
ဘယ္ေတာ့မွ ပိုက္ဆံမစုသင့္တဲ့ အေၾကာင္းရင္း (၄)ခ်က္
တစ္လ တစ္လ ကိုယ့္မွာ အလုပ္ေတြ ပင္ပင္ပန္းပန္း လုပ္ေန ရေပမယ့္ ဘယ္လိုမွ ပိုက္ဆံမစုႏိုင္ပဲ ျဖစ္ေနသလား။ လက္ထဲမွာ ပိုက္ဆံ ရွိလာၿပီ ဆိုတာနဲ႔ စုထား ဖို႔ထက္ သုံးဖို႔ပဲ ေတြးေနမိၿပီး ဘဏ္အေကာင့္ထဲမွာ ပိုက္ဆံစု ထားတာ မရွိတာ မ်ိဳးေရာ ျဖစ္ေန တာလား။
ဘာပဲျဖစ္ျဖစ္ စိတ္မပူ ပါနဲ႔။ တစ္ေယာက္ေယာက္က သင့္ကို ပိုက္ဆံစု သင့္တယ္ ဘာညာ လာေျပာရင္လည္း နားမေထာင္ ပါနဲ႔။ လူတစ္ေယာက္မွာ ပိုက္ဆံမ စုသင့္တဲ့ အေၾကာင္းရင္းေတြ လည္း ရွိပါေသးတယ္။ ပိုက္ဆံ မစုျခင္းရဲ႕ေကာင္းကြက္ေလးေတြေပါ့…။
(၁)။ ေသရင္ ကိုယ့္ေနာက္ပါမွာမဟုတ္ဘူး
ပိုက္ဆံေတြ ဘယ္ေလာက္ပဲ စုထား၊ စုထား ကိုယ့္မွာ ပိုက္ဆံေတြ အမ်ားႀကီး စုထားၿပီးေတာ့မွ ေသသြားရင္ အဲဒီပိုက္ဆံေတြ မသုံးလိုက္ ရပဲ ျဖစ္ေနမွာ။ ႏွေမ်ာစရာႀကီးေလ။
ကံဆိုးရင္ အဲဒီ ပိုက္ဆံေတြကို စြဲၿပီး သရဲေတြ ဘာေတြေတာင္ ျဖစ္ရင္ ျဖစ္ေန ဦးမွာ။ ဒီေတာ့ မေသခင္ေလး ရွိတဲ့ပိုက္ဆံကို ေပ်ာ္ေပ်ာ္ႀကီးသုံးတာက အေကာင္း ဆုံးပါ။ ေသရင္ ကိုယ့္ေနာက္ ဘာမွ ပါမွာမဟုတ္ဘူူးလို႔ သတိေလး ကပ္ေပါ့။
(၂)။ တျခားသူေတြ ပိုက္ဆံလာေခ်းမွာ ပူစရာမလိုဘူး
ပိုက္ဆံမစုထားဘူးဆိုရင္ ကိုယ့္မွာ ပိုက္ဆံ အပိုအလွ်ံ လည္း သိပ္ရွိမွာ မဟုတ္ဘူးေလ။ ဒီေတာ့ တျခားသူေတြ ပိုက္ဆံလာေခ်း မွာလည္း ပူစရာ မလိုေတာ့ဘူး။
တကယ္လို႔သာ ကိုယ့္မွာ စုထား၊ ေဆာင္းထားတာေလးေတြ ရွိတယ္ ဆိုရင္ လာေခ်းတဲ့အခါ အားနာၿပီး ေခ်းရမယ္၊ ျပန္မရရင္ စိတ္ဆင္းရဲရမယ္ မို႔လား။ ဒီေတာ့ ကိုယ့္မွာ စုထားတာ မရွိတဲ့ေနာက္ တျခားသူေတြ လာေခ်းမွာကို ပူစရာမလိုေတာ့ဘူးေပါ့။
(၃)။ ေခြၽတာေနစရာမလိုဘူး
ပိုက္ဆံစုတဲ့ သူေတြ ဆိုတာ တစ္လအတြက္ ရတဲ့ ပိုက္ဆံထဲ ကမွ ဘယ္ေလာက္ကို စုထားၿပီး ဘယ္ေလာက္ကို သုံးမယ္ ဆိုတဲ့ စိတ္ကူးနဲ႔ ေခြၽေခြၽ တာတာ လုပ္ၾက ရတာပါ။
လူ႔ဘဝ ဆိုတာ ရခဲ ပါတယ္။ လူတစ္ေယာက္အေနနဲ႔ အသက္ရွင္ေနရခ်ိန္မွာ လူတစ္ေယာက္သုံးႏိုင္သမွ်ကို သုံးသာ သုံးပါ။ ပိုက္ဆံေတြ ေခြၽတာ စုေဆာင္းၿပီး ဘဝကို ေပ်ာ္စရာမေကာင္းေအာင္ မလုပ္လိုက္ပါနဲ႔။
(၄)။ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္စိတ္ဆင္းရဲမခံရဘူး
ကိုယ့္မွာ ပိုက္ဆံစုဖို႔ စိတ္ကူး ရွိတယ္ ဆိုေတာ့ ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္ စားခ်င္လည္းမစားရ၊ ဝတ္ခ်င္လည္းမဝတ္ရ၊ ဝယ္ခ်င္လည္း မဝယ္ရပဲ စိတ္ဆင္းရဲ ခံေနရတာ။ တကယ္ လို႔သာ ပိုက္ဆံ မစုရင္ အဲဒီလို စိတ္ဆင္းရဲေနရမွာ မဟုတ္ ဘူးေလ။ ဒီေတာ့ ပိုက္ဆံစုၿပီး ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္စိတ္ဆင္းရဲ ခံမေန ပါနဲ႔။
Credit
Unicode
