သင့္ရဲ႕အေႂကြးရွင္ကို အေႂကြးျပန္ေပးသင့္၊မေပးသင့္ ဒီအခ်က္ေတြနဲ႔ဆုံးျဖတ္ၾကမယ္ - Amawpyay

သင့္ရဲ႕အေႂကြးရွင္ကို အေႂကြးျပန္ေပးသင့္၊မေပးသင့္ ဒီအခ်က္ေတြနဲ႔ဆုံးျဖတ္ၾကမယ္

သင့္ရဲ႕အေႂကြးရွင္ကို အေႂကြးျပန္ေပးသင့္၊မေပးသင့္ ဒီအခ်က္ေတြနဲ႔ဆုံးျဖတ္ၾကမယ္
Knowledge

သင့္ရဲ႕အေႂကြးရွင္ကို အေႂကြးျပန္ေပးသင့္၊မေပးသင့္ ဒီအခ်က္ေတြနဲ႔ဆုံးျဖတ္ၾကမယ္

လူေတြက ေျပာၾက ပါတယ္။ ပိုက္ဆံေခ်းတုန္းက မ်က္ႏွာနဲ႔ အေႂကြးဆပ္ရမယ့္အခ်ိန္က်ရင္ ေတြ႕ရတဲ့မ်က္ႏွာဟာ မတူၾကဘူးတဲ့။ ဘယ္တူၾကမလဲေနာ္။ ကိုယ့္လက္ထဲေရာက္ၿပီးသား ပိုက္ဆံကိုေတာ့ ဘယ္သူပဲျဖစ္ျဖစ္ ျပန္မွ မေပးခ်င္ၾကတာ။

တို႔ မေက်နပ္ရင္ အစကတည္းက မေခ်းနဲ႔ေပါ့။ ေခ်းၿပီးလို႔ ကိုယ့္လက္ ထဲေရာက္ရင္ေတာ့ ကိုယ့္ပိုက္ဆံျဖစ္သြားၿပီ။ အဲဒီေတာ့ အေႂကြးျပန္ လိုခ်င္တယ္ ဆိုရင္ မ်က္ႏွာတူ တာေတြ မတူတာေတြ ၾကည့္မေနနဲ႔ေတာ့ ။ အေႂကြးရ ရင္ၿပီးေရာ လို႔သာ ေတြးၿပီး အေႂကြးေတာင္းၾကေပေတ ာ့ေပါ့ေနာ္။

တကယ္ေတာ့ သူတို႔က ေခ်းထားတဲ့ ပိုက္ဆံ ျပန္ေတာင္းရတာ ခက္တယ္ လို႔သာ ေျပာတာ၊ သူတို႔ဆီမွာ ပိုက္ဆံေခ်းတုန္းကလည္း ကိုယ္ေတြ ဘယ္ေလာက္ ခက္ခဲ့သ လဲ ဆိုတာ ကိုယ္ေတြပဲ အသိဆုံးေလ။ ဒီေတာ့ ကိုယ္က အေႂကြးေပးေတာ့ မယ္လို႔ ဆုံးျဖတ္ ရင္လည္း လြယ္လြယ္ မေပးပါနဲ႔ဦး။

အေႂကြးျပန္ေပးသင့္၊ မေပးသင့္ ဒီအခ်က္ေတြနဲ ႔ဆုံးျဖတ္ ပါဦး။ ဒီအခ်က္ေတြ ထဲက ေတာ္ေတာ္မ်ားမ်ားနဲ႔ မကိုက္ညီ ဘူးဆို ရင္ေတာ့ သူ ဘယ္လိုပဲေ တာင္းေတာင္း ျပန္မေပးတာ အေကာင္းဆုံးပါ။

(၁)။ သူ႔မွာပိုက္ဆံေတြအမ်ားႀကီးရွိေနရင္

ကိုယ္က အေႂကြးေပးရမယ့္ သူမွာ ပိုက္ဆံေတြ အမ်ားႀကီး ရွိေနရင္၊ ဒါမွမဟုတ္ သူ႔မွာ အရမ္းဝင္ေငြေတြေကာင္းေနရင္ အေႂကြးျပန္ မဆပ္ပါ နဲ႔ဦး။

