
ဆံပင္ေဆးဆိုးတတ္တဲ့ အမ်ိဳးသမီးမ်ားအတြက္ သတင္းဆိုးတစ္ခု
ဆံပင္အေရာင္ေၾကာင့္ သင္ပိုလွ သြားနိုင္တယ္ ဆိုတာ ကိုေတာ့ မျငင္း ပါဘူး။ ဒါေပမယ့္ ဆံပင္ကို permanent ဆိုးျခင္းနဲ႔ ဓာတုေျဖာင့္ေဆးေတြ သုံးျခင္းက ရင္သား ကင္ဆာျဖစ္ဖို႔ အားေပး သလိုုျဖစ္ေစတယ္လို႔ ေလ့လာေတြ႕ရွိ ထားပါတယ္။
National Institute of Health မွ လူျဖဴ မိန္းမနဲ႔ အာဖရိကန္ အေမရိကန္ ကျပားမိန္းမ အေယာက္၅၀၀၀၀ ကို ၈ႏွစ္ေလာက္ ေစာင့္ၾကည့္ေလ့လာ ခ်က္ေတြမွ ေတြ႕ ရွိခဲ့တဲ့ ရလဒ္ျဖစ္ပါတယ္ …။
Permanent ဆံပင္ဆိုးေဆးေတြ ပုံမွန္သုံးတဲ့ အမ်ိဳးသမီးေတြဟာ မဆိုးတဲ့ သူေတြ ထက္ ရင္သားကင္ဆာျဖစ္နိုင္ေခ် ၉% ပိုျမင့္ တယ္လို႔ ေလ့လာေတြ႕ရွိ ခဲ့ပါတယ္။ ဓာတု ဆံပင္ေျဖာင့္ေဆးေတြ ၅ပတ္တစ္ခါ(သို႔) ၈ပတ္တစ္ခါ သုံးတဲ့ သူေတြဟာ မသုံးတဲ့ သူေတြ ထက္ ရင္သားကင္ဆာျဖစ္ နိုင္ေခ် ၃၀% ပိုမ်ားတယ္လို႔ သိ ရ ပါတယ္ ။
ဒါဟာဘာေၾကာင့္လည္း ဆိုေတာ့ ဆံပင္မွာ သုံးတဲ့ ဓာတုေဆးေတြ ဟာ ဦးေရျပားထဲ ကို ဝင္သြားလို႔ပါ။ ဆံပင္ဆိုးေဆးမွာ ဓာတုပစၥည္းေပါင္း ၅ေထာင္ေက်ာ္ ပါဝင္ပါတယ္။ အခ်ိဳ႕ေဆးေတြ ဆိုရင္ တရားမဝင္ပါဘူး။ တိရိစၧာန္ေတြ ဆီက ကုန္ၾကမ္းရယူ ထားတာျဖစ္ၿပီး ကင္ဆာေရာဂါ ကို ျဖစ္ပြားေစ ပါတယ္ ။
ဆံပင္ဆိုးေဆး ၅ပတ္(သို႔) ၈ပတ္တစ္ႀကိမ္ ဆိုးတဲ့ အာဖရိကန္ အေမရိကန္ ကျပားအမ်ိဳးသမီးေတြဟာ ရင္သားကင္ဆာျဖစ္နိုင္ေခ် ၆၀% ပိုမ်ား ပါတယ္။ ဆိုးေဆးပမာဏ အတူတူေတာင္ လူျဖဴ မေတြက ရင္သား ကင္ဆာျဖစ္နိုင္ေခ် ၈% ပဲ ရွိပါတယ္။
ဒါဘာေၾကာင့္လဲ ဆိုရင္ ကျပားမေတြ က်ေတာ့ ဆံပင္က အနက္ေရာင္ေတြ ျဖစ္တဲ့အတြက္ အေရာင္ပိုထင္းတာမ်ိဳး ဆိုးရ ပါတယ္။ ပိုထင္းေတာ့ ေဆးကလည္း ပိုျပင္းတာေပါ့ ။
ခဏတျဖဳတ္ဆိုးတဲ့ Temporary ဆံပင္ဆိုးေဆးေတြကေတာ့ ေရာဂါ လကၡဏာ တိုးေစတာမ်ိဳး မေတြ႕ရဘူးလို႔ ေလ့လာ သူေတြက ဆိုပါတယ္။ ေနာက္ဆုံးအေနနဲ႔ ေျပာခ်င္ တာက ဆံပင္ဆိုး တိုင္းလည္း ရင္သားကင္ဆာ ျဖစ္မယ္လို႔ တပ္အပ္ မေျပာနိုင္ ပါဘူး။
ဒါေပမဲ့ ကင္ဆာျဖစ္ေစတဲ့ Carcinogenic Chemical ေတြနဲ႔ ဘယ္နႀကိမ္၊ ဘယ္ေလာက္ၾကာၾကာ၊ ပမာဏဘယ္ေလာက္ မ်ားမ်ား ထိေတြ႕လဲ ဆိုတဲ့ အေပၚ မူတည္ၿပီး ကင္ဆာျဖစ္နိုင္ေခ် က ျမင့္တက္သြားမွာပဲ ျဖစ္ပါတယ္ ။ ခရက္ဒစ္
ယူနီကုတ္
ဆံပင်ဆေးဆိုးတတ်တဲ့ အမျိုးသမီးများအတွက် သတင်းဆိုးတစ်ခု
ဆံပင်အရောင်ကြောင့် သင်ပိုလှ သွားနိုင်တယ် ဆိုတာ ကိုတော့ မငြင်း ပါဘူး။ ဒါပေမယ့် ဆံပင်ကို permanent ဆိုးခြင်းနဲ့ ဓာတုဖြောင့်ဆေးတွေ သုံးခြင်းက ရင်သား ကင်ဆာဖြစ်ဖို့ အားပေး သလိုဖြစ်စေတယ်လို့ လေ့လာတွေ့ရှိ ထားပါတယ်။
National Institute of Health မှ လူဖြူ မိန်းမနဲ့ အာဖရိကန် အမေရိကန် ကပြားမိန်းမ အယောက်၅၀၀၀၀ ကို ၈နှစ်လောက် စောင့်ကြည့်လေ့လာ ချက်တွေမှ တွေ့ ရှိခဲ့တဲ့ ရလဒ်ဖြစ်ပါတယ် …။
Permanent ဆံပင်ဆိုးဆေးတွေ ပုံမှန်သုံးတဲ့ အမျိုးသမီးတွေဟာ မဆိုးတဲ့ သူတွေ ထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ၉% ပိုမြင့် တယ်လို့ လေ့လာတွေ့ရှိ ခဲ့ပါတယ်။ ဓာတု ဆံပင်ဖြောင့်ဆေးတွေ ၅ပတ်တစ်ခါ(သို့) ၈ပတ်တစ်ခါ သုံးတဲ့ သူတွေဟာ မသုံးတဲ့ သူတွေ ထက် ရင်သားကင်ဆာဖြစ် နိုင်ချေ ၃၀% ပိုများတယ်လို့ သိ ရ ပါတယ် ။
ဒါဟာဘာကြောင့်လည်း ဆိုတော့ ဆံပင်မှာ သုံးတဲ့ ဓာတုဆေးတွေ ဟာ ဦးရေပြားထဲ ကို ဝင်သွားလို့ပါ။ ဆံပင်ဆိုးဆေးမှာ ဓာတုပစ္စည်းပေါင်း ၅ထောင်ကျော် ပါဝင်ပါတယ်။ အချို့ဆေးတွေ ဆိုရင် တရားမဝင်ပါဘူး။ တိရိစ္ဆာန်တွေ ဆီက ကုန်ကြမ်းရယူ ထားတာဖြစ်ပြီး ကင်ဆာရောဂါ ကို ဖြစ်ပွားစေ ပါတယ် ။
ဆံပင်ဆိုးဆေး ၅ပတ်(သို့) ၈ပတ်တစ်ကြိမ် ဆိုးတဲ့ အာဖရိကန် အမေရိကန် ကပြားအမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ချေ ၆၀% ပိုများ ပါတယ်။ ဆိုးဆေးပမာဏ အတူတူတောင် လူဖြူ မတွေက ရင်သား ကင်ဆာဖြစ်နိုင်ချေ ၈% ပဲ ရှိပါတယ်။
ဒါဘာကြောင့်လဲ ဆိုရင် ကပြားမတွေ ကျတော့ ဆံပင်က အနက်ရောင်တွေ ဖြစ်တဲ့အတွက် အရောင်ပိုထင်းတာမျိုး ဆိုးရ ပါတယ်။ ပိုထင်းတော့ ဆေးကလည်း ပိုပြင်းတာပေါ့ ။
ခဏတဖြုတ်ဆိုးတဲ့ Temporary ဆံပင်ဆိုးဆေးတွေကတော့ ရောဂါ လက္ခဏာ တိုးစေတာမျိုး မတွေ့ရဘူးလို့ လေ့လာ သူတွေက ဆိုပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင် တာက ဆံပင်ဆိုး တိုင်းလည်း ရင်သားကင်ဆာ ဖြစ်မယ်လို့ တပ်အပ် မပြောနိုင် ပါဘူး။
ဒါပေမဲ့ ကင်ဆာဖြစ်စေတဲ့ Carcinogenic Chemical တွေနဲ့ ဘယ်နကြိမ်၊ ဘယ်လောက်ကြာကြာ၊ ပမာဏဘယ်လောက် များများ ထိတွေ့လဲ ဆိုတဲ့ အပေါ် မူတည်ပြီး ကင်ဆာဖြစ်နိုင်ချေ က မြင့်တက်သွားမှာပဲ ဖြစ်ပါတယ် ။
No Comments