ဘယ်တော့မှ ပိုက်ဆံမစုသင့်တဲ့ အကြောင်းရင်း (၄)ချက်
တစ်လ တစ်လ ကိုယ့်မှာ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေ ရပေမယ့် ဘယ်လိုမှ ပိုက်ဆံမစုနိုင်ပဲ ဖြစ်နေသလား။ လက်ထဲမှာ ပိုက်ဆံ ရှိလာပြီ ဆိုတာနဲ့ စုထား ဖို့ထက် သုံးဖို့ပဲ တွေးနေမိပြီး ဘဏ်အကောင့်ထဲမှာ ပိုက်ဆံစု ထားတာ မရှိတာ မျိုးရော ဖြစ်နေ တာလား။
ဘာပဲဖြစ်ဖြစ် စိတ်မပူ ပါနဲ့။ တစ်ယောက်ယောက်က သင့်ကို ပိုက်ဆံစု သင့်တယ် ဘာညာ လာပြောရင်လည်း နားမထောင် ပါနဲ့။ လူတစ်ယောက်မှာ ပိုက်ဆံမ စုသင့်တဲ့ အကြောင်းရင်းတွေ လည်း ရှိပါသေးတယ်။ ပိုက်ဆံ မစုခြင်းရဲ့ကောင်းကွက်လေးတွေပေါ့…။
(၁)။ သေရင် ကိုယ့်နောက်ပါမှာမဟုတ်ဘူး
ပိုက်ဆံတွေ ဘယ်လောက်ပဲ စုထား၊ စုထား ကိုယ့်မှာ ပိုက်ဆံတွေ အများကြီး စုထားပြီးတော့မှ သေသွားရင် အဲဒီပိုက်ဆံတွေ မသုံးလိုက် ရပဲ ဖြစ်နေမှာ။ နှမျောစရာကြီးလေ။
ကံဆိုးရင် အဲဒီ ပိုက်ဆံတွေကို စွဲပြီး သရဲတွေ ဘာတွေတောင် ဖြစ်ရင် ဖြစ်နေ ဦးမှာ။ ဒီတော့ မသေခင်လေး ရှိတဲ့ပိုက်ဆံကို ပျော်ပျော်ကြီးသုံးတာက အကောင်း ဆုံးပါ။ သေရင် ကိုယ့်နောက် ဘာမှ ပါမှာမဟုတ်ဘူူးလို့ သတိလေး ကပ်ပေါ့။
(၂)။ တခြားသူတွေ ပိုက်ဆံလာချေးမှာ ပူစရာမလိုဘူး
ပိုက်ဆံမစုထားဘူးဆိုရင် ကိုယ့်မှာ ပိုက်ဆံ အပိုအလျှံ လည်း သိပ်ရှိမှာ မဟုတ်ဘူးလေ။ ဒီတော့ တခြားသူတွေ ပိုက်ဆံလာချေး မှာလည်း ပူစရာ မလိုတော့ဘူး။
တကယ်လို့သာ ကိုယ့်မှာ စုထား၊ ဆောင်းထားတာလေးတွေ ရှိတယ် ဆိုရင် လာချေးတဲ့အခါ အားနာပြီး ချေးရမယ်၊ ပြန်မရရင် စိတ်ဆင်းရဲရမယ် မို့လား။ ဒီတော့ ကိုယ့်မှာ စုထားတာ မရှိတဲ့နောက် တခြားသူတွေ လာချေးမှာကို ပူစရာမလိုတော့ဘူးပေါ့။
(၃)။ ချွေတာနေစရာမလိုဘူး
ပိုက်ဆံစုတဲ့ သူတွေ ဆိုတာ တစ်လအတွက် ရတဲ့ ပိုက်ဆံထဲ ကမှ ဘယ်လောက်ကို စုထားပြီး ဘယ်လောက်ကို သုံးမယ် ဆိုတဲ့ စိတ်ကူးနဲ့ ချွေချွေ တာတာ လုပ်ကြ ရတာပါ။
လူ့ဘဝ ဆိုတာ ရခဲ ပါတယ်။ လူတစ်ယောက်အနေနဲ့ အသက်ရှင်နေရချိန်မှာ လူတစ်ယောက်သုံးနိုင်သမျှကို သုံးသာ သုံးပါ။ ပိုက်ဆံတွေ ချွေတာ စုဆောင်းပြီး ဘဝကို ပျော်စရာမကောင်းအောင် မလုပ်လိုက်ပါနဲ့။
(၄)။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်စိတ်ဆင်းရဲမခံရဘူး
ကိုယ့်မှာ ပိုက်ဆံစုဖို့ စိတ်ကူး ရှိတယ် ဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် စားချင်လည်းမစားရ၊ ဝတ်ချင်လည်းမဝတ်ရ၊ ဝယ်ချင်လည်း မဝယ်ရပဲ စိတ်ဆင်းရဲ ခံနေရတာ။ တကယ် လို့သာ ပိုက်ဆံ မစုရင် အဲဒီလို စိတ်ဆင်းရဲနေရမှာ မဟုတ် ဘူးလေ။ ဒီတော့ ပိုက်ဆံစုပြီး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စိတ်ဆင်းရဲ ခံမနေ ပါနဲ့။
Linn
No Comments