မွတ္ဉာဏ္ေကာင္းခ်င္ရင္ ဘယ္လိုလုပ္ရမလဲ? - Amawpyay

မွတ္ဉာဏ္ေကာင္းခ်င္ရင္ ဘယ္လိုလုပ္ရမလဲ?

မွတ္ဉာဏ္ေကာင္းခ်င္ရင္ ဘယ္လိုလုပ္ရမလဲ?
Knowledge

မွတ္ဉာဏ္ေကာင္းခ်င္ရင္ ဘယ္လိုလုပ္ရမလဲ?

မွတ္ဉာဏ္ေကာင္းခ်င္ရင္

သဂၤါရဝ ဆိုတဲ့ ပုဏၰားႀကီးက ဘုရားကို ေဗဒင္ က်မ္းေတြ သင္ယူ ထားေပမယ့္ ေမ့ကုန္တယ္ ေပ်ာက္ကုန္တယ္ ဘာေၾကာင့္ ပါလဲ ဘုရား တဲ့။

ျမတ္စြာဘုရားက ရွင္းရွင္းေလး ဥပမာ ေပးထား တာရွိ တယ္။ မိမိရုပ္သြင္ကို ဘာနဲ ့ၾကည့္လဲ ေရွးတုန္းက မွန္မရွိလို ့ ေရခြက္ထဲေရထည့္ၿပီး အရိပ္ေပၚ လာတာ ကို ၾကည့္တယ္။

ဘာလို ့အရိပ္ ထင္တာ လဲေမးလို ့ရွိရင္ ေရဟာပကတိ ၾကည္လင္ ေနလို့ပဲ။ ဒါကို ဘုရားက ဥပမာေပးထားတယ္။

ကိုယ့္စိတ္ကေလးကို ေရလို ့သေဘာထားၾကည့္

(၁) အေရာင္ဆိုး ထားတဲ့ေရလို ကိုယ့္စိတ္ ဟာလည္း ပဲ အေရာင္ဆ္ိုး ခံထားရၿပီ ဆိုရင္ေတာ့ သင္ထားတဲ့ စာေတြ ဟာေပၚ လာမွာ မဟုတ္ဘူး။

(၂) ေနာက္တစ္ခုက ေရဆို တာၿငိမ္ေနဖို ့လည္း လိုတယ္။ ၿငိမ္မွ အရိပ္ထင္ သလို စိတ္ဟာလည္း ဆူပြက္ေနရင္ မွတ္ဉာဏ္ေတြ ေကာင္းမလာ ႏိုင္ဘူး။

(၃) ေရကို အေမွာင္ခ် ထားတယ္ ဆိုရင္လည္း မ်က္ႏွာက ေပၚမွာ မဟုတ္ ဘူးေလ။ ဘုန္းႀကီး တို ့စိတ္ဟာလည္း အေမွာင္ထဲ ေရာက္ေနတဲ့ အေျခအေန မ်ိဳးလည္း ျဖစ္တတ္ တယ္။

(၄) ေနာက္ဆံုးတစ္ခု ေရေပၚမွာ ေမွာ္ပင္ေတြ ရွိေနမယ္ ဆိုလည္း မျမရင္ျပန္ဘူး။

(၁) ကို ျမတ္စြာဘုရားက “”ကာမစၧႏၵ နီဝရဏ “” လ႔ို ့ေဟာထားတယ္။ လိုခ်င္စရာ အာရံုေတြကို လိုလားတဲ့ တဏွာေလာဘ ပါ။ တဏွာရာဂ က လႊမ္းမိုးၿပီး အေရာင္ဆိုး ထားမယ္ ဆိုရင္ စိတ္ဟာ ပီပီျပင္ျပင္ မထင္ႏုိင္လ္ို ့ မွတ္ဉာဏ္ေတြ အားေပ်ာ့ သြားတယ္။

လိုခ်င္စရာ အာရံုကို လိုခ်င္မႈ ျပင္းထန္ လာတာ ေလာက လူေတြက ေလာဘရွိတာ အျပစ္မရွိ ဘူးလို ့ ထင္တယ္။ မဟုတ္ဘူး။ ေလာဘေနာက္မွာ ျပႆနာေတြ အမ်ားႀကီး ပါလာတယ္။

လိုခ်င္ ေနတဲ့ အခ်ိန္မွာလည္း စိတ္ဟာ တည္ၿငိမ္ေအး ခ်မ္းမႈ မရွိဘူး။ ရျပန္ ရန္လည္း ပီတိျဖစ္ျပီး စိတ္ မၿငိမ္မသက္ ျဖစ္မယ္။

ဒီေလာက္တင္ မၿပီးဘူး ရလာ တာကို ကာကြယ္မႈ ေစာင့္ေရွာက္မႈ ဆိုတာ လာျပန္တယ္။ မဆံုးႏိုင္ဘူး။ လိုခ်င္တာမရျပန္ရင္ လည္း ေဒါသထြက္ စိတ္ဆိုး စိတ္ညစ္ရျပန္တယ္။

အဲ့ဒါ ေရကို အေရာင္ ဆိုးေပးလိုက္သလို စိတ္ကို အေရာင္ဆ္ိုးေပးတာ ကာမစၧႏၵ ပါ။ သူ ့ကို ေလ်ာ့ခ် ဖိ႔ု ့ရာစဥ္းစားၾကည့္ေတာ့ — ဆိုပါစို ့။ အင္မတန္လွတဲ့ ၾကည့္ေကာင္းတဲ့ ဒါေလးရွိရင္ ေကာင္းမယ္ စိတ္ေပ်ာ္မွာပဲလို ့ေတြးေတာသည့္အတြက္ေၾကာင့္ ျဖစ္လာတာပါ။

ဒါ့ေၾကာင့္ကိုယ့္ စိတ္ကို နည္းနည္း ေတာ့ေျပာင္းေပး ရမယ္။ ဘယ္လိုစဥ္းစား ရမလဲ ဆိုရင္ —.ေၾသာ္ ဘယ္အရာမွ မျမဲဘူး။ တစ္ေန ့က် ေတာ့အားလံုး ထားပစ္ ခဲ့ရမွာပဲ ဆိုတဲ့ အေတြးေလး ထားလိုက္ ခုဏက ကာမစၧႏၵ က ေလ်ာ့က် သြား မွာဘဲ။

ကိုယ့္ခႏၲာကိုယ္ ကိုသူမ်ားခႏၲာကိုယ္ ကို ႏွစ္သက္ ေနၿပီဆို ရင္လည္း မႏွစ္သက္ေအာင္ စဥ္းစားၾကည့္ ေရမခ်ိဳးပဲ ပစ္ထား လိုက္မယ္ ဆိုရင္ ပုတ္ပြ နံေစာ္ေနမွာပဲ။

ခႏၲာကိုယ္အတြင္းနဲ ့အျပင္ ေျပာင္းတပ္ လိုက္မယ္ ဆိုရင္ ရြံရွာဖြယ္ အသားညွီတံုး ေသြးသံရဲရဲႀကီးပဲ။ အေပၚအေရျပားကယ္လို ့ မိတ္ကပ္ေတြနဲ ့လွေနတာပဲ။ ဒီလို ဆင္ျခင္ရင္းနဲ ့ ေလ်ာ့ခ် ႏိုင္တယ္။

ဒီကာမစၧႏၵ ဆိုတဲ့ စိတ္ကို အေရာင္ဆ္ိုးတဲ့ သဘာဝ တရားႀကီး ကို ရွင္းပစ္ လိုက္တာနဲ ့ တျပိဳင္နက္ စိ္တ္ရ႕ဲ ့ေအးခ်မ္းမႈဟာ အျပည့္အဝ ရလာမွာပါ။ အခု ေလာကလူေတြ စိတ္ေအးခ်မ္း မႈ မရဘူး။ ေသာေကတြန႔ဲ ့ေနၾကတယ္။

လိုခ်င္တာ တြယ္တာတာကို အေၾကာင္းျပဳၿပီး ေနာက္က ေသာက ဆိုတာလာ တာတဲ့။ ဒါ့ေၾကာင့္ လိုခ်င္ တာ တြယ္တာတာ မရွိေအာင္ေနပါ။

(၂) ဆူပြက္ေနတဲ့ ေရအေနအထား “”ဗ်ာပါဒ”” ဆိုတဲ့ မုန္းတီးမႈ အလိုမက်မႈ ဆိုတာေတြပါ။ ဘာနဲ ့ေလ်ာ့ခ်ရမလဲ ဆိုတာၾကည့္ လူတစ္ေယာက္ အေပၚမုန္းေနၿပီ ဆိုရင္ ေကာင္းကြက္ ကိုရွာ ေမတၱာပြားတဲ့။ ေဒါသဆိုတဲ့ အလိုမက်မႈကို သူ ့ရဲ ့အက်ိဳးစီးပြား ကို လိုလားမႈ ဆိုတဲ့ေမတၱာ တရားနဲ ့ပဲေျဖရွင္းရမယ္တဲ့။

ရွင္သာရိပုတၱရာက ဥပမာေပးထားတာ ေမွာ္ ဖံုးေနတဲ့ ေရျပင္ကို ေမွာ္ေလးေတြ လက္နဲ ့ အသာယက္ဖယ္ၿပီးေမွာ္ကင္းတဲ့ ေရေလးကိုမွ ေသာက္ရသလို ေလာက လူသားေတြ ဟာလည္း အဆိုးနဲ ့အေကာင္း အျပစ္နဲ ့ဂုဏ္ ေရာေထြးၿပီး ေနတတ္တယ္။ ဒါ့ေၾကာင့္ အျပစ္ကေလး အသာဖယ္ ေကာင္းကြက္ကေလးကို ေမတၱာပြား ရမယ္။

(၃) အေမွာင္ထဲ ေရာက္ေနတယ္ “”ထိန န႔ဲ ့မိဒၶ “” စိတ္န႔ဲ ့ေစတသိက္ေတြရဲ ့အားေပ်ာ့ တြန္ ့ဆုတ္သြားမႈ။စိတ္ဟာအလုပ္ မလုပ္ႏိုင္ ေတာ့ဘဲ စိတ္ေတြေလ်ာ့ က် သြားတာ။ စိတ္လန္း ဆန္းေအာင္ ျပန္ၿပီး ႀကိဳးစားေပးရမယ။္

အခုေခတ္က စိတ္တက္ႂကြေစတဲ့ ေဆးေတြ သံုးတာမ်ိဳး လဲရွိၾက တယ္ေပါ့။ ကမၼ႒ာန္းထိုင္တာ ပဲျဖစ္ျဖစ္ ေကာင္းတဲ့ လုပ္ငန္းေတြ လုပ္ ရင္ စိတ္ ဟာလန္းဆန္း တက္ႂကြ လာမွာပါ။

ၾကည္ႏူးစရာ အာရံုတစ္ခုခုနဲ ့ ဘုရားအာရံုျပဳတာ ပဲျဖစ္ျဖစ္ တရားပဲျဖစ္ျဖစ္ စိတ္အားတက္ေအာင္ လုပ္ေဆာင္ ေပးပါ ။ ဒါမွ မွတ္ဉာဏ္ေတြေကာင္းလ ာမယ္။

(၄) ေနာက္ “”ဥဒၶစၥ ကုကၠဳစ “” စုစည္းလို ့မရ ေအာင္ စိတ္ေတြေလတာန႔ဲ ့တစ္စံုတစ္ခုအတြက္ စိတ္မွာေနာင္တ ရေနတာ။ ပူပန္ေနတာ။ ဒီၿငိမ္းေအးမႈ မရွိတဲ ့စိတ္ေတြ ျဖစ္ေပၚတာနဲ ့ တစ္ျပိဳင္နက္ မွတ္ဉာဏ္ေတြပ်က္စီး သြားႏိုင္ တယ္။ အသိဉာဏ္ေတြ ေပၚမလာ ႏိုင္ဘူး။ ဒါေတြကို ထြက္ေလ ဝင္ေလ မွတ္ၿပီး သမာဓိ ထူေထာင္ရင္းနဲ ့ ပယ္ဖ်က္ပါ။

(၅) ေနာက္တစ္ခုက်ေတာ့ “” ဝီစိကိစာၦ “” လို ့ေခၚတယ္။ ဘာလုပ္ ရမလဲ ဘာမလုပ္ ရ ဘူးလဲ န႔ဲ ့စဥ္းစားဆင္ျခင္လ္ိုက္တဲ့အခါ ဆံုးျဖတ္ ခ်က္မေပး ႏိုင္ဘူး။ သံသယေတြျဖစ္ေနတာ။

သ႔ိုေလာသ ႔ိုေလာေတြ ျဖစ္လာၿပီဆို အသိဉာဏ္ ေတြတံုး သြားတတ္ တယ္။ သံသယ ေပ်ာက္ကင္း ေအာင္ ေမးျမန္းျခင္း ေလ့လာျခင္း စူးစမ္းျခင္း ဟာ မွန္ကန္တဲ့ နည္းစနစ္ တစ္ခုပဲ။

ဒီ နီဝရဏ ငါးပါးလို ့ေခၚတဲ့ ကာမစၧႏၵ ဗ်ာပါဒ ထိနမိဒၶ ဥဒၥစၥကုကၠဳစၥ ဝီစိကိစာၦ တို ့ကို ဖယ္ ရွားပစ္ရမယ္။ ဒါမွ ေလာကအက်ိဳး ေကာင္းက်ိဳးခ်မ္းသာ ေဆာင္ရြက္ ႏိုင္မွာျဖစ္ တယ္။ ဒါေၾကာင့္ တရားခ်စ္ခင္သူေတာ္စင္မ်ား က်င့္ၾကံၾကိဳးစား နိုင္ၾက ပါေစ။

ပါေမာကၡခ်ဳပ္ ဆရာေတာ္

ေဒါက္တာအရွင္နႏၵမာလာဘိ၀ံသ

Unicode

မှတ်ဉာဏ်ကောင်းချင်ရင် ဘယ်လိုလုပ်ရမလဲ?

မှတ်ဉာဏ်ကောင်းချင်ရင်

သင်္ဂါရဝ ဆိုတဲ့ ပုဏ္ဏားကြီးက ဘုရားကို ဗေဒင် ကျမ်းတွေ သင်ယူ ထားပေမယ့် မေ့ကုန်တယ် ပျောက်ကုန်တယ် ဘာကြောင့် ပါလဲ ဘုရား တဲ့။

မြတ်စွာဘုရားက ရှင်းရှင်းလေး ဥပမာ ပေးထား တာရှိ တယ်။ မိမိရုပ်သွင်ကို ဘာနဲ့ကြည့်လဲ ရှေးတုန်းက မှန်မရှိလို့ ရေခွက်ထဲရေထည့်ပြီး အရိပ်ပေါ် လာတာ ကို ကြည့်တယ်။

ဘာလို့အရိပ် ထင်တာ လဲမေးလို့ရှိရင် ရေဟာပကတိ ကြည်လင် နေလို့ပဲ။ ဒါကို ဘုရားက ဥပမာပေးထားတယ်။

ကိုယ့်စိတ်ကလေးကို ရေလို့သဘောထားကြည့်

(၁) အရောင်ဆိုး ထားတဲ့ရေလို ကိုယ့်စိတ် ဟာလည်း ပဲ အရောင်ဆိုး ခံထားရပြီ ဆိုရင်တော့ သင်ထားတဲ့ စာတွေ ဟာပေါ် လာမှာ မဟုတ်ဘူး။

(၂) နောက်တစ်ခုက ရေဆို တာငြိမ်နေဖို့လည်း လိုတယ်။ ငြိမ်မှ အရိပ်ထင် သလို စိတ်ဟာလည်း ဆူပွက်နေရင် မှတ်ဉာဏ်တွေ ကောင်းမလာ နိုင်ဘူး။

(၃) ရေကို အမှောင်ချ ထားတယ် ဆိုရင်လည်း မျက်နှာက ပေါ်မှာ မဟုတ် ဘူးလေ။ ဘုန်းကြီး တို့စိတ်ဟာလည်း အမှောင်ထဲ ရောက်နေတဲ့ အခြေအနေ မျိုးလည်း ဖြစ်တတ် တယ်။

(၄) နောက်ဆုံးတစ်ခု ရေပေါ်မှာ မှော်ပင်တွေ ရှိနေမယ် ဆိုလည်း မမြရင်ပြန်ဘူး။

(၁) ကို မြတ်စွာဘုရားက “”ကာမစ္ဆန္ဒ နီဝရဏ “” လ့ို့ဟောထားတယ်။ လိုချင်စရာ အာရုံတွေကို လိုလားတဲ့ တဏှာလောဘ ပါ။ တဏှာရာဂ က လွှမ်းမိုးပြီး အရောင်ဆိုး ထားမယ် ဆိုရင် စိတ်ဟာ ပီပီပြင်ပြင် မထင်နိုင်လို့ မှတ်ဉာဏ်တွေ အားပျော့ သွားတယ်။

လိုချင်စရာ အာရုံကို လိုချင်မှု ပြင်းထန် လာတာ လောက လူတွေက လောဘရှိတာ အပြစ်မရှိ ဘူးလို့ ထင်တယ်။ မဟုတ်ဘူး။ လောဘနောက်မှာ ပြဿနာတွေ အများကြီး ပါလာတယ်။

လိုချင် နေတဲ့ အချိန်မှာလည်း စိတ်ဟာ တည်ငြိမ်အေး ချမ်းမှု မရှိဘူး။ ရပြန် ရန်လည်း ပီတိဖြစ်ပြီး စိတ် မငြိမ်မသက် ဖြစ်မယ်။

ဒီလောက်တင် မပြီးဘူး ရလာ တာကို ကာကွယ်မှု စောင့်ရှောက်မှု ဆိုတာ လာပြန်တယ်။ မဆုံးနိုင်ဘူး။ လိုချင်တာမရပြန်ရင် လည်း ဒေါသထွက် စိတ်ဆိုး စိတ်ညစ်ရပြန်တယ်။

အဲ့ဒါ ရေကို အရောင် ဆိုးပေးလိုက်သလို စိတ်ကို အရောင်ဆိုးပေးတာ ကာမစ္ဆန္ဒ ပါ။ သူ့ကို လျော့ချ ဖိ့ု့ရာစဉ်းစားကြည့်တော့ — ဆိုပါစို့။ အင်မတန်လှတဲ့ ကြည့်ကောင်းတဲ့ ဒါလေးရှိရင် ကောင်းမယ် စိတ်ပျော်မှာပဲလို့တွေးတောသည့်အတွက်ကြောင့် ဖြစ်လာတာပါ။

ဒါ့ကြောင့်ကိုယ့် စိတ်ကို နည်းနည်း တော့ပြောင်းပေး ရမယ်။ ဘယ်လိုစဉ်းစား ရမလဲ ဆိုရင် —.သြော် ဘယ်အရာမှ မမြဲဘူး။ တစ်နေ့ကျ တော့အားလုံး ထားပစ် ခဲ့ရမှာပဲ ဆိုတဲ့ အတွေးလေး ထားလိုက် ခုဏက ကာမစ္ဆန္ဒ က လျော့ကျ သွား မှာဘဲ။

ကိုယ့်ခန္တာကိုယ် ကိုသူများခန္တာကိုယ် ကို နှစ်သက် နေပြီဆို ရင်လည်း မနှစ်သက်အောင် စဉ်းစားကြည့် ရေမချိုးပဲ ပစ်ထား လိုက်မယ် ဆိုရင် ပုတ်ပွ နံစော်နေမှာပဲ။

