” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …
” သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား “ ကျွန်မတို့ လူမျိုး အများစုရဲ့ အမူအကျင့် တစ်ခုကတော့ ပစ္စည်း တစ်ခုခုကို မပျက်ယွင်းမချင်း သုံးနေတတ်တာပါပဲ ရက်လွန်တာ မလွန်တာ မသိ မပျက်စီးသ၍ မလဲလှယ် တတ်ကြပါ။ ဒါဟာ မှားယွင်းတဲ့ အယူအဆ တစ်ခုပါ။ ။ အချို့ ပစ္စည်းတွေက မပျက်စီးသော်လည်း မကြာခဏ လဲလှယ် သင့်တာမျိုးပါ။ မလဲပဲ ပေတေ အသုံးပြုမိရင် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်။ သင့် ခေါင်းအုံး သင် ညစဉ် အိပ်စက်နေသည့် သင့် အိပ်ယာမှ သင့် ခေါင်းအုံး တစ်လုံးကို …
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …
မြင်းနှစ်ဖွား (၁၉၃၀၊ ၁၉၄၂၊ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၉၀၊ ၂၀၀၂၊ ၂၀၁၄) များအတွက် ဟောစာတမ်း မြင်းနှစ်ဖွားသည် တရုတ်ဒဏ္ဍာရီ တိရိစ္ဆာန်များထဲတွင် သတ္တမမြောက်သောနှစ်ဖွား ဖြစ်လေသည်။ မြင်းသည် မိုးနတ်မင်း၏ ပါတီအစည်းအဝေးသို့ သွားရာလမ်းခရီးတွင် သင်္ချိုင်းတစ်ခုကို ဖြတ်ကျော်ရလေသည်။ မြင်းသည် အလွန်အမင်းကြောက်ရွံ့သောကြောင့် ဖြတ်ရန် တွန့်ဆုတ်နေလေသည်။ နောက်ဆုံး ဖြတ်ကျော်လာပြီးသောအခါ အရှိန်အဟုန်ပြေးပြီး လာပေမယ့် အရှေ့မှာ ၆ ဉီးက ရောက်ရှိနေပြီး ဖြစ်သောကြောင့် မြင်းက သတ္တမမြောက်သောနှစ်ဖွားဖြစ်လာလေသည်။ မြင်းနှစ်ဖွားများသည် ခွန်းအာပြည့်စုံပြီး သွက်လက်လှုပ်ရှားသူများ ဖြစ်ကြသည်။ စည်းစိမ်ဥစ္စာနှင့် ကျော်ကြားမှုထက် ပျော်ရွှင်မှုကို ပိုလိုလားသူများ ဖြစ်ကြသည်။ သူတို့သည် ဒေါသကြီးသူများ ဖြစ်ကြသော်လည်း ကိစ္စတစ်ခုဖြစ်ပြီးလျှင် …
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …
အနန္တစကြာဝဠာက ထူးခြားဆန်းကြယ်လှတဲ့ တွင်းနက်ကြီး (Black Hole)များ တွင်းနက်ကြီး (Black Hole) ဆိုတာ ငယ်ငယ်ထဲက ကြားဖူးတယ်။ အကာသထဲမှာရှိပြီး စုပ်ယူမျိုချနေတဲ့ တွင်းပေါက်ကြီးလို့ ယေဘူယျနားလည်တယ်။ သိပ္ပံပညာရှင်တွေက ဖြစ်နိုင်ချေရှိတဲ့ “ တွင်းနက်ကြီး ” ဓါတ်ပုံကို ထုတ်ပြန်နိုင်ခဲ့လို့ လူမှုကွန်ယက်မှာ “ တွင်းနက်ကြီး ” ဓါတ်ပုံတွေကို တအံတဩကြည့်ခွင့်ရကြတယ်။ အကြမ်းအားဖြင့် “ တွင်းနက်ကြီး ” ဆိုတာ (အကာသအချိန်)ထဲမှာရှိတဲ့ ဆွဲငင်အားအလွန်ပြင်းထန်ပြီး အာကာသအမှုန်အမွှား ရေဒီယိုသံလိုက်စက်ကွင်းနဲ့ အလင်းရောင်ကို စုပ်ယူဝါးမျိုနိုင်ပြီး သူ့အထဲရောက်သွား ရင်လုံးဝပြန်ထွက်မရတဲ့ စကြာဝဠာထဲက သီးခြားနေရာတခုဟု နားလည်တယ်။ “ အကာသအချိန် ” ဆိုတာ သင်္ချာသဘောအရ “ …
ဝဋ်ကြွေး ၁၉ ချက်အကြောင်း သိကောင်းစရာများ ၁. ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများ ဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်းတော်ကြီးများကို သင်္ကန်းကပ်လှုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ၂. ဘာလို့ ဒီဘဝမှာ အစားအသောက်ကောင်းများဖြင့် နေရပါသလဲ ဆိုတော့ အရင်ဘဝက မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။ ၃. ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက သင်ဟာ ကပ်စေးနှဲ ကော်တရာဖြစ်ပြီး အလှုမလုပ်ခြင်းကြောင့် ဖြစ်သည်။ ၄. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ အရင်ဘဝက ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။ ၅. ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး …
မြွေနှစ်ဖွား (၁၉၂၉၊ ၁၉၄၁၊ ၁၉၅၃၊ ၁၉၆၅၊ ၁၉၇၇၊ ၁၉၈၉၊ ၂၀၀၁၊ ၂၀၁၃) များ အတွက် ဟောစာတမ်း မြွေသည် ရာသီခွင်တိရစ္ဆာန်အားလုံး၏ ဆဋ္ဌမမြောက်ဖြစ်သည်။ တနေ့သောအခါ မိုနတ်မင်းကြီးက ၎င်း၏ပါတီအစည်းအဝေးသို့ ရောက်ရှိလာပုံကိုမူတည်၍ တရုတ်ရာသီခွင်ကို ဆုံးဖြတ်ပေးမည်ဟုပြောကြားလေသည်။ မြွေနှင့် နဂါးသည် ရုပ်ရည်သွင်ပြင်တူသည့်အလျောက် သူငယ်ချင်းကောင်းများလည်း ဖြစ်ကြသည်။ အဆုံးအဖြတ် အစည်းအဝေးသို့ အတူတူရောက်လာလေသည်။ သို့သော် မိုးနတ်မင်းကြီးက ခန္ဓာကိုယ်အရွယ်အစားကြီးသော နဂါးကို အရင်မြင်သောကြောင့် နဂါးသည် ပဉ္စမမြောက်ဖြစ်လာပြီး မြွေသည်ကား ဆဌမမြောက်ဖြစ်လာလေသည်။ ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက်လက္ခဏာများ မြွေများသည် ဟာသဆန်ပြီး ထူးခြားသည်။ အသေးအမွှားလေးတွေကအစ အမှားပါတာ မနှစ်သက်ကြဘူး။ အလုပ်ကိုလည်း သူတစ်ပါးအကူအညီမသုံးပဲကိုယ်ကိုတိုင်လုပ်ကြသည်။ တစ်နည်းအားဖြင့် တစ်ပါးသူများကို …
ကြောင်နံ့သာ ( သို့ ) စိတ်ဝင်စားစရာကောင်းတဲ့ ကြောင်ကတိုး အကြောင်း သိကောင်းစရာ တနေ့က ညဆယ်နာရီ ကျော်ကျော်လောက်မှာမှ သမီး အကြီးမလေးက ဘာဂါစားချင်ပါတယ် ဆိုပြီး ဂျီနေလို့ အပြင်မထွက်ချင်တော့ပဲ ပျင်းနေတဲ့စိတ်ကို အသာချိုးနှိမ်ပြီး သွားဝယ်ရပါတယ်။ ဘာဂါဆိုင်က ဆဲဗင်းအလဲဗင်း ဆိုင်ကို အမှီပြု ဖွင့်ထားတာ ဖြစ်ပြီး ညပိုင်းမှသာ ထွက်ပါတယ်။ စေတနာနဲ့ လက်ရာလေးက ကောင်းတော့ အဲဒီ ဘာဂါဆိုင်မှာစောင့်နေတဲ့သူ သုံးလေးယောက်တော့ အမြဲလိုလို ရှိတတ်ပါတယ်။ ထုံးစံ အတိုင်း ကိုယ့်ရှေ့က မှာထားတဲ့သူတွေ စောင့်နေရတာနဲ့ပဲ နာရီဝက်သာသာ လောက်တော့ ကြာသွား လို့ အိမ်ကို အမြန်ရောက်ချင်ဇောနဲ့ မီးပွိုင့်ကို ရှောင်ချင်တာကြောင့် လမ်းမကြီးကမမောင်းတော့ဘဲ …
စိတ်ညစ်စရာ ပြဿနာဒုက္ခတွေကြုံတွေ့ လာတိုင်းကုသိုလ် တစ်ခုခုအမြဲပြုပါ ထူးခြားပါလိမ့်မည် ဒီနေ့တော့စမယ့် ဒုက္ခကြုံတိုင်း ကုသိုလ်တစ်ခု လုပ်ပါဆိုတဲ့ ဒီ Post လေးကို စာပေချစ်သူတွေ အကျိုးရှိမယ် ထင်လို့ အရှင်ဇဝန account မှ ပေးပို့လာတဲ့ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်… တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ်၏ မယ်တော်ကြီးသည် မိမိ နေအိမ် မီးလောင်သွားသော ကြောင့်သာ ဦးဇင်းထံသို့ ပြေးလာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ မရှိရှာပါဘူး။ အဲဒိအတွက် သားဦးဇင်း ထံ အားကိုး တကြီး နဲ့ ပြေး လာတာ ပါ ။ အဲဒိ အချိန်မှာ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |