
သင့္ေကာင္မေလးက သင့္ကို အၿမဲသတိရေနေစဖို႔ နည္းလမ္း(၅)သြယ္
သင့္ကို ေကာင္မေလးတစ္ေယာက္က အၿမဲ သတိရေန တာမ်ိဳး မျဖစ္ေစခ်င္ ဘူးလား။ ဘယ္…မျဖစ္ေစခ်င္ပဲ ေနပါ့မလဲ လို႔ ျပန္ေျပာမွာ သိပါတယ္။
ဘယ္သူမဆို ကိုယ္ခ်စ္တဲ့ေကာင္မေလးတစ္ေယာက္က ကိုယ့္ကို အၿမဲသတိ ရေနတာမ်ိဳး မခံခ်င္ပဲ ဘယ္ေနပါ့မလဲ။ ကဲ.ဒီနည္းလမ္းေလးေတြကိုသုံးၿပီး သင့္ေကာင္မေလးက သင့္ကို အၿမဲသတိရေနေစဖို႔ ႀကိဳးစား လိုက္ပါေနာ္။
(၁)။ ႏွစ္ေယာက္အတူ ရွိေနတဲ့ အခ်ိန္ေတြကို ကန္႔သတ္ ထားပါ
သင္တို႔ႏွစ္ေယာက္ ခ်ိန္းေတြ႕တဲ့ အခ်ိန္က (၃)နာရီေလာက္ အခ်ိန္ကုန္ တယ္ဆိုရင္ အဲဒီထက္ ပိုၿပီး ၾကာၾကာမရွိေစဖို႔ ႀကိဳးစားပါ။ ဒီလိုမွ မဟုတ္ပဲ ႏွစ္ေယာက္ေတြ႕တဲ့ အခ်ိန္က်ရင္ တစ္ေန႔လုံးေတြ႕ၾက၊ မေတြ႕ရင္လည္း ရက္ေတြေတာ္ေတာ္ ၾကာေအာင္ မေတြ႕ၾက ဆိုရင္ သင္တို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ေအးစက္စက္ျဖစ္ေနမွာပါ။
သင့္္အေနနဲ႔ သတ္မွတ္ထားတဲ့ အခ်ိန္အတိုင္း ပုံမွန္ေလးေတြ႕မယ္ဆိုရင္ သင္တို႔ အတူရွိေန တဲ့အခ်ိန္ေတြက အမွတ္တရေလးေတြ အျဖစ္ သတိရေနေစ မွာျဖစ္ၿပီး သင့္အေၾကာင္းကို မၾကာခဏဆိုသလို သူ ေတြးမိေနပါ လိမ့္မယ္။
(၂)။ ဖုန္းေျပာတဲ့အခ်ိန္ေတြ ကိုလည္း ကန္႔သတ္ထားပါ
သင္တို႔ႏွစ္ေယာက္လုံးက ဖုန္းေျပာ ရတာကို သေဘာက်ၾက သူေတြ ဆိုရင္ေတာင္ ဖုန္းေျပာတဲ့ အခ်ိန္ေလးကိုေတာ့ ကန္႔သတ္ထား ဖို႔လို ပါလိမ့္မယ္။ ရွည္လ်ားတဲ့ ဖုန္းေျပာဆို မႈေတြက အခ်ိန္ေတြသာ ကုန္သြားေစၿပီး မွတ္ဉာဏ္ထဲ မွာေတာ့ ဘာမွ က်န္ခဲ့ မွာမဟုတ္ ပါဘူး။
သင့္အေနနဲ႔ အေကာင္းဆုံး လုပ္သင့္တာက ဖုန္းကို မိနစ္ အနည္းငယ္ ပဲ ေျပာဖို႔ျဖစ္ၿပီး အဲဒီမိနစ္အနည္းငယ္ကလည္း သူစိတ္ဝင္စားတဲ့ အေၾကာင္းအရာေတြပဲ ျဖစ္ဖို႔ လိုပါ လိမ့္မယ္။
(၃)။ သင္ စိတ္ဝင္စားတဲ့ ကိစၥေတြမွာ သူ႔ကိုပါဝင္ခိုင္းပါ
သင္က ေဘာလုံးကစားတာ စိတ္ဝင္စားတယ္၊ ဒါမွမဟုတ္ အားကစား တစ္ခုခု လုပ္ရတာ၊ ဒါမွမဟုတ္ ဓာတ္ပုံ႐ိုက္ ရတာ ဆိုရင္ သင္စိတ္ဝင္ စားတဲ့ ကိစၥေတြမွာ သူ႔ကိုလည္း ပါဝင္ခိုင္းပါ။
သင္ စိတ္ဝင္စားတာေတြက သူမသိေသးတဲ့ ကိစၥေတြဆိုရင္ ပိုေကာင္းၿပီး သင္နဲ႔အတူ ပါဝင္ခြင့္ရတဲ့အတြက္ အမွတ္တရ ျဖစ္ေနမွာပါ။ အဲဒီလို အခ်ိန္မ်ိဳးနဲ႔ ႀကဳံႀကိဳက္တိုင္းလည္း သင့္ကို သူ သတိရေနပါလိမ့္မယ္။
(၄)။ သူ႔ကိုဦးစားေပးပါ
ဘယ္လိုကိစၥမ်ိဳးပဲျဖစ္ျဖစ္ သူ႔ကို ပထမေနရာမွာ ထားၿပီးေတာ့သာ ဦးစားေပးပါ။ သူ႔ကို ဦးစားေပးတာ၊ အေလးထားတာေတြကို သူခံစားလာ ရတာနဲ႔အမွ် သင္နဲ႔အတူ ရွိမေနတဲ့အခ်ိန္ေတြ ဆိုရင္ တစ္ခုခု လိုအပ္ေနသလို ခံစားရမွာပါ။
အထူးသျဖင့္ သူ႔ကိုဦးစား မေပးတတ္တဲ့ သူေတြနဲ႔ အတူရွိေနေလေလ သင့္ကို ပိုၿပီး သတိရေနေလေလ ျဖစ္မွာ အမွန္ပါပဲ။
(၅)။ သူ႔အေၾကာင္း သိသမွ်အကုန္မေျပာပါနဲ႔
သင့္အေနနဲ႔ သူ႔ရဲ႕ေကာင္းကြက္ ေတာ္ေတာ္မ်ားမ်ားကို သိထားတယ္ ဆိုရင္ေတာင္ အကုန္လုံး တစ္ခါတည္းထုတ္ၿပီး မခ်ီးက်ဴးပါနဲ႔ ။ တိုက္ဆိုင္တဲ့ အခ်ိန္မွာမွ သူ႔ကို ခ်ီးက်ဴးတာ၊ သူ႔ရဲ႕ေကာင္းကြက္ေလးေတြကို ထုတ္ေျပာ တာမ်ိဳး လုပ္သင့္ ပါတယ္။
အဲဒီလို လုပ္တာက သူ႔အေၾကာင္းကို သင္ အမ်ားႀကီး သိထားတယ္ ဆိုတာ ထုတ္ေျပာ လိုက္သလို ပါပဲ။ သူ႔စိတ္ထဲမွာ သင္က အခ်ိန္ေတာ္ေတာ္ မ်ားမ်ား ေနရာယူေနေတာ့ မွာပါ။
(၆)။ သင့္ကိုသတိရေစမယ့္လက္ေဆာင္ေလးေတြေပးပါ
သူ႔အတြက္ ပန္းစည္းေတြ၊ စားစရာေတြ စတဲ့ ခဏေလးနဲ႔ ေပ်ာက္သြားမယ့္ အရာေတြကို ေပးတာမ်ိဳးထက္ သင့္ကို အၾကာႀကီး သတိရေန ေစမယ့္ လက္ေဆာင္မ်ိဳးကို ေပးတာ ပိုေကာင္း ပါတယ္။
သူ ေန႔တိုင္းကိုင္ဖို႔ အတြက္ ဖုန္းတစ္လုံး လက္ေဆာင္ေပး တာမ်ိဳး၊ ခ်စ္စရာေကာင္းတဲ့ အက်ႌေလးေတြ ေပးတာမ်ိဳး..စသျဖင့္ သူ အသုံးမ်ားတဲ့ ပစၥည္းမ်ိဳးကို လက္ေဆာင္ အျဖစ္ေပးျခင္း ကေန သူ႔ရဲ႕ သတိရမႈကို သင္ အရယူ ႏိုင္မွာပါ။
Linn
Unicode
သင့်ကောင်မလေးက သင့်ကို အမြဲသတိရနေစေဖို့ နည်းလမ်း(၅)သွယ်
သင့်ကို ကောင်မလေးတစ်ယောက်က အမြဲ သတိရနေ တာမျိုး မဖြစ်စေချင် ဘူးလား။ ဘယ်…မဖြစ်စေချင်ပဲ နေပါ့မလဲ လို့ ပြန်ပြောမှာ သိပါတယ်။
ဘယ်သူမဆို ကိုယ်ချစ်တဲ့ကောင်မလေးတစ်ယောက်က ကိုယ့်ကို အမြဲသတိ ရနေတာမျိုး မခံချင်ပဲ ဘယ်နေပါ့မလဲ။ ကဲ.ဒီနည်းလမ်းလေးတွေကိုသုံးပြီး သင့်ကောင်မလေးက သင့်ကို အမြဲသတိရနေစေဖို့ ကြိုးစား လိုက်ပါနော်။
(၁)။ နှစ်ယောက်အတူ ရှိနေတဲ့ အချိန်တွေကို ကန့်သတ် ထားပါ
သင်တို့နှစ်ယောက် ချိန်းတွေ့တဲ့ အချိန်က (၃)နာရီလောက် အချိန်ကုန် တယ်ဆိုရင် အဲဒီထက် ပိုပြီး ကြာကြာမရှိစေဖို့ ကြိုးစားပါ။ ဒီလိုမှ မဟုတ်ပဲ နှစ်ယောက်တွေ့တဲ့ အချိန်ကျရင် တစ်နေ့လုံးတွေ့ကြ၊ မတွေ့ရင်လည်း ရက်တွေတော်တော် ကြာအောင် မတွေ့ကြ ဆိုရင် သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးက အေးစက်စက်ဖြစ်နေမှာပါ။
သင့််အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပုံမှန်လေးတွေ့မယ်ဆိုရင် သင်တို့ အတူရှိနေ တဲ့အချိန်တွေက အမှတ်တရလေးတွေ အဖြစ် သတိရနေစေ မှာဖြစ်ပြီး သင့်အကြောင်းကို မကြာခဏဆိုသလို သူ တွေးမိနေပါ လိမ့်မယ်။
(၂)။ ဖုန်းပြောတဲ့အချိန်တွေ ကိုလည်း ကန့်သတ်ထားပါ
သင်တို့နှစ်ယောက်လုံးက ဖုန်းပြော ရတာကို သဘောကျကြ သူတွေ ဆိုရင်တောင် ဖုန်းပြောတဲ့ အချိန်လေးကိုတော့ ကန့်သတ်ထား ဖို့လို ပါလိမ့်မယ်။ ရှည်လျားတဲ့ ဖုန်းပြောဆို မှုတွေက အချိန်တွေသာ ကုန်သွားစေပြီး မှတ်ဉာဏ်ထဲ မှာတော့ ဘာမှ ကျန်ခဲ့ မှာမဟုတ် ပါဘူး။
သင့်အနေနဲ့ အကောင်းဆုံး လုပ်သင့်တာက ဖုန်းကို မိနစ် အနည်းငယ် ပဲ ပြောဖို့ဖြစ်ပြီး အဲဒီမိနစ်အနည်းငယ်ကလည်း သူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေပဲ ဖြစ်ဖို့ လိုပါ လိမ့်မယ်။
(၃)။ သင် စိတ်ဝင်စားတဲ့ ကိစ္စတွေမှာ သူ့ကိုပါဝင်ခိုင်းပါ
သင်က ဘောလုံးကစားတာ စိတ်ဝင်စားတယ်၊ ဒါမှမဟုတ် အားကစား တစ်ခုခု လုပ်ရတာ၊ ဒါမှမဟုတ် ဓာတ်ပုံရိုက် ရတာ ဆိုရင် သင်စိတ်ဝင် စားတဲ့ ကိစ္စတွေမှာ သူ့ကိုလည်း ပါဝင်ခိုင်းပါ။
သင် စိတ်ဝင်စားတာတွေက သူမသိသေးတဲ့ ကိစ္စတွေဆိုရင် ပိုကောင်းပြီး သင်နဲ့အတူ ပါဝင်ခွင့်ရတဲ့အတွက် အမှတ်တရ ဖြစ်နေမှာပါ။ အဲဒီလို အချိန်မျိုးနဲ့ ကြုံကြိုက်တိုင်းလည်း သင့်ကို သူ သတိရနေပါလိမ့်မယ်။
(၄)။ သူ့ကိုဦးစားပေးပါ
ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် သူ့ကို ပထမနေရာမှာ ထားပြီးတော့သာ ဦးစားပေးပါ။ သူ့ကို ဦးစားပေးတာ၊ အလေးထားတာတွေကို သူခံစားလာ ရတာနဲ့အမျှ သင်နဲ့အတူ ရှိမနေတဲ့အချိန်တွေ ဆိုရင် တစ်ခုခု လိုအပ်နေသလို ခံစားရမှာပါ။
အထူးသဖြင့် သူ့ကိုဦးစား မပေးတတ်တဲ့ သူတွေနဲ့ အတူရှိနေလေလေ သင့်ကို ပိုပြီး သတိရနေလေလေ ဖြစ်မှာ အမှန်ပါပဲ။
(၅)။ သူ့အကြောင်း သိသမျှအကုန်မပြောပါနဲ့
သင့်အနေနဲ့ သူ့ရဲ့ကောင်းကွက် တော်တော်များများကို သိထားတယ် ဆိုရင်တောင် အကုန်လုံး တစ်ခါတည်းထုတ်ပြီး မချီးကျူးပါနဲ့ ။ တိုက်ဆိုင်တဲ့ အချိန်မှာမှ သူ့ကို ချီးကျူးတာ၊ သူ့ရဲ့ကောင်းကွက်လေးတွေကို ထုတ်ပြော တာမျိုး လုပ်သင့် ပါတယ်။
အဲဒီလို လုပ်တာက သူ့အကြောင်းကို သင် အများကြီး သိထားတယ် ဆိုတာ ထုတ်ပြော လိုက်သလို ပါပဲ။ သူ့စိတ်ထဲမှာ သင်က အချိန်တော်တော် များများ နေရာယူနေတော့ မှာပါ။
(၆)။ သင့်ကိုသတိရစေမယ့်လက်ဆောင်လေးတွေပေးပါ
သူ့အတွက် ပန်းစည်းတွေ၊ စားစရာတွေ စတဲ့ ခဏလေးနဲ့ ပျောက်သွားမယ့် အရာတွေကို ပေးတာမျိုးထက် သင့်ကို အကြာကြီး သတိရနေ စေမယ့် လက်ဆောင်မျိုးကို ပေးတာ ပိုကောင်း ပါတယ်။
သူ နေ့တိုင်းကိုင်ဖို့ အတွက် ဖုန်းတစ်လုံး လက်ဆောင်ပေး တာမျိုး၊ ချစ်စရာကောင်းတဲ့ အင်္ကျီလေးတွေ ပေးတာမျိုး..စသဖြင့် သူ အသုံးများတဲ့ ပစ္စည်းမျိုးကို လက်ဆောင် အဖြစ်ပေးခြင်း ကနေ သူ့ရဲ့ သတိရမှုကို သင် အရယူ နိုင်မှာပါ။
Linn
No Comments