ခန္တာကိုယ်အတွင်းနဲ့အပြင် ပြောင်းတပ် လိုက်မယ် ဆိုရင် ရွံရှာဖွယ် အသားညှီတုံး သွေးသံရဲရဲကြီးပဲ။ အပေါ်အရေပြားကယ်လို့ မိတ်ကပ်တွေနဲ့လှနေတာပဲ။ ဒီလို ဆင်ခြင်ရင်းနဲ့ လျော့ချ နိုင်တယ်။

ဒီကာမစ္ဆန္ဒ ဆိုတဲ့ စိတ်ကို အရောင်ဆိုးတဲ့ သဘာဝ တရားကြီး ကို ရှင်းပစ် လိုက်တာနဲ့ တပြိုင်နက် စိတ်ရဲ့အေးချမ်းမှုဟာ အပြည့်အဝ ရလာမှာပါ။ အခု လောကလူတွေ စိတ်အေးချမ်း မှု မရဘူး။ သောကေတွနဲ့နေကြတယ်။

လိုချင်တာ တွယ်တာတာကို အကြောင်းပြုပြီး နောက်က သောက ဆိုတာလာ တာတဲ့။ ဒါ့ကြောင့် လိုချင် တာ တွယ်တာတာ မရှိအောင်နေပါ။

(၂) ဆူပွက်နေတဲ့ ရေအနေအထား “”ဗျာပါဒ”” ဆိုတဲ့ မုန်းတီးမှု အလိုမကျမှု ဆိုတာတွေပါ။ ဘာနဲ့လျော့ချရမလဲ ဆိုတာကြည့် လူတစ်ယောက် အပေါ်မုန်းနေပြီ ဆိုရင် ကောင်းကွက် ကိုရှာ မေတ္တာပွားတဲ့။ ဒေါသဆိုတဲ့ အလိုမကျမှုကို သူ့ရဲ့အကျိုးစီးပွား ကို လိုလားမှု ဆိုတဲ့မေတ္တာ တရားနဲ့ပဲဖြေရှင်းရမယ်တဲ့။

ရှင်သာရိပုတ္တရာက ဥပမာပေးထားတာ မှော် ဖုံးနေတဲ့ ရေပြင်ကို မှော်လေးတွေ လက်နဲ့ အသာယက်ဖယ်ပြီးမှော်ကင်းတဲ့ ရေလေးကိုမှ သောက်ရသလို လောက လူသားတွေ ဟာလည်း အဆိုးနဲ့အကောင်း အပြစ်နဲ့ဂုဏ် ရောထွေးပြီး နေတတ်တယ်။ ဒါ့ကြောင့် အပြစ်ကလေး အသာဖယ် ကောင်းကွက်ကလေးကို မေတ္တာပွား ရမယ်။

(၃) အမှောင်ထဲ ရောက်နေတယ် “”ထိန နဲ့မိဒ္ဓ “” စိတ်နဲ့စေတသိက်တွေရဲ့အားပျော့ တွန့်ဆုတ်သွားမှု။စိတ်ဟာအလုပ် မလုပ်နိုင် တော့ဘဲ စိတ်တွေလျော့ ကျ သွားတာ။ စိတ်လန်း ဆန်းအောင် ပြန်ပြီး ကြိုးစားပေးရမယ။်

အခုခေတ်က စိတ်တက်ကြွစေတဲ့ ဆေးတွေ သုံးတာမျိုး လဲရှိကြ တယ်ပေါ့။ ကမ္မဋ္ဌာန်းထိုင်တာ ပဲဖြစ်ဖြစ် ကောင်းတဲ့ လုပ်ငန်းတွေ လုပ် ရင် စိတ် ဟာလန်းဆန်း တက်ကြွ လာမှာပါ။

ကြည်နူးစရာ အာရုံတစ်ခုခုနဲ့ ဘုရားအာရုံပြုတာ ပဲဖြစ်ဖြစ် တရားပဲဖြစ်ဖြစ် စိတ်အားတက်အောင် လုပ်ဆောင် ပေးပါ ။ ဒါမှ မှတ်ဉာဏ်တွေကောင်းလ ာမယ်။

(၄) နောက် “”ဥဒ္ဓစ္စ ကုက္ကုစ “” စုစည်းလို့မရ အောင် စိတ်တွေလေတာနဲ့တစ်စုံတစ်ခုအတွက် စိတ်မှာနောင်တ ရနေတာ။ ပူပန်နေတာ။ ဒီငြိမ်းအေးမှု မရှိတဲ့စိတ်တွေ ဖြစ်ပေါ်တာနဲ့ တစ်ပြိုင်နက် မှတ်ဉာဏ်တွေပျက်စီး သွားနိုင် တယ်။ အသိဉာဏ်တွေ ပေါ်မလာ နိုင်ဘူး။ ဒါတွေကို ထွက်လေ ဝင်လေ မှတ်ပြီး သမာဓိ ထူထောင်ရင်းနဲ့ ပယ်ဖျက်ပါ။

(၅) နောက်တစ်ခုကျတော့ “” ဝီစိကိစ္ဆာ “” လို့ခေါ်တယ်။ ဘာလုပ် ရမလဲ ဘာမလုပ် ရ ဘူးလဲ နဲ့စဉ်းစားဆင်ခြင်လိုက်တဲ့အခါ ဆုံးဖြတ် ချက်မပေး နိုင်ဘူး။ သံသယတွေဖြစ်နေတာ။

သ့ိုလောသ့ိုလောတွေ ဖြစ်လာပြီဆို အသိဉာဏ် တွေတုံး သွားတတ် တယ်။ သံသယ ပျောက်ကင်း အောင် မေးမြန်းခြင်း လေ့လာခြင်း စူးစမ်းခြင်း ဟာ မှန်ကန်တဲ့ နည်းစနစ် တစ်ခုပဲ။

ဒီ နီဝရဏ ငါးပါးလို့ခေါ်တဲ့ ကာမစ္ဆန္ဒ ဗျာပါဒ ထိနမိဒ္ဓ ဥဒ္စစ္စကုက္ကုစ္စ ဝီစိကိစ္ဆာ တို့ကို ဖယ် ရှားပစ်ရမယ်။ ဒါမှ လောကအကျိုး ကောင်းကျိုးချမ်းသာ ဆောင်ရွက် နိုင်မှာဖြစ် တယ်။ ဒါကြောင့် တရားချစ်ခင်သူတော်စင်များ ကျင့်ကြံကြိုးစား နိုင်ကြ ပါစေ။

ပါမောက္ခချုပ် ဆရာတော်

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Unicode

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Knowledge
ဖုန်းသုံးရင်း လမ်းလျှောက်သွားတာကြောင့် ရေမြောင်းပေါက်ရဲ့ သံမဏိသံတိုင်ကြားမှာ နောင်တတွေနဲ့ ဖြတ်သန်းခဲ့ရသည့် ကောင်မလေး

ဖုန်းသုံးရင်း လမ်းလျှောက်သွားတာကြောင့် ရေမြောင်းပေါက်ရဲ့ သံမဏိသံတိုင်ကြားမှာ နောင်တတွေနဲ့ ဖြတ်သန်းခဲ့ရသည့် ကောင်မလေး လမ်းလျှောက်တာ၊ ကားမောင်းတာတွေဆို ဘာမျှမလုပ်၊ ဖုန်းမသုံးတာက အကောင်းဆုံးလို့ထင်မိပါတယ် ။ အကြောင်းမှာ တရုတ်မိန်းကလေးငယ်တစ်ဦးက လမ်းလျှောက်ရင်းနဲ့ သူမသူငယ်ချင်းတွေကို စာပို့နေတာကြောင့် ရေမြောင်းအပေါက်ကို သတိမထားမိဘဲ နာရီပေါင်းများစွာ ညှက်မိနေခဲ့ပါတယ် ။ ရေမြောင်းအပေါက်ထဲကျပြီး သူမရဲ့ဖုန်းပျောက်သွားလားမသိပေမယ့် တကယ့်ကိုရှက်စရာကောင်းတာက သူမအများကြီးကြိုးစားခဲ့ရင်တောင် မြောင်းပေါက် ရဲ့သံမဏိသံတိုင်တွေကြားမှာ သူမ မနည်းရုန်းကန်နေရတာပါ ။ ရုန်းရင်းနဲ့ သူမရဲ့ ခြေထောက်တွင် ပိုနီရဲပြီး ဒေါသဖြစ်နေခဲ့ပါတယ် ။ မိနစ်အနည်းငယ်အကြာမှာ ကောင်မလေးက ရေမြောင်းထဲတွင် ပိတ်မိနေပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မီးသတ်ကားကို အကူအညီတောင်းခဲ့သော်လည်း နောက်ဆုံး မီးသတ်သမားတွေက သူမကို ကယ်ထုတ်ရန် …

Knowledge
တရားသူကြီးဝတ်စုံနဲ့ ငယ်ရွယ်လှပတဲ့ ချစ်စရာအသွင်အပြင်ကြောင့် လူအများကို မေးခွန်းထုတ်စေခဲ့တဲ့ မိန်းကလေး

တရားသူကြီးဝတ်စုံနဲ့ ငယ်ရွယ်လှပတဲ့ ချစ်စရာအသွင်အပြင်ကြောင့် လူအများကို မေးခွန်းထုတ်စေခဲ့တဲ့ မိန်းကလေး တရားရုံးမှာ တရားသူကြီးဝတ်ရုံနဲ့ ဝတ်ဆင်ထားတဲ့ မိန်းမငယ်လေးရဲ့ ဓာတ်ပုံကို မျှဝေလိုက်တဲ့အခါမှာ များစွာသော Netizen တွေက ထိုမိန်းကလေးဟာ တရားသူကြီးဟုတ်မဟုတ်ဆိုတဲ့ မေးခွန်းတွေ ထုတ်မေးကြပါတယ် ။ အကယ်လို့ သူမသာ တကယ်တရားသူကြီးဖြစ်မယ်ဆိုရင် တရားသူကြီး အားလုံးထဲမှ အငယ်ဆုံးတရားသူကြီး ဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ် ။ မကြာခင်မှာပဲ netizen တွေက ဒီမိန်းကလေးရဲ့ အကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ သူမနာမည်က Leanna Leonardo လို့ ခေါ်တာပါ ။ ဒါပေမယ့် သူမဟာ တရားသူကြီးမဖြစ်သေးပါဘူး ။ ဒီမိန်းကလေးက အင်ဒိုနီးရှားနိုင်ငံ၊ Yogyakarta မြို့ …

Knowledge
အရင်က အမျိုးသားတွေလို့ မထင်ရလောက်အောင် ချောမောလှပပြီး စွဲဆောင်မှုအပြည့်ရှိနေကြတဲ့ လိင်ပြောင်းအမျိုးသမီးများ

အရင်က အမျိုးသားတွေလို့ မထင်ရလောက်အောင် ချောမောလှပပြီး စွဲဆောင်မှုအပြည့်ရှိနေကြတဲ့ လိင်ပြောင်းအမျိုးသမီးများ ဒီ Transgender (လိင်ပြောင်း) ကောင်မလေးတွေကတော့ သူတို့ရဲ့ အလှအပကြောင့် အွန်လိုင်းပေါ်က လူအများပြားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အလှအပကြောင့် နာမည်ကြီးရုံသာမကပဲ သူတို့ရဲ့ သီးခြားနယ်ပယ် အသီးသီးမှာပါ အသီးသီးအောင်မြင်နေကြတဲ့သူတွေဖြစ်ပါတယ်။ 1 Chalisa Rose သူမကတော့ Transgender တစ်ယောက်ဖြစ်တဲ့ အပြင် မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမက တရုတ် ရုပ်ရှင်ဇာတ်ကားမှာ သေးငယ်တဲ့ ဇာတ်ကောင်ကနေ ပါဝင် သရုပ်ဆောင်ရာကနေ အောင်မြင်လာတာဖြစ်ပါတယ်။ အခုဆိုရင်တော့ တရုပ်ပြည်မှာ ခိုင်မာတဲ့ ပရိသတ်တွေ ရရှိနေပြီးပြီ ဖြစ်ပါတယ်။ 2 Monthana Jeen …