ကိုယ္မဆပ္လည္း သူ႔မွာ သုံးစရာ ရွိေနတာ ပဲေလ။ မဟုတ္ဘူးလား။ သူ႔ကို အေႂကြးဆပ္မယ့္ အစား အဲဒီ ပိုက္ဆံေလး ကိုယ့္ဘာသာ ကိုယ္ပဲ သုံးလို က္ပါ။ သူလည္း စိတ္မဆိုးေလာက္ ပါဘူး။

(၂)။ သင့္ကို ဒရာမာခ်ိဳးေနတယ္လို႔ခံစားရရင္

သူ႔ရည္းစားက ကင္ဆာျဖစ္ေနၿပီ ၊ သူ႔ဦးေလးက ေဆး႐ုံေပၚမွာ ၊ သူ႔ညီေလးက ႏိုင္ငံျခားသြားရေတာ့မွာ ..စသျဖင့္ မဟုတ္က ဟုတ္က ဇာတ္လမ္းေတြဆင္ၿပီး သင့္ဆီက အေႂကြးရဖို႔ ႀကိဳးစားေနတယ္ဆိုတာ သိရင္ မဆပ္ပါနဲ႔ဦး။

ဘယ္သူပဲျဖစ္ျဖစ္ ႐ိုးသားမႈကို အေျခခံၿပီး အလုပ္လုပ္ၾကတာေလ။ ဒီေတာ့ ကိုယ့္ကို ဒရာမာခ်ိဳးၿပီး အေႂကြးေတာင္းေနတယ္ဆိုရင္ သူက ႐ိုးသားမႈ မရွိတာပဲ။ အေႂကြးမဆပ္သင့္ေသးဘူး။

(၃)။ ဆဲဆိုႀကိမ္းေမာင္းၿပီး အေႂကြးေတာင္းေနတယ္ဆိုရင္

အေႂကြးေတာင္းတာပဲ။ ေအးေဆးေျပာၿပီးေတာင္းလည္းရတာကို လူၾကားသူၾကားထဲမွာ ေအာ္ဟစ္၊ဆဲဆို အေႂကြးေတာင္းေနတယ္ဆိုရင္ မဆပ္ပါနဲ႔။

သူ႔အမွားကို သူ သိတဲ့အထိ အခ်ိန္တစ္ခု ေစာင့္လိုက္ပါဦး။ သူ႔ေၾကာင့္ သင္ အရွက္ကြဲရသလိုမ်ိဳး၊ သူလည္း သင့္ဆီက အေႂကြးမရေတာ့ဘူးထင္ၿပီး အခ်ိန္တစ္ခုေလာက္ ေၾကကြဲေနပါေစ။

(၄)။ အေႂကြးေပးရမယ့္သူက ကိုယ္ေၾကာက္ရမယ့္သူမဟုတ္ရင္

သင္ အေႂကြးေပးရမယ့္ သူက သင့္ရဲ႕အထက္က မန္ေနဂ်ာလား။ သင့္ထက္ အသက္ႀကီးတဲ့ အမ်ိဳးထဲက တစ္ေယာက္ေယာက္လား၊ ဒါမွမဟုတ္ သင္ေၾကာက္ ရမယ့္ သူလား။

ဒီလိုမွမဟုတ္ပဲ သင္ ပိုက္ဆံေခ်း ထားတဲ့ သူက အဲဒီလို ေၾကာက္ရမယ့္ စာရင္းထဲမွာ မပါဘူးဆိုရင္ေတာ့ မဆပ္ပါနဲ႔ဦး။ ကိုယ္မဆပ္ေသးလည္း သူက ကိုယ့္ကို ေၾကာက္ေအာင္လုပ္ႏိုင္ တာမွ မဟုတ္တာ။ ေအးေဆးေပါ့။

(၅)။ အေႂကြးဆပ္ရမလား၊ ခ်စ္သူနဲ႔ေပ်ာ္ရမလား ေဝခြဲရခက္ေနမယ္ဆိုရင္

သင့္ဆီမွာ ပိုက္ဆံေလးရွိေနလို႔ အေႂကြးဆပ္ရင္ေကာင္းမလား၊ ခ်စ္သူနဲ႔ေပ်ာ္ရင္ေကာင္းမလား ေဝခြဲရခက္ေနၿပီမဟုတ္လား။ အႀကံေပး ပါ့မယ္ေနာ္။

ခ်စ္သူနဲ ႔ပဲေပ်ာ္ လိုက္ပါ။ အေႂကြးကိုခဏေလာက္ ေမ့ထားလိုက္ပါဦး။ အေႂကြး ဆိုတာက ဘယ္အခ်ိန္ ဆပ္ဆပ္ ရတယ္။ ခ်စ္သူ ဆိုတာက ျပတ္သြားရင္ ျပန္တြဲဖို႔ ခက္တာေၾကာင့္ အေႂကြးထက္ပိုၿပီး ဦးစားေပးသင့္ပါတယ္။

Linn

ယူနီကုတ္

သင့်ရဲ့အကြွေးရှင်ကို အကြွေးပြန်ပေးသင့်၊မပေးသင့် ဒီအချက်တွေနဲ့ဆုံးဖြတ်ကြမယ်

လူတွေက ပြောကြ ပါတယ်။ ပိုက်ဆံချေးတုန်းက မျက်နှာနဲ့ အကြွေးဆပ်ရမယ့်အချိန်ကျရင် တွေ့ရတဲ့မျက်နှာဟာ မတူကြဘူးတဲ့။ ဘယ်တူကြမလဲနော်။ ကိုယ့်လက်ထဲရောက်ပြီးသား ပိုက်ဆံကိုတော့ ဘယ်သူပဲဖြစ်ဖြစ် ပြန်မှ မပေးချင်ကြတာ။

တို့ မကျေနပ်ရင် အစကတည်းက မချေးနဲ့ပေါ့။ ချေးပြီးလို့ ကိုယ့်လက် ထဲရောက်ရင်တော့ ကိုယ့်ပိုက်ဆံဖြစ်သွားပြီ။ အဲဒီတော့ အကြွေးပြန် လိုချင်တယ် ဆိုရင် မျက်နှာတူ တာတွေ မတူတာတွေ ကြည့်မနေနဲ့တော့ ။ အကြွေးရ ရင်ပြီးရော လို့သာ တွေးပြီး အကြွေးတောင်းကြပေတေ ာ့ပေါ့နော်။

တကယ်တော့ သူတို့က ချေးထားတဲ့ ပိုက်ဆံ ပြန်တောင်းရတာ ခက်တယ် လို့သာ ပြောတာ၊ သူတို့ဆီမှာ ပိုက်ဆံချေးတုန်းကလည်း ကိုယ်တွေ ဘယ်လောက် ခက်ခဲ့သ လဲ ဆိုတာ ကိုယ်တွေပဲ အသိဆုံးလေ။ ဒီတော့ ကိုယ်က အကြွေးပေးတော့ မယ်လို့ ဆုံးဖြတ် ရင်လည်း လွယ်လွယ် မပေးပါနဲ့ဦး။

အကြွေးပြန်ပေးသင့်၊ မပေးသင့် ဒီအချက်တွေနဲ့ဆုံးဖြတ် ပါဦး။ ဒီအချက်တွေ ထဲက တော်တော်များများနဲ့ မကိုက်ညီ ဘူးဆို ရင်တော့ သူ ဘယ်လိုပဲေ တာင်းတောင်း ပြန်မပေးတာ အကောင်းဆုံးပါ။

(၁)။ သူ့မှာပိုက်ဆံတွေအများကြီးရှိနေရင်

ကိုယ်က အကြွေးပေးရမယ့် သူမှာ ပိုက်ဆံတွေ အများကြီး ရှိနေရင်၊ ဒါမှမဟုတ် သူ့မှာ အရမ်းဝင်ငွေတွေကောင်းနေရင် အကြွေးပြန် မဆပ်ပါ နဲ့ဦး။

ကိုယ်မဆပ်လည်း သူ့မှာ သုံးစရာ ရှိနေတာ ပဲလေ။ မဟုတ်ဘူးလား။ သူ့ကို အကြွေးဆပ်မယ့် အစား အဲဒီ ပိုက်ဆံလေး ကိုယ့်ဘာသာ ကိုယ်ပဲ သုံးလို က်ပါ။ သူလည်း စိတ်မဆိုးလောက် ပါဘူး။

(၂)။ သင့်ကို ဒရာမာချိုးနေတယ်လို့ခံစားရရင်

သူ့ရည်းစားက ကင်ဆာဖြစ်နေပြီ ၊ သူ့ဦးလေးက ဆေးရုံပေါ်မှာ ၊ သူ့ညီလေးက နိုင်ငံခြားသွားရတော့မှာ ..စသဖြင့် မဟုတ်က ဟုတ်က ဇာတ်လမ်းတွေဆင်ပြီး သင့်ဆီက အကြွေးရဖို့ ကြိုးစားနေတယ်ဆိုတာ သိရင် မဆပ်ပါနဲ့ဦး။

ဘယ်သူပဲဖြစ်ဖြစ် ရိုးသားမှုကို အခြေခံပြီး အလုပ်လုပ်ကြတာလေ။ ဒီတော့ ကိုယ့်ကို ဒရာမာချိုးပြီး အကြွေးတောင်းနေတယ်ဆိုရင် သူက ရိုးသားမှု မရှိတာပဲ။ အကြွေးမဆပ်သင့်သေးဘူး။

(၃)။ ဆဲဆိုကြိမ်းမောင်းပြီး အကြွေးတောင်းနေတယ်ဆိုရင်

အကြွေးတောင်းတာပဲ။ အေးဆေးပြောပြီးတောင်းလည်းရတာကို လူကြားသူကြားထဲမှာ အော်ဟစ်၊ဆဲဆို အကြွေးတောင်းနေတယ်ဆိုရင် မဆပ်ပါနဲ့။

သူ့အမှားကို သူ သိတဲ့အထိ အချိန်တစ်ခု စောင့်လိုက်ပါဦး။ သူ့ကြောင့် သင် အရှက်ကွဲရသလိုမျိုး၊ သူလည်း သင့်ဆီက အကြွေးမရတော့ဘူးထင်ပြီး အချိန်တစ်ခုလောက် ကြေကွဲနေပါစေ။

(၄)။ အကြွေးပေးရမယ့်သူက ကိုယ်ကြောက်ရမယ့်သူမဟုတ်ရင်

သင် အကြွေးပေးရမယ့် သူက သင့်ရဲ့အထက်က မန်နေဂျာလား။ သင့်ထက် အသက်ကြီးတဲ့ အမျိုးထဲက တစ်ယောက်ယောက်လား၊ ဒါမှမဟုတ် သင်ကြောက် ရမယ့် သူလား။

ဒီလိုမှမဟုတ်ပဲ သင် ပိုက်ဆံချေး ထားတဲ့ သူက အဲဒီလို ကြောက်ရမယ့် စာရင်းထဲမှာ မပါဘူးဆိုရင်တော့ မဆပ်ပါနဲ့ဦး။ ကိုယ်မဆပ်သေးလည်း သူက ကိုယ့်ကို ကြောက်အောင်လုပ်နိုင် တာမှ မဟုတ်တာ။ အေးဆေးပေါ့။

(၅)။ အကြွေးဆပ်ရမလား၊ ချစ်သူနဲ့ပျော်ရမလား ဝေခွဲရခက်နေမယ်ဆိုရင်

သင့်ဆီမှာ ပိုက်ဆံလေးရှိနေလို့ အကြွေးဆပ်ရင်ကောင်းမလား၊ ချစ်သူနဲ့ပျော်ရင်ကောင်းမလား ဝေခွဲရခက်နေပြီမဟုတ်လား။ အကြံပေး ပါ့မယ်နော်။

ချစ်သူနဲ့ပဲပျော် လိုက်ပါ။ အကြွေးကိုခဏလောက် မေ့ထားလိုက်ပါဦး။ အကြွေး ဆိုတာက ဘယ်အချိန် ဆပ်ဆပ် ရတယ်။ ချစ်သူ ဆိုတာက ပြတ်သွားရင် ပြန်တွဲဖို့ ခက်တာကြောင့် အကြွေးထက်ပိုပြီး ဦးစားပေးသင့်ပါတယ်။

Linn

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …