
ခ်စ္သူတုိင္း ေပ်ာ္ရႊင္စြာလက္တြဲျမဲေစဖို႔ ေဆာင္ရန္စည္းကမ္း (၁၀) ခ်က္
ဘယ္သူမဆို ကိုယ္ခ်စ္ရတဲ့ လူတုိင္ းနဲ႔ေတာ့ ေသတပန္ သက္တစ္ဆံုး ေပ်ာ္ရႊင္ၾကည္ႏူးစြာနဲ႔ လက္တြဲျမဲခ်င္ၾကတာ ခ်ည္းပါပဲ။
ဒါေပမဲ့ ဒီလို ေနရဖို႔အတြက္ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ေနရံုနဲ႔ မၿပီးေသးပါဘူး။ အခ်စ္အျပင္ တျခားအရာေတြ ကိုလည္း ေပါင္းထည့္ လုိက္ကာမွ သာယာေပ်ာ္ရႊင္ၿပီး ေအးခ်မ္းၾကည္ႏူးကာ လက္တြဲျမဲေစမွာျဖစ္ပါတယ္။
ဒီအတြက္ ခ်စ္သူတုိင္းေပ်ာ္ရႊင္စြာ လက္တြဲျမဲေနေစဖို႔ ေဆာင္ရန္ေရွာင္ရန္ ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။
(၁) ကဲ့ရဲ႕မႈကင္းေဝးဇုန္
အခ်စ္ေရးေကာင္း တစ္ခုဆိုတာ တစ္ေယက္နဲ႔ တစ္ေယာက္ ပြင့္ပြင့္လင္းလင္းနဲ႔ တုိင္ပင္ၿငိွႏႈိင္းလို႔ ရမယ္၊ ရင္ဖြင့္လို ႔ရရ ပါမယ္။ ဒီအတြက္ သင့္မွာ ေဝဖန္ ပိုင္ခြ င့္ရွိတယ္၊ ပဲ့ျပင္ ႏုိင္ခြင့္ ရွိတယ္၊ အၾကံေပးႏုိင္ခြင့္ရွိတယ္။ ဒါေပမဲ့ ကဲ့ရဲ႕တာ၊ ရံႈ႕ခ်တာ မ်ိဳးေတာ့ လံုးဝ မလုပ္မိ ပါေစနဲ႔။
(၂) အေျခအတင္စကားမ်ားလာတဲ့အခါ
ခ်စ္သူတုိင္း ကေတာ့ ရန္ျဖစ္ၾကမွာ ခ်ည္းပါပဲ။ ရန္ျဖစ္ၿပီးရင္ ပိုတိုးလို႔ျပန္ ခ်စ္တယ္ ဆိုတာ စကားသက္သက္ရယ္ပါ။ တကယ္တမ္း ရန္ျဖစ္ၿပီးတုိင္း ႏွစ္ေယာက္သား ရင္ထဲမယ္ မႏွစ္ၿမိဳ႕စရာေတြ ခံစားလာရစျမဲပါပဲ။
ဒီအတြက္ေၾကာင့္ ကိစၥတစ္ခုေၾကာင့္ ရန္ျဖစ္ေတာ့မယ္ ဆိုရင္ အရင္ဆံုး စိတ္ကိုထိန္းလိုက္ပါ၊ ေနာက္ ေလသံခ်ိဳခ်ိဳေလးနဲ႔ ႏွစ္ေယာက္သား ေဆြးေႏြးၿငိွႏႈိင္ းၾကည့္ ပါ ။
(၃) တစ္ေယာက္အတြက္တစ္ေယာက္
ရည္ရွည္ တည္ျမဲတဲ့ အခ်စ္ေရးေတြမွာ အဓိကေသာ့ခ်က္ အေနနဲ႔ ဒီအခ်က္က ထိပ္ဆံုးမွာ ပါဝင္လို႔ေနပါတယ္။ အဲဒါကေတာ့ တစ္ေယာက္ကို တစ္ေယာက္ စိတ္ဓာတ္ျမွင့္တင္ ေပးျခင္း ပါပဲ။ ကိုယ့္ခ်စ္သူရဲ႕ ရည္မွန္းခ်က္ေတြ အတြက္ အၾကံေပး တာမ်ိဳး၊ စိတ္ဓာတ္က်တဲ့ အခ်ိန္မ်ိဳးမွာ အားေပးတာမ်ိဳးေတြေပါ့။
(၄) ေလးစားသမႈ
ကိုယ့္္ခ်စ္သူက ကိုယ္နဲ႔ ရြယ္တူ ပဲျဖစ္ျဖစ္၊ ကိုယ့္ထက္ အသက္ငယ္ သူပဲျဖစ္ျဖစ္ အျမဲတမ္း ေလးစားသမႈရွိပါေစ။
(၅) ယံုၾကည္ျခင္း
တည္ၿငိမ္ ရင့္က်က္တဲ့ relationship တစ္ခုမွာ တစ္ဦးအေပၚ တစ္ဦး ယံုၾကည္ စိတ္ခ်ျခင္း ကလည္း ေတာ္ေတာ္ေလးကို အေရးပါ ပါတယ္။ မလိုလားအပ္တဲ့ သံသယေတြက တစ္ဆင့္ ျပႆနာေတြ မႀကီးေအာင္လို႔ သူမ်ားေတြ ထက္စာရင္ အခ်င္းခ်င္း ယံုၾကည္မ ႈပိုရွိျခင္းဟာ သင္တုိ ႔ႏွစ္ေယာက္စလံုးကို ေအးခ်မ္းေစမွာပါ။
(၆) အသြင္တူမွအိမ္သူျဖစ္ျခင္း
အသြင္တူမွ အိမ္သူျဖစ္ရမယ္ ဆိုတဲ့ စကားကို ဟိုးမွာ ခ်န္ထားခဲ့ ပါေတာ့။ အခုေခတ္မွာ အသြင္တူထက္ စိတ္ဓာတ္ အဆင့္အတန္းျခင္းတူမွ ရည္ရွည္ခိုင္ျမဲတဲ့ relationship ကို ပိုင္ဆုိင္ ရမွာပါ။ ဒါေၾကာင့္ အသြင္မတူတဲ့ ခ်စ္သူကို လြတ္လပ္ ခြင့္ေပးပါ။ သူခ်စ္တဲ့ အရာေတြကို ကိုယ္မခ်စ္ ရင္ေတာင္မွဘဲ ေလးစားမႈရွိေပးပါ။
(၇) အတိတ္
လူတုိင္းမွာ အတိတ္ ဆိုတာ ရွိၾက မွာပါပဲ။ ဒီေတာ့ အတိတ္ကိုအတိတ္မွာပဲ ႏွစ္ေယာက္စလံုး ထားခဲ့လိုက္ပါ။
(၈) ရန္ခုန္စိတ္လႈပ္ရွားစရာေလးေတြ
ေယာက္်ားေလးပဲျဖစ္ျဖစ္၊ မိန္းကေလးက ပဲျဖစ္ျဖစ္ မၾကာခဏေလး ရင္ခုန္စရာေလးေတြ ဖန္တီးေပးပါ။ အခုေခတ္ စကားနဲ႔ေျပာ ရရင္ေတာ့ surprise ေတြေပါ့။ Surprise ဆုိတာ ကလည္း ေဈးႀကီးတဲ့လက္ေဆာင္ေပးတာမ်ိဳးေတြ၊ ပြဲစီစဥ္ေပ းတာေတြ မဟုတ္ ဘူးေနာ္။
ရုပ္ရွင္ လက္မွတ္ေလး ဝယ္ၿပီး ရုတ္တရက္ သြားၾကည့္ မယ္ေျပာ တာတို႔၊ ပန္းေလးတစ္ပြင့္ဝယ္လာေပးတာတုိ႔၊ သူႀကိဳက္တတ္တဲ့ မုန္႔ေလး ဝယ္လာ တာတို ႔လိုမ်ိဳးေပါ့။
ရုပ္ဝတၳဳပစၥည္းေတြ မပါဘဲ surprise လုပ္တာ ကေတာ့ ဘာမွမေျပာဘဲ သြးႀကိဳတာတို႔၊ ပါးေလးကို ရုတ္တရက္ နမ္းလိုက္တာတို႔၊ ဆံပင္ေလးကို ဖြေပး လိုက္တာတို႔၊ ခါးေလး ဖက္ေပးလိုက္ တာတို႔ လိုမ်ိဳးေပါ့။
(၉) ကိုယ့္အတြက္ကိုယ္ အခ်ိန္ေပးပါ
ဘယ္ေလာက္ပဲ ကိုယ္နဲ ႔ကိုယ့္ခ်စ္သူ ဟာ အျမဲတမ္း တပူးပူး တတြဲတြဲ ရွိတယ္လို႔ ဆိုေပမယ့္လို႔ တစ္ခါတစ္ေလမွာလည္း ကိုယ့္အတြက္ကိုယ္ အခ်ိန္ေပးဖို ႔လိုအပ္ ပါတယ္။
ဒါမွ တစ္ဖက္သားအေပၚ အရမ္းမွီခိုမႈမျပဳဘဲ ကိုယ့္တုိးတက္ ရာတိုးတက္ေၾကာင္း အတြက္လည္း ျမွင့္တင္လို ႔ရမွာပါ။ ေနာက္ ရိုးလည္းမရိုးေတာ့ဘူးေပါ့။
(၁၀) အိပ္မက္ထားပါ
ႏွစ္ေယာက္အတူတူ ပန္းတုိင္ေတြ ထားပါ၊ အိပ္မက္ေတြ အတူတူ မက္ပါ။ သြားမယ့္ခရီးေတြ၊ ဝင္ေငြပမယဏေတြ၊ ခႏၶာကိုယ္ေျပာင္းလဲမႈေတြ စသျဖင့္ အတူတူ တစ္ႏွစ္ၿပီး တစ္ႏွစ္ တုိးတက္ေအာင္ လုပ္ပါ။
Penny
Unicode
စ်သူတိုင်း ပျော်ရွှင်စွာလက်တွဲမြဲစေဖို့ ဆောင်ရန်စည်းကမ်း (၁၀) ချက်
ဘယ်သူမဆို ကိုယ်ချစ်ရတဲ့ လူတိုင် းနဲ့တော့ သေတပန် သက်တစ်ဆုံး ပျော်ရွှင်ကြည်နူးစွာနဲ့ လက်တွဲမြဲချင်ကြတာ ချည်းပါပဲ။
ဒါပေမဲ့ ဒီလို နေရဖို့အတွက် တစ်ယောက်ကိုတစ်ယောက် ချစ်နေရုံနဲ့ မပြီးသေးပါဘူး။ အချစ်အပြင် တခြားအရာတွေ ကိုလည်း ပေါင်းထည့် လိုက်ကာမှ သာယာပျော်ရွှင်ပြီး အေးချမ်းကြည်နူးကာ လက်တွဲမြဲစေမှာဖြစ်ပါတယ်။
ဒီအတွက် ချစ်သူတိုင်းပျော်ရွှင်စွာ လက်တွဲမြဲနေစေဖို့ ဆောင်ရန်ရှောင်ရန် လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
(၁) ကဲ့ရဲ့မှုကင်းဝေးဇုန်
အချစ်ရေးကောင်း တစ်ခုဆိုတာ တစ်ယေက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ငြှိနှိုင်းလို့ ရမယ်၊ ရင်ဖွင့်လို့ရရ ပါမယ်။ ဒီအတွက် သင့်မှာ ဝေဖန် ပိုင်ခွ င့်ရှိတယ်၊ ပဲ့ပြင် နိုင်ခွင့် ရှိတယ်၊ အကြံပေးနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ကဲ့ရဲ့တာ၊ ရှုံ့ချတာ မျိုးတော့ လုံးဝ မလုပ်မိ ပါစေနဲ့။
(၂) အခြေအတင်စကားများလာတဲ့အခါ
ချစ်သူတိုင်း ကတော့ ရန်ဖြစ်ကြမှာ ချည်းပါပဲ။ ရန်ဖြစ်ပြီးရင် ပိုတိုးလို့ပြန် ချစ်တယ် ဆိုတာ စကားသက်သက်ရယ်ပါ။ တကယ်တမ်း ရန်ဖြစ်ပြီးတိုင်း နှစ်ယောက်သား ရင်ထဲမယ် မနှစ်မြို့စရာတွေ ခံစားလာရစမြဲပါပဲ။
ဒီအတွက်ကြောင့် ကိစ္စတစ်ခုကြောင့် ရန်ဖြစ်တော့မယ် ဆိုရင် အရင်ဆုံး စိတ်ကိုထိန်းလိုက်ပါ၊ နောက် လေသံချိုချိုလေးနဲ့ နှစ်ယောက်သား ဆွေးနွေးငြှိနှိုင် းကြည့် ပါ ။
(၃) တစ်ယောက်အတွက်တစ်ယောက်
ရည်ရှည် တည်မြဲတဲ့ အချစ်ရေးတွေမှာ အဓိကသော့ချက် အနေနဲ့ ဒီအချက်က ထိပ်ဆုံးမှာ ပါဝင်လို့နေပါတယ်။ အဲဒါကတော့ တစ်ယောက်ကို တစ်ယောက် စိတ်ဓာတ်မြှင့်တင် ပေးခြင်း ပါပဲ။ ကိုယ့်ချစ်သူရဲ့ ရည်မှန်းချက်တွေ အတွက် အကြံပေး တာမျိုး၊ စိတ်ဓာတ်ကျတဲ့ အချိန်မျိုးမှာ အားပေးတာမျိုးတွေပေါ့။
(၄) လေးစားသမှု
ကိုယ့််ချစ်သူက ကိုယ်နဲ့ ရွယ်တူ ပဲဖြစ်ဖြစ်၊ ကိုယ့်ထက် အသက်ငယ် သူပဲဖြစ်ဖြစ် အမြဲတမ်း လေးစားသမှုရှိပါစေ။
(၅) ယုံကြည်ခြင်း
တည်ငြိမ် ရင့်ကျက်တဲ့ relationship တစ်ခုမှာ တစ်ဦးအပေါ် တစ်ဦး ယုံကြည် စိတ်ချခြင်း ကလည်း တော်တော်လေးကို အရေးပါ ပါတယ်။ မလိုလားအပ်တဲ့ သံသယတွေက တစ်ဆင့် ပြဿနာတွေ မကြီးအောင်လို့ သူများတွေ ထက်စာရင် အချင်းချင်း ယုံကြည်မ ှုပိုရှိခြင်းဟာ သင်တို့နှစ်ယောက်စလုံးကို အေးချမ်းစေမှာပါ။
(၆) အသွင်တူမှအိမ်သူဖြစ်ခြင်း
အသွင်တူမှ အိမ်သူဖြစ်ရမယ် ဆိုတဲ့ စကားကို ဟိုးမှာ ချန်ထားခဲ့ ပါတော့။ အခုခေတ်မှာ အသွင်တူထက် စိတ်ဓာတ် အဆင့်အတန်းခြင်းတူမှ ရည်ရှည်ခိုင်မြဲတဲ့ relationship ကို ပိုင်ဆိုင် ရမှာပါ။ ဒါကြောင့် အသွင်မတူတဲ့ ချစ်သူကို လွတ်လပ် ခွင့်ပေးပါ။ သူချစ်တဲ့ အရာတွေကို ကိုယ်မချစ် ရင်တောင်မှဘဲ လေးစားမှုရှိပေးပါ။
(၇) အတိတ်
လူတိုင်းမှာ အတိတ် ဆိုတာ ရှိကြ မှာပါပဲ။ ဒီတော့ အတိတ်ကိုအတိတ်မှာပဲ နှစ်ယောက်စလုံး ထားခဲ့လိုက်ပါ။
(၈) ရန်ခုန်စိတ်လှုပ်ရှားစရာလေးတွေ
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးက ပဲဖြစ်ဖြစ် မကြာခဏလေး ရင်ခုန်စရာလေးတွေ ဖန်တီးပေးပါ။ အခုခေတ် စကားနဲ့ပြော ရရင်တော့ surprise တွေပေါ့။ Surprise ဆိုတာ ကလည်း ဈေးကြီးတဲ့လက်ဆောင်ပေးတာမျိုးတွေ၊ ပွဲစီစဉ်ပေ းတာတွေ မဟုတ် ဘူးနော်။
ရုပ်ရှင် လက်မှတ်လေး ဝယ်ပြီး ရုတ်တရက် သွားကြည့် မယ်ပြော တာတို့၊ ပန်းလေးတစ်ပွင့်ဝယ်လာပေးတာတို့၊ သူကြိုက်တတ်တဲ့ မုန့်လေး ဝယ်လာ တာတို့လိုမျိုးပေါ့။
ရုပ်ဝတ္ထုပစ္စည်းတွေ မပါဘဲ surprise လုပ်တာ ကတော့ ဘာမှမပြောဘဲ သွးကြိုတာတို့၊ ပါးလေးကို ရုတ်တရက် နမ်းလိုက်တာတို့၊ ဆံပင်လေးကို ဖွပေး လိုက်တာတို့၊ ခါးလေး ဖက်ပေးလိုက် တာတို့ လိုမျိုးပေါ့။
(၉) ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ
ဘယ်လောက်ပဲ ကိုယ်နဲ့ကိုယ့်ချစ်သူ ဟာ အမြဲတမ်း တပူးပူး တတွဲတွဲ ရှိတယ်လို့ ဆိုပေမယ့်လို့ တစ်ခါတစ်လေမှာလည်း ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့လိုအပ် ပါတယ်။
ဒါမှ တစ်ဖက်သားအပေါ် အရမ်းမှီခိုမှုမပြုဘဲ ကိုယ့်တိုးတက် ရာတိုးတက်ကြောင်း အတွက်လည်း မြှင့်တင်လို့ရမှာပါ။ နောက် ရိုးလည်းမရိုးတော့ဘူးပေါ့။
(၁၀) အိပ်မက်ထားပါ
နှစ်ယောက်အတူတူ ပန်းတိုင်တွေ ထားပါ၊ အိပ်မက်တွေ အတူတူ မက်ပါ။ သွားမယ့်ခရီးတွေ၊ ဝင်ငွေပမယဏတွေ၊ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ စသဖြင့် အတူတူ တစ်နှစ်ပြီး တစ်နှစ် တိုးတက်အောင် လုပ်ပါ။
Penny
No Comments