့် သမီးငယ် ငအဲဟာ အတင်းတုပ် တတ် ပါပြီ။ သူ့မမတွေအကြောင်း သူတွေ့ခဲ့ သမျှ တွေကို သူသိထား သလောက် ဘာသာ စကားနဲ့ တုပ် ပါတယ်။
အတင်းတုပ်တာ ဟာမကောင် းဘူးလို့ လူများစု လက်ခံ ထားကြ မယ်ထင် ပါတယ်။ ဒါပေမယ့် အတင်းပြောတဲ့အလေ့အထ ကတော့ ပျောက်ကွယ် သွားမယ် မထင် ပါဘူး။
အတင်းပြောလို့ စိတ်ဖိစီးမှု လျော့ကျ သွားနိုင် ပေမယ့် တဖက်မှာ မကောင်းတဲ့ အချက်တွေ ရှိပါတယ်။ ဥပမာ လူမှု အပေါင်းအသင်းမှာ ယုံကြည်မှု မခံရတာ မျိုးတွေ ပေါ့။ သူငယ်ချင်း တစ်ယောက်ရဲ့ မကောင်းကြောင်းကို နောက် သူငယ်ချင်း တစ်ယောက်နဲ့ ပြောကြ တယ်ဆို ပါတော့။
အဲ့ဒီလူဟာ နားထောင်နေတဲ့ ခင်ဗျားရဲ့ မကောင်းကြောင်းကို တခြားလူကို ပြန်ပြောဖို့ ၈၀ ရာနုန်းလောက်သေချာနေ ပါပြီ။ ဒါကြောင့် လူတွေက ခင်ဗျားကို သတိထား ဆက်ဆံ ကြပြီ မဟုတ် ပါလား။
ဒါကြောင့် တချို့ဆို အတင်းပြောဖို့ စားကျက်က ကျဉ်းကျဉ်း လာတော့ လူတွေ ပြောင်းပြောင်းပြီး ပေါင်းရသင်းရ တာတွေ လုပ်ရပြန် တယ်။ (ယေဘူယျ သဘောပြောတာပါ)
ဒီတော့ အတင်းမပြောပဲ စိတ်ဖိစီးမှု လျော့ကျစေမယ့် နည်းလမ်း ၃ သွယ်ကို ဝေငှလိုက် ရပါတယ်။
(၁) ကိုယ့်ကိုကိုယ် အကောင်းမြင်ပါ။ (ဥပမာ ငါ စောက်သုံးမကျလို့ ဆိုတာထက် ငါ အကောင်းဆုံး ဘာလုပ်ခဲ့တာပဲ ဘယ်လို လုပ်ခဲ့တာပဲ ဆိုတာမျိုး အကောင်း ဘက် ကနေကြည့်ပြီး ဆင်ခြင်ပါ။ ကိုယ့်ကိုကိုယ်အပြစ်တင်နေလို့ အကျိုးမရှိ။
(၂) အရေးပေါ် ဖိစီးမှုလျော့တဲ့ နည်းလမ်း တွေရှာ ထားပါ။ (ဥပမာ ၁ ကနေ ၁၀ အထိ ရေတွက်မယ်။ အသက်ခပ်ပြင်းပြင်းရှုမယ်။
ပြဿနာ တက်နေတဲ့ နေရာကနေ ခဏ ထွက် သွားမယ်။ တရားထိုင်တာ၊ မေတ္တ ာဘာဝနာ ပွားများတာ၊ ဆုတောင်းတာ၊ ကိုယ်ချစ်တဲ့ ခွေးလေး ကြောင်လေးတွေကို ပွတ်သပ်တာ၊ သီချင်းအငြိမ်လေးတွေနားထောင်တာမျိုး တွေဟာ ရုတ်တရက် ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ တုန့်ပြန် ရမယ့် နည်းလမ်းတွေပါ။
(၃) နေ့စဉ်ကိုယ် ညွှတ်နူးတဲ့ ကိစ္စတစ်ခု အလုပ် တစ်ခုကို ရှာလုပ်ပါ။ ကျနော့် အတွက်ဆို ဟင်းချက်နေ ရတာမျိုး။ ဟင်းချက်နေရင် ကမ္ဘာကြီးကို မေ့နေရော။
( ကျနော့်ရဲ့ နောက်တနည်း ရှိပါသေး တယ်။ အဲ့ဒါကတော့ ဆဲ တာပါ။ အားရပါးရ ဆဲလိုက်ရင် ရပါပြီ။ ဒါပေမယ့် လူ့ယဉ်ကျေးတွေရဲ့ ကမ္ဘာမှာ ဆဲတာကလည်း အဆင်မပြေ ပြန်ဘူး။
ကျနော် ကတော့ ဘောလုံးပွဲ သွားကြည့် ပါတယ်။ ဘေးက ပရိတ်သက်တွေ နဲ့ ရောပြီး ဆဲပါ တယ်။ သူတို့ဆဲတာက ဘောလုံးသမားကို၊ ကျနော်ဆဲတာက ကျနော် ဆဲချင်တဲ့ သူကိုပါ။ 😂)
ကိုယ့်ဝါသနာ ကိုယ်ရှာပါ။ စွဲစွဲမြဲမြဲ အချိန်ပေးပြီး လုပ်ပါ လို့ဆို ပါတယ်။
နည်းလမ်းတွေ ကတော့ အများကြီးပါ။ ဒါပေမယ့် ဒါလေးတွေ ကတော့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လို့ရမယ့် နည်းလမ်းလေးတွေ ဖြစ်ပါကြောင်း ကြေငြာ မောင်းတီးလိုက် ရပ ါတယ်။
No Comments