
တခ်ိန္ငါ့သမီးေလးကို ေျပာျပရမယ္ ထမင္းစားဖို႔ လင္ယူစရာမလိုတဲ့ မိန္းကေလးဟာ ကမၻာေပၚမွာ အေခ်နိုင္ဆုံးပဲ
တခ်ိန္ သမီးေလး သိဖို႔
“ကိစၥမရွိဘူး ငါတို႔က အခ်ိန္တန္ ေယာက္်ားယူမွာ ေယာက္်ားက ရွာေကၽြး လိမ့္မယ္”တဲ့
ဘာရယ္မဟုတ္ ျပဳံးေတာ့ျပဳံးမိသား..၁၆ႏွစ္အရြယ္ မိန္းကေလး တစ္ေယာက္ရဲ့အေတြးက
သိပ္ရိုးရွင္းတယ္ လို႔ေတြးရင္ေတြးလို ႔ရသလို အႏၲရာယ္မ်ား လိုက္တာလို႔ ေတြးရင္ လည္းေတြးလို ႔ရနိုင္တာကိုး..
သမီးတို႔အေနနဲ႔ ေယာက္်ားေနာက္ လိုက္သြား႐ုံနဲ႔ အရာရာ အဆင္ေျပ သြားမယ္ လို ႔ထင္ေနၾက တာေတြ
ထမင္းစားဖို႔အတြက္ ေယာက္် ားယူ လိုက္မယ္လို႔ ခပ္လြယ္လြယ္ေတြး လိုက္တာေတြ
သိပ္မ်ားေနၿပီလားလို ႔လည္းေတြး မိပါ့…ခုေခတ္ေယာက္် ားေတြ(အမ်ားစု)က
အေတြးအျမင္ေတြ ေျပာင္းကုန္ၾကတာ သမီးတို ႔မသိေသး တာလား?
ေယာက္်ားေတြက အလုပ္ရွိတဲ့ မိန္းကေလး ကိုယ္ကသိပ္ ႐ုန္းေပးစရာ မလိုတဲ့ မိန္းကေလးကို ပိုသေဘာက်ၾကတယ္ ဆိုတာ
ေငြရွိရင္ရွိ မရွိရင္ ပညာတတ္ ရာထူး ရွိမွ ပိုသေဘာက် ၾကတယ္ ဆိုတာ
အလုပ္လုပ္တတ္ စီးပြားရွာတတ္ အျမင္က်ယ္တဲ့ မိန္းကေလးကို မွ ပိုတြဲခ်င္ ၾကတယ္ ဆိုတာ
သူတို႔ကို အစစအရာရာ သိပ္မမွီခို တဲ့ အရည္အခ်င္ းရွိတဲ့ မိန္းကေလးကိုမွ တန္ဖိုးပို ထားၾကတယ္ဆိုတာ…
ငါ့သမီးတို႔ သိေအာင္ေျပာျပ ခ်င္ပါဘိ…ေယာက္်ားလုပ္ စာလက္ျဖန္႔ေတာင္းၿပီး အိမ္မွာပဲ ထမင္းခ်က္
ကေလးထိုင္ေမြးမယ့္ မိန္းကေလးမ်ိဳး ကို သိပ္မေရြးခ်င္ ၾကေတာ့ဘူး ဆိုတာလည္း ေျပာျပ ခ်င္ေသးတယ္
(တခ်ိဳ႕ေတြကို ဆိုလိုတာေနာ္ အားလုံးလို ႔မေျပာဘူး…)
ခုေခတ္ေယာကၡမေတြ ကေရာ အိမ္ေပၚ တက္လာ တဲ့ေခၽြးမကို ဘယ္လို ႀကိဳဆို ၾကသလဲ
ဘာပညာမွ မတတ္ ဘာအလုပ္မွ မလုပ္တတ္ ဘယ္ေနရာမွ ဝင္မဆန္႔တဲ့ မိန္းကေလးမ်ိဳးကို ဝမ္းသာအားရႀကိဳ ဆိုမယ့္ ေယာကၡမမ်ိဳး
သိပ္ကိုရွားသြားၿပီ ဆိုတာ ငါ့သမီးတို ႔သိပါေလစ.။
အိမ္ေထာင္မျပဳခင္ လူ႔ေလာက အတြက္ အခက္အခဲေတြေတြ႕ရင္ ရင္ဆိုင္ နိုင္ေအာင္ မိဘေတြက လက္နက္မ်ိဳးစုံတပ္ဆင္ေပးေန တာကို
ငါ့သမီးတို႔ သိပါေလစ…ေရာ့ ပညာလက္နက္ ငါ့ပညာနဲ႔ ငါလုပ္စားလို႔ ရတယ္ လင္မ်က္ႏွာ ေယာကၡမမ်က္ႏွာၾကည့္စရာ မလိုဘူး
ေရာ့ အေတြးအေခၚလက္နက္ ဘယ္ဟာအေကာင္း ဘယ္ဟာအဆိုး ငါခြဲျခားနိုင္တယ္ေရာ့ အလုပ္အကိုင္လက္နက္ ငါ့မွာအလုပ္အကိုင္ရွိတယ္ အသိုင္းအဝိုင္းရွိတယ္ ငါ့တစ္ဝမ္းတစ္ခါး ငါရွာစားနိုင္တယ္
အဲဒီလိုလက္နက္ေတြပါသြားေတာ့ ပိုမေကာင္းဘူးလား ေမြးရာပါလက္နက္ဟာ တစ္ဘဝလုံးအတြက္ အာမခံခ်က္မရွိဘူးဆိုတာ
ငါ့သမီးတို႔ကိုေျပာျပမယ့္သူမရွိဘူးလား…
ပညာကမစုံအေတြ႕အၾကဳံကမရင့္က်က္အလုပ္အကိုင္ကမရွိနဲ႔လင္ယူလိုက္႐ုံနဲ႔ဒုကၡေတြၿငိမ္းသြားတာမဟုတ္ဘူး ငါ့သမီးတို႔…
လင္ယူလိုက္မွဒုကၡေတြစတာဆိုတာေျပာျပခ်င္လိုက္တာ…တကယ္လို႔မ်ားသမီးေလးတို႔ေရြးခ်ယ္လိုက္တဲ့ေယာက္် ားဟာ
ကုတင္ေပၚမွာပဲ ခ်စ္တတ္ၿပီး…
က်န္တဲ့အခ်ိန္မွာဘဝရဲ့ဒုကၡေတြအခက္အခဲေတြကိုမၽွေဝခံစားေဖာ္မရတဲ့ေယာက္် ားမ်ိဳးဆိုရင္…လင္ယူၿပီးမွ ကိုယ့္ဝမ္းကိုယ္ရွာစားေနရၿပီး
သူ႔ကိုပါရွာေကၽြးေနရရင္ငါ့သမီးတို႔အလကားေနအလကားလင္တစ္ေယာက္အဖက္တင္ေနမွာေပါ့…
ကဲဘဝက ထင္သေလာက္လြယ္ေသးလား?လိုအပ္တဲ့လက္နက္မ်ိဳးစုံ အစုံအလင္ပါမွေလာကႀကီးထဲထြက္လိုက္စမ္းပါ…
ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္နိုင္တဲ့မိန္းကေလးဟာကမၻာေပၚမွာအလွဆုံးပဲ
ကိုယ္ရပ္တည္ဖို႔အတြက္ဘယ္သူ႔ကိုမွဂ႐ုစိုက္စရာမလိုတဲ့မိန္းကေလးဟာကမၻာေပၚမွာအလွဆုံးပဲ
ထမင္းစားဖို႔ လင္ယူစရာမလိုတဲ့မိန္းကေလးဟာကမၻာေပၚမွာ အေခ်နိုင္ဆုံးပဲငါ့သမီးေတြကမၻာ့အလွဆုံးမိန္းကေလးေတြျဖစ္ၾကစမ္းပါ
Credit#
Unicode
တချိန်ငါ့သမီးလေးကို ပြောပြရမယ် ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ
တချိန် သမီးလေး သိဖို့
“ကိစ္စမရှိဘူး ငါတို့က အချိန်တန် ယောက်ျားယူမှာ ယောက်ျားက ရှာကျွေး လိမ့်မယ်”တဲ့
ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား..၁၆နှစ်အရွယ် မိန်းကလေး တစ်ယောက်ရဲ့အတွေးက
သိပ်ရိုးရှင်းတယ် လို့တွေးရင်တွေးလို့ရသလို အန္တရာယ်များ လိုက်တာလို့ တွေးရင် လည်းတွေးလို့ရနိုင်တာကိုး..
သမီးတို့အနေနဲ့ ယောက်ျားနောက် လိုက်သွားရုံနဲ့ အရာရာ အဆင်ပြေ သွားမယ် လို့ထင်နေကြ တာတွေ
ထမင်းစားဖို့အတွက် ယောက်ျ ားယူ လိုက်မယ်လို့ ခပ်လွယ်လွယ်တွေး လိုက်တာတွေ
သိပ်များနေပြီလားလို့လည်းတွေး မိပါ့…ခုခေတ်ယောက်ျ ားတွေ(အများစု)က
အတွေးအမြင်တွေ ပြောင်းကုန်ကြတာ သမီးတို့မသိသေး တာလား?
ယောက်ျားတွေက အလုပ်ရှိတဲ့ မိန်းကလေး ကိုယ်ကသိပ် ရုန်းပေးစရာ မလိုတဲ့ မိန်းကလေးကို ပိုသဘောကျကြတယ် ဆိုတာ
ငွေရှိရင်ရှိ မရှိရင် ပညာတတ် ရာထူး ရှိမှ ပိုသဘောကျ ကြတယ် ဆိုတာ
အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကို မှ ပိုတွဲချင် ကြတယ် ဆိုတာ
သူတို့ကို အစစအရာရာ သိပ်မမှီခို တဲ့ အရည်အချင် းရှိတဲ့ မိန်းကလေးကိုမှ တန်ဖိုးပို ထားကြတယ်ဆိုတာ…
ငါ့သမီးတို့ သိအောင်ပြောပြ ချင်ပါဘိ…ယောက်ျားလုပ် စာလက်ဖြန့်တောင်းပြီး အိမ်မှာပဲ ထမင်းချက်
ကလေးထိုင်မွေးမယ့် မိန်းကလေးမျိုး ကို သိပ်မရွေးချင် ကြတော့ဘူး ဆိုတာလည်း ပြောပြ ချင်သေးတယ်
(တချို့တွေကို ဆိုလိုတာနော် အားလုံးလို့မပြောဘူး…)
ခုခေတ်ယောက္ခမတွေ ကရော အိမ်ပေါ် တက်လာ တဲ့ချွေးမကို ဘယ်လို ကြိုဆို ကြသလဲ
ဘာပညာမှ မတတ် ဘာအလုပ်မှ မလုပ်တတ် ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းကလေးမျိုးကို ဝမ်းသာအားရကြို ဆိုမယ့် ယောက္ခမမျိုး
သိပ်ကိုရှားသွားပြီ ဆိုတာ ငါ့သမီးတို့သိပါလေစ.။
အိမ်ထောင်မပြုခင် လူ့လောက အတွက် အခက်အခဲတွေတွေ့ရင် ရင်ဆိုင် နိုင်အောင် မိဘတွေက လက်နက်မျိုးစုံတပ်ဆင်ပေးနေ တာကို
ငါ့သမီးတို့ သိပါလေစ…ရော့ ပညာလက်နက် ငါ့ပညာနဲ့ ငါလုပ်စားလို့ ရတယ် လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာ မလိုဘူး
ရော့ အတွေးအခေါ်လက်နက် ဘယ်ဟာအကောင်း ဘယ်ဟာအဆိုး ငါခွဲခြားနိုင်တယ်ရော့ အလုပ်အကိုင်လက်နက် ငါ့မှာအလုပ်အကိုင်ရှိတယ် အသိုင်းအဝိုင်းရှိတယ် ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်
အဲဒီလိုလက်နက်တွေပါသွားတော့ ပိုမကောင်းဘူးလား မွေးရာပါလက်နက်ဟာ တစ်ဘဝလုံးအတွက် အာမခံချက်မရှိဘူးဆိုတာ
ငါ့သမီးတို့ကိုပြောပြမယ့်သူမရှိဘူးလား…
ပညာကမစုံအတွေ့အကြုံကမရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့…
လင်ယူလိုက်မှဒုက္ခတွေစတာဆိုတာပြောပြချင်လိုက်တာ…တကယ်လို့များသမီးလေးတို့ရွေးချယ်လိုက်တဲ့ယောက်ျ ားဟာ
ကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး…
ကျန်တဲ့အချိန်မှာဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကိုမျှဝေခံစားဖော်မရတဲ့ယောက်ျ ားမျိုးဆိုရင်…လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီး
သူ့ကိုပါရှာကျွေးနေရရင်ငါ့သမီးတို့အလကားနေအလကားလင်တစ်ယောက်အဖက်တင်နေမှာပေါ့…
ကဲဘဝက ထင်သလောက်လွယ်သေးလား?လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှလောကကြီးထဲထွက်လိုက်စမ်းပါ…
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ
ကိုယ်ရပ်တည်ဖို့အတွက်ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ
ထမင်းစားဖို့ လင်ယူစရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲငါ့သမီးတွေကမ္ဘာ့အလှဆုံးမိန်းကလေးတွေဖြစ်ကြစမ်းပါ
No